Monday, October 26, 2009

MoeMaKa Daily - 25th OCT 2009

MoeMaKa Daily - 25th OCT 2009                                                                                                                                                

Friday, October 23, 2009

ABSDF အဖြစ် ထောင်ဒဏ် ၃၈နှစ်ခဵခံရသူ ၇ ဦးကို နောက်တိုး ၃မှုနဲႛ တရားထပ်စွဲ

ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF ရဲ့ ဗဟိုကော်မတီဝင်တွေဆိုကာ
ဖောက်ခွဲရေးပုဒ်မတွေနဲ့ ပြည်မြို့တရားရုံးကနေ ၂၀၀၈ ခုနှစ်တုန်းက ထောင်ဒဏ် ၃၈ နှစ်ချခံထားရသူ
၇ ဦးကို နောက်ထပ် အမှုသုံးခုနဲႛ ထပ်ပြီး တရားစွဲဖို့ဆိုပြီး အခု အင်းစိန်ထောင်ကို ပြောင်းရွေႚထားတယ်လိုႛ သိရပၝတယ်။
  
ကိုအေးမင်းနိုင်၊ ကိုဇော်လင်း၊ ကိုကေဵာ်ဇင်ဦး၊ ကိုကေဵာ်စွာလင်း၊ ကိုထက်ကိုလွင်၊ မစန်းစန်းမော် နဲႛ ေဒၞခင္ရီတိုႛ ဖြစ်ပြီး သူတိုႛကို ပြည်မြိုႚမှာ စီရင္ခဵက္ခဵကာ သာယာဝတီေထာင္မွာ အကဵဥ္းခဵထားရာကေန ခုလို ရန္ကုန္ေထာင္ကို ေ႟ၿႛလိုက္ရတာ ဖြစ်ပၝတယ်။ 

အပြည့်အစုံကို .. . .. 

Tuesday, October 20, 2009

MoeMaKa Daily e Newspaper - 19th OCT 2009

MoeMaKa Daily e Newspaper - 19th OCT 2009

“မင်းကိုနိုင် (သို့မဟုတ်) ပေါ်ဦးထွန်း ပုံရိပ်”

သူ့အနေနဲ့ နိုင်ငံရေးကို တသက်လုံး လုပ်ဖို့ မရှိဘူး။ ကျွန်တော်တို့ တိုင်းပြည် မှန်ကန်တဲ့ လမ်းကြောင်းမှာ ရောက်နေပြီဆိုရင် အနားယူပြီး အနုပညာအလုပ်တွေနဲ့ ဘ၀ကို အချိန်ကုန်ချင်တယ်ဆိုတဲ့ အကြောင်းကို ပြောပါတယ်။ ကျွန်တော်လည်း သူပြောတာကို သဘောတူလက်ခံပါတယ်ဆိုတဲ့ အကြောင်းပြောပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်း လုပ်သင့်လုပ်ထိုက်လို့ ကာလတခုကို ၀င်ပြီး နိုင်သလောက် ထမ်းကြည့်တာ။ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ အေးအေးဆေးဆေး ဖြစ်ရင်တော့ ဘ၀မှာ ဒိပြင် ကိုယ်ဝါသနာပါရာ၊ ပျော်မွေ့ရာနဲ့ ဖြတ်သန်းနေထိုင်မှာပါပဲလို့ ကျွန်တော်ကဆိုတော့၊ သူက “ဟုတ်ပြီးဗျာ၊ ခင်ဗျားက ကျွန်တော့်ရဲ့ သက်သေနော်။ ကျွန်တော်တချိန်ရောက်လို့ နားချင်ပြီလို့ ကျွန်တော်ပြောတဲ့အခါ၊ ကန့်ကွက်သူတွေ ရှိရင်၊ ခင်ဗျားက သက်သေလိုက်ပေးနော်” လို့ သူက ၀မ်းသာအားရ ပြောခဲ့တယ်။
Min Ko Naing

View MoeMaKa Daily e Newspaper - 18th OCT 2009

MoeMaKa Daily e Newspaper - 18th OCT 2009

Wednesday, October 14, 2009

ဖိတ်ကြားအပ်ပါသည်

ဆစ်ဒနီရောက် မျိုးချစ် မြန်မာအမျိုးသမီးများ သို.

Janelle Saffin (federal Member of Parliament for Page) invites all Women of Australia to
Gather for democracy in support of Aung San Suu Kyi and the people of Burma.
Date: Tuesday 27th October 2009
Time: 12:15 arrival, 12:30-12:45pm event
Where: the forecourt, Sydney Opera House
Join Janelle Saffin, Therese Rein (wife to the Prime Minister) and Lucy Turnbull (wife to the Leader of the Opposition) and other women at the Opera House to show your support for Daw Aung San Suu Kyi and the people of Burma.
This event is supported by the Prime Minister- Kevin Rudd
Please share this invitation with women from Burma and other woman in Australia.
RSVP at http://www.janellesaffin.com.au/register
Event hotlines: 0427 511 224 and 0410 686 000
For more information go to http://www.janellesaffin.com.au/stand-for-freedom

Tuesday, October 13, 2009

သားအတွက် သတင်းမေးသွားသူ ဖခင်ကို ရဲက ရိုက်နှက်လို့ သေဆုံး

မဇ္ဈိမ(ချင်းမိုင်) ။ ။ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး လက်မှတ်ထိုး ကန်ပိန်းလှုပ်ရှားသော သားငယ် ဖမ်းဆီးခံထားရ၍ သတင်းသွားမေးသူ ဖခင်ကို ရဲက ရိုက်နှက်၍ သေဆုံးမှုတခု မြောက်ဥက္ကလာပ မြို့နယ်တွင် ဖြစ်ပွားခဲ့ကြောင်း သေသူ၏ မိသားစုဝင်များက ပြောသည်။

ရန်ကုန်တိုင်း မြောက်ဥက္ကလာပမြို့နယ်ရဲစခန်းတွင် ဖမ်းခံထားရသူ မောင်သက်ဦးမောင်အတွက် သွားရောက်စုံစမ်းသူ အမှတ် ၂ ရပ်ကွက်နေ ဦးကျော့မောင် (အသက် ၅၆ နှစ်)ကို ရဲတပ်သား ပန်းသီးနှင့် ရယက ရာအိမ်မှူးဟောင်း ကိုဝင်းချိုတို့က သုမာလာလမ်းဆုံအနီးတွင် အောက်တိုဘာလ ၈ ရက်နေ့ မွန်းလွဲတွင် ဝိုင်းရိုက်ခဲ့ရာမှ သေဆုံး သွားခဲ့ခြင်း ဖြစ်သည်ဟု မိသားစုဝင်က ပြောသည်။

မြို့နယ်အတွင်း ဟိုလေးတကြော် ဖြစ်နေသည့် အခင်းဖြစ်ပွားမှုနှင့် ပတ်သက်၍ သေသူ၏မိသားစုနှင့် ရင်းနှီးသူ တရပ်ကွက်ထဲနေ မျက်မြင်တဦးက “သုမာလာ လမ်းဆုံနား ရောက်တော့ ကိုဝင်းချိုနဲ့ ရဲက လက်ထိပ်ခတ်လိုက်တယ်။သူက (ဦးကျော့မောင်က) ဘာလို့ လက်ထိပ်ခတ်တာလဲလို့ ပြောတော့။ ရဲက အမှတ်တမဲ့ ပါးစပ်ကို ထိုးချလိုက်တော့ ပစ်လဲသွားတယ်။ နောက် လည်ပင်းကို တက်နင်း တယ်။ ဗိုက်ကိုကန်လိုက်တော့ သတိလစ်သွားတယ်။ ဆံပင်ကို ကောက်ဆွဲပြီးတော့ လွှဲချလိုက် တယ်။ ခေါင်း ကို ကတ္တရာလမ်းနဲ့ စောင့်ရိုက်သလို ဖြစ်သွားတယ်” ဟုပြောသည်။

အပြည့်အစုံကို . . .

စင်္ကာပူသံရုံးမှဥပဒေချိုးဖေါက်မှုဗီဒီယိုမှတ်တမ်း မေ ၁ ရက်နေ့

Monday, October 12, 2009

Sunday, October 11, 2009

MoeMaKa Daily e Newspaper - 10th OCT 2009

MoeMaKa Daily e Newspaper - 10th OCT 2009

ဒေါ်အောင်ဆန်းစုကြည် အနောက်တိုင်းသံတမန်တွေနဲ့ တွေ့ဆုံ

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ၉။၁၀။၂၀၀၉ က အမေရိကန် ပြည်ထောင်စု၊ ဗြိတိန်နဲ့ သြစတြေးလျ နိုင်ငံ သံအရာရှိတွေကို ရန်ကုန်မြို့က မြန်မာအစိုးရ ဧည့်ဂေဟာမှာ တွေ့ဆုံခဲ့ပါတယ်။ မြန်မာနိုင်ငံအပေါ် အနောက်နိုင်ငံ တွေရဲ့ အရေးယူ ပိတ်ဆို့ ဒဏ်ခတ်မှုတွေနဲ့ ပတ်သက်ပြီး ပူးပေါင်း ဆောင်ရွက်နိုင်ရေးအတွက် သတင်း အချက်အလက်တွေ ရယူဖို့ ဒေါ်အောင်ဆန်းစုကြည် ဘက်က တောင်းဆိုချက်အတိုင်း စစ်အစိုးရ က ဒီလိုတွေ့ဆုံနိုင်အောင် စီစဉ်ပေးခဲ့တာ ဖြစ်ပါတယ်။

သောုကာနေ့ ၁၀ နာရီက အမေရိကန်သံရုံး ယာယီတာဝန်ခံ သောမတ်စ် ဗက်တာ (Thomas Vajta)၊ ဥရောပ နိုင်ငံတွေ ကိုယ်စား မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ်ကြီး အင်န်ဒရူးဟိန်း (Andrew Heyn)၊ သြစတြေးလျနိုင်ငံ ယာယီ သံရုံး တာဝန်ခံ ဒု သံအမတ်ကြီး ဆိုင်မွန် ခရစ်တိုဘာ စတား (Simon Christopher Starr) တို့ စိမ်းလဲ့ကန်သာ ဧည့်ဂေဟာမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တနာရီကျော်ကြာ တွေ့ဆုံခဲ့ကြပါတယ်။ ဒီလိုတွေ့ဆုံတဲ့အချိန်မှာ မြန်မာစစ်အစိုးရ အရာရှိတွေ လည်း တွေ့ဆုံချိန်မှာ ရှိနေခဲ့ပါတယ်။

မြန်မာနိုင်ငံအပေါ် အနောက်နိုင်ငံတွေရဲ့ ပိတ်ဆို့အရေးယူမှုတွေ ပြဋ္ဌာန်းထားတဲ့ ကိစ္စတွေနဲ့ပတ်သက်လို့ အဓိက ဆွေးနွေး ကြတာ ဖြစ်တယ်လို့ ဗြိတိန်နဲ့ အမေရိကန် သံရုံး ပြောရေးဆိုခွင့် ရှိသူတွေက ဗွီအိုအေကို ပြောပါတယ်။ နေ့ခင်းပိုင်းမှာ သံရုံးအရာရှိတွေ အဲန်အယ်လ်ဒီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို သွားပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံ ဆွေးနွေးခဲ့တာ တွေကို ရှင်းပြခဲ့ပါတယ်။ အဲန်အယ်လ်ဒီ ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်း က ဒီကိစ္စကို အခုလို ပြောပါတယ်။

"မနက် ၁၀ နာရီကနေ ၁၁ နာရီအထိကို သံအမတ်ကြီးတွေနဲ့တွေ့တယ်။ ယူအက်စ် ရယ်၊ သြစတြေးလျရယ်၊ ယူကေ ရယ်။ အဲဒါကို ညနေပိုင်းမှာ ကျနော်တို့ဆီကို လာရောက်ရှင်းပြပါတယ်။ အဲဒီသံမှူးကြီးတွေက။ အဓိက ကတော့ သူတို့ ရှင်းပြတဲ့ အသေးစိတ်တော့ ကျနော်တို့ ပြောလို့မရသေးပါဘူး။ ပြောနိုင်တာကတော့ ကျနော်တို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့စာမှာ ပါတဲ့ အချက် ၃ ချက်ပေါ့နော်။ ဘယ်လို sanction တွေလဲ၊ ဘယ်လောက် ထိတာလဲ၊ consequences (နောက်ဆက်တွဲ အကျိုးသက်ရောက်မှု) တွေက ဘာတွေလဲ။ အဲဒီအချက်အလက်တွေနဲ့ ပတ်သက်ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်က မေတ္တာ ရပ်ခံတယ်။ သူတို့ကလည်း အဲဒီအချက်အလက်တွေ ရဖို့ အစွမ်းကုန် ဆောင်ရွက်ပေးပါ့မယ်လို့ သူတို့ ကတိ ပေးခဲ့ကြ တယ်။ အဓိက က အဲဒါပါပဲ။"

ဒီလို မြန်မာနိုင်ငံအပေါ် အနောက်နိုင်ငံတွေရဲ့ အရေးယူ ပိတ်ဆို့မှုတွေနဲ့ ပတ်သက်ပြီး တွေ့ဆုံဆွေးနွေးပွဲကို နောက်တကြိမ် ထပ်ပြီး ကျင်းပနိုင်မယ်လို့ သံရုံးအရာရှိတွေဘက်က မျှော်လင့်တဲ့အကြောင်း ဦးဉာဏ်ဝင်းက ပြောပါတယ်။ ဒီလို ထိတွေ့ ဆက်ဆံမှု တွေ့ဆုံမှုတွေက တိုင်းပြည်အတွက် ပြည်သူတွေအတွက် အကျိုးရှိမယ်လို့ အဲန်အယ်လ်ဒီ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က သတ်မှတ်ထားပါတယ်။

Tuesday, October 6, 2009

အန်ဂျီအို ဆိုတဲ့ အစိုးမရ

ဆောင်းရာသီရောက်ရင် မဲဆောက်မြို့ကို နိုင်ငံခြားသားပညာရှင်တွေ၊ အလွတ်သတင်းထောက်တွေ၊ သာသနာပြုတွေ၊ ရန်ပုံငွေရှာသူတွေ ဖုံးလွှမ်းသွားတတ်ပါတယ်။ တည်းခိုခန်းတွေ၊ ဟိုတယ်ခန်းတွေ မအားတော့သလို အနောက်တိုင်း စားသောက်ဆိုင်တွေ၊ အနောက်တိုင်း ကော်ဖီဆိုင်တွေ ဘားဆိုင်တွေလည်း ပြည့်ကုန်ပါတယ်။ ဒုက္ခသည်စခန်း၊ မယ်တော်ဆေးခန်း၊ (အကျဉ်းသားကူညီရေးအဖွဲ့တို့လို) တက်ကြွလှုပ်ရှားသူတွေဆီ မဖြစ်မနေသွားကြလို့ ချောင်းပေါက်မတတ် ဖြစ်ရပါတယ်။ တိုင်းတပါးသား ကူညီကယ်ဆယ်ရေးအဖွဲ့သားတွေ၊ မြန်မာ့အရေး သို့မဟုတ် လူသားချင်းစာနာရေး တက်ကြွလှုပ်ရှားသူတွေ၊ စေတနာ့ဝန်ထမ်းသမားတွေ၊ စွန့်စွန့်စားစား ကြမ်းကြမ်းတမ်းတမ်း ဝါသနာပါသူတွေဟာ အနောက်တိုင်းအကြိုက် ကော်ဖီဆိုင် ဘားဆိုင်တွေထိုင်ရင်း ခေါင်းဖြတ်လူသတ်မှုတွေအကြောင်း၊ ဒုက္ခသည်စခန်းရန်ပုံငွေတွေ ဘုံးခံရတဲ့အကြောင်း၊ နအဖ-ထိုင်း-စီအိုင်အေ ထောက်လှမ်းရေးတွေအကြောင်း၊ မိုက်ကြေးခွဲငွေညှစ်မှု၊ လောင်းကစားမှု၊ လက်နက်ခဲယမ်း မူးယစ်ဆေးဝါး ပြည့်တန်ဆာနဲ့ လိင်မှုကိစ္စ အကြံအဖန်ရိုက် ခြစားမှုတွေအကြောင်း တယောက်ထက် တယောက်သာအောင် ကြောက်စရာအကောင်းဆုံး အဆိုးဆုံးဖြစ်ရပ်တွေကို ဖောက်သည်ချကြပါတယ်။

အပြည့်အစုံကို . . . 

ဗိုလ်ချုပ်မှူးကြီးသန်းရွှေအား ဗုဒ္ဓဘာသာဝင်အဖြစ်မှ ထုတ်ပယ်ကာ မိစ္ဆာဒိဋ္ဌိအဖြစ် သံဃာ့တပ်ပေါင်းစု သတ်မှတ်

  မြန်မာနိုင်ငံတွင် တာဝန်အရှိဆုံး ဦးသန်းရွှေအား ဗုဒ္ဓဘာသာအဖြစ်မှ ထုတ်ပယ်ကာ သာသနာဖျက် မိစ္ဆာဒိဋ္ဌိအဖြစ် သတ်မှတ်လိုက်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစုအဖွဲ့ကြီးက အောက်တိုဘာ (၅) ရက် ယနေ့ နေ့စွဲဖြင့် ကြေညာချက်တစောင် ထုတ်ပြန်လိုက်သည်။

ကြေညာချက်တွင် ယခုလ (၃) ရက်၊ သီတင်းကျွတ်လပြည့် ပ၀ါရဏာနေ့တွင် ပြည်တွင်းပြည်ပ သိမ်အသီးသီး၌ တတိယအကြိမ် ပတ္တနိက္ကုဇ္ဇနကမ္မ၀ါစာ ရွတ်ဆိုကာ အောင်မြင်စွာ သပိတ်မှောက်နိုင်ခဲ့ကြောင်းလည်း မြန်မာနိုင်ငံလုံးဆိုင်ရာ ရဟန်းပျိုသမဂ္ဂနှင့် သံဃာသာမဂ္ဂီအဖွဲ့တို့က တင်ပြထားသည်။

ယင်းသို့ တတိယအကြိမ် သပိတ်မှောက်ကံဆောင်နိုင်ခဲ့သော်လည်း သံဃာတော်များ တောင်းဆိုထားသည့်အချက်ကို နအဖစစ်အုပ်စုတွင် တာဝန်အရှိဆုံးဖြစ်သည့် ဦးသန်းရွှေက မလိုက်နာသည့်အပြင် သံဃာတော်များအား ဆက်လက်ဖမ်းဆီး၊ ထောင်ချ၊ နှိပ်စက်၊ ညှဉ်းပန်းသတ်ဖြတ်နေသည့်အတွက် ဦးသန်းရွှေ၊ ဒေါ်ကြိုင်ကြိုင်နှင့် ၎င်း၏မိသားစုတစုလုံးအား ဗုဒ္ဓဘာသာအဖြစ်မှ ထုတ်ပယ်လိုက်ကြောင်း၊ ဦးသန်းရွှေအား သာသနာကို ဖျက်ဆီးနေသည့် မိစ္ဆာဒိဋ္ဌိအဖြစ် သတ်မှတ်လိုက်ကြောင်း၊ ဦးသန်းရွှေသည် ဗုဒ္ဓဘာသာဝင်မှန်ပါက သံဃာတော်များ တောင်းဆိုချက်ကို လိုက်နာရမည်ဖြစ်ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။

အပြည့်အစုံကို . . .

Monday, October 5, 2009

ဒေါင်းတမာန်များ ပျံသန်းမြိုင်မြိုင်ချီ

Dr Lun Swe's Travelogue                                                                                                                            

MoeMaKa Daily e Newspaper - 4th Oct 2009

MoeMaKa Daily e Newspaper - 4th Oct 2009                                                                                                                            

Friday, October 2, 2009

အရှင်ဆန္ဒာဓိက

အရှင်ဆန္ဒာဓိက (ခ) ကိုညီညီစံကို စစ်ကြောရေးစခန်းတွင် ရိုက်နှက်ထားသည့် ဒဏ်ကြောင့် အူကျသည့် ဝေဒနာကို ခံစားနေရသည်။ စစ်ကြောရေးစခန်းမှ ရဲအုပ် ကျော်စိန်နှင့် ဒုရဲအုပ် ပြည်ခိုင်ဇော်တို့က ရိုက်နှက်ခဲ့ခြင်းဖြစ်ကြောင်း (၂၇) ရက်နေ့ တိုင်းတရားရုံတွင် ရုံးထုတ်သည့်နေ့က မိသားစုဝင်များကို အရှင်ဆန္ဒာဓိက က ပြောသည်။ “ဝါးစိမ်းတုတ်နဲ့ ရိုက်တာ အရိုးတွေ ကျိုးသွားတဲ့အထိ ရိုက်တာလို့ပြောတယ်၊ အဲဒီဒဏ်တွေကြောင့် အူကျတာတွေ ဖြစ်နေတယ်၊ လောလောဆယ် ထောင်ဆေးရုံမှာ ပြနေရတယ်” ဟု မိသားစုဝင်တဦးက ပြောသည်။ အာဏာပိုင်များက စစ်ကြောရေးစခန်းတွင် ရိုက်နှက်ကာ ဓါတ်ဆီလောင်း မီးရှို့ဆန္ဒပြရန် ကြံစည်ကြောင်း အတင်းကြပ် ထွက်ဆိုခိုင်းကြောင်း ၎င်းက ဆက်ပြောသည်။ အရှင်ဆန္ဒာဓိကကို အာဏာပိုင်များက ဒေါ်အောင်ဆန်းစုကြည် အမိန့်ချမှတ်ခံရသည့် ယခုလ (၁၁) ရက်နေ့က အင်းစိန်ထောင်ရှေ့ သွားရောက်ကြားနာပြီး အပြန်တွင် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ အရှင်ဆန္ဒာဓိက အဖမ်းခံရခြင်းနှင့်ပတ်သက်၍ “ဒေါ်အောင်ဆန်းစုကြည်ကို အင်းစိန်ရုံးထုတ်မှာ ဘယ်လိုအမိန့်ချမလဲဆိုတာ သွားနားထောင်ခဲ့တယ်၊ နောက်တော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးဘက်ကို လာပြီး သူ့ဒကာ၊ ဒကာမတွေကို နှုတ်ဆက်ပြီးတော့ ပြန်တဲ့အချိန်မှာ ကားအဖြူလေးနဲ့ လူသုံးယောက်က ဦးဇင်းကို အအေးကပ်ချင်လို့ဆိုတော့ ဦးဇင်းကလည်း ငါဘုန်းပေးတာ ပြည့်စုံပြီတဲ့၊ မလိုတော့ပါဘူးဆိုပြီး ပြောတာကို ဦးဇင်းကို ပြောစရာရှိလို့ပါတဲ့၊ မေးစရာလေးရှိလို့ပါဆိုပြီး ခေါ်သွားတာ” ဟု မိသားစုဝင်က ပြောသည်။ ယခုလက်ရှိ အရှင်ဆန္ဒာဓိကကို အင်းစိန်ထောင် အဆောင် (၃) အခန်း (၁) တွင် လူဝတ်လဲထားကာ သာသနာတော် ညှိုးနွမ်းစေသည့် ပုဒ်မဖြင့် ဒုရဲအုပ် ဇော်ဖုန်းဝင်းက တရားလိုပြုလုပ်ကာ တရားစွဲထားပြီး နောက်လ (၃) ရက်နေ့တွင် ရုံးချိန်း ထပ်မံချိန်းဆိုထားသည်။
http://www.yoma3.org/မှကူးယူဖေါ်ပြသည်
သာသနာတော်ကို လေးစားမြတ်နိုးသူတိုင်း အမြန်ဖြန်.ဝေပါ ......
အရှင်ဆန္ဒာဓိက (ခ) ကိုညီညီစံ(တစ်ခြားသူမဟုတ်ပါကျွန်တော်တို့လေးစားရသောဆရာတော်တစ်ပါးဖြစ်ပါတယ်)