Thursday, April 29, 2010

စာမြီး

စာ မြီးစရာ...

Above all, although I have never met her, the deepest gratitude is due to Daw Aung San Suu Kyi who is the inspiration behind all current Burmese protests against a corrupt and atrocious regime. Her doctrine of non-violence, her life-long espousal of Buddhist principles and perhaps above all her undaunted courge, have been and continue to be the well-spring from which the Burmese people are able to be refreshed and in turn are given the fortitude to carry on their lives in the midst of threats of violence, daily hardships and the ever-present and real danger of torture, and imprisonment without trial. They are the real Pecock's Children in the Golden Land.

From "The Pecock's Children"
by Dr. R.A.F Paul Webb

Monday, April 12, 2010

၂၀၁၀ ပိတောက်





၂၀၁၀ ပိတောက်
ကမာပုလဲ

နှစ်ရှည်လများ ဘယ်လိုအရပ်မျိုးမှာ
ခိုးခိုးပြီးပွင့်နေပါသလဲ အို … ပိတောက်
ငါ့ရဲ့ ရွှေအိုရောင် ပိတောက်တမ်းချင်းမှာ
အိပ်မက်တွေထဲ …
မင်းဟာ … အစိမ်းရောင်တွေနဲ့ ပွင့်တယ်။

ငါဟာ …
စိတ်ကူးယဉ်တောလား ရေးဖွဲ့ကျွမ်းသူ မဟုတ်ပါဘူး
ခေတ်တခေတ်ကို စေ့ငုကြည့်တဲ့အခါ
ရိုးပြတ်နဲ့ စက်ရုံကျေးလက်တွေထဲ ….
ငါ … မင်းကိုရှာခဲ့တယ်
ဧပြီလတိုင်းမှာပေါ့ …
စိတ်ကောက်ပြီး အရွဲ့တိုက်ပွင့်နေလည်း
စစ်မှန်တဲ့ မင်းရဲ့ကိုယ်သင်းရနံ့က …
ငါ့အပေါ် ထာဝရ မွေးမြနေဆဲမို့ပါ …။

ငါဟာ …
သူငယ်နှပ်စားတယောက်
(ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်)
ဒါပေမယ့်
မင်းကိုတော့ …
ငယ်ဘ၀ရဲ့ တပ်မက်မှုမျိုးနဲ့
ရိုးသားစွာ … ချစ်ခဲ့တယ်။

မရယ်နဲ့ … မာရီယာ
မင်း မရယ်ပါနဲ့ …
နှင်းတွေရဲ့ အနက်ရှိုင်းဆုံးအောက်ခြေထုမှာ
ဇာဘုရင်စနစ်ဆိုးကို သင်္ချိုင်းပို့ပစ်ခဲ့တဲ့
အောက်တိုဘာပန်းပွင့်တွေ … ပွင့်ခဲ့တယ်။

အေး … ဒီလိုပဲ
ငါတို့အရပ်ရဲ့ နွေဦးမတ်လတွေမှာလည်း
ဖက်ဆစ်ကို …
အမြစ်လှန်ပစ်လိုက်တဲ့ နှင်းဆီနီတွေ ပွင့်တယ်၊
များမကြာမီမှာ…
ပိတောက်တွေက ဂုဏ်ပြုအမှတ်တရ ပွင့်တယ်၊
ဒါဟာ …
ဖျောက်ပစ်လို့မရတဲ့ အစစ်အမှန် သမိုင်းပဲ …။

ငါ … ယုံကြည်တယ်
၂၀၁၀ မှာ …
မင်းဘာသာ ဘယ်နေရာမှာပဲ ပွင့်ပွင့်
အဲဒီပိတောက်တွေဟာ …
အေကေသေနတ်တလက်ရဲ့
တရားမျှတတဲ့ ဆာလောင်မွတ်သိပ်မှု သေနတ်ပြောင်းဝမှာ
သူ့ချစ်သူ ကျည်ရိုက်တံ မောင်းတုံးနဲ့
လှလှပပ ပွင့်လိမ့်မယ် …။ ။

ကမာပုလဲ
ဧပြီ၊ ၂၀၁၀။


- Posted using BlogPress

Friday, April 9, 2010

“နောက်ဆုံးတိုက်ပွဲနောင်ရိုးစိတ်ဓါတ်”

န.အ.ဖကတော့ ရွေးကောက်ပွဲဥပဒေကိုထုတ်ပြန်ပြီးမြန်မာပြည်သူများနဲ့ ကုလသမဂ္ဂအပါအ၀င်နိုင်ငံတကာ အသိုင်း အ၀ိုင်း ကိုအဆုံးအစွန်ထိစိန်ခေါ်လိုက်ပြန်ပါပြီ။အာလုံးက၀ိုင်းဝန်းတောင်းဆိုနေကြ၊တားမြစ်နေကြသည်ကြားကပင်ယခုလိုကိုယ်သဘောကိုယ်
ဆောင်ရ်ျပြုမှုလိုက်ခြင်းသည်က်ျတစ်ကြိမ်သည်လည်းပထမဆုံးအကြိမ်မဟုတ်တော့ပါ။န.အ.ဖစစ်အုပ်စုကသူလမ်းစဉ်ကိုမဆုပ်မနစ်အကောင်ကထည်ဖော်သွားနိုင်ခဲ့သည်။၎င်းတို့ ဘက်ကကြည့်လျင်တော့ ၎င်းတို့ လိုချင်သည့် ပန်းတိုင်ရောက်လုပြီ။ဒါဆိုကျွန်တော်တို့ ဒီမိုကရေစီဘက်တော်သားများဘက်ကရောပန်းတိုင်ရောက်လုပါပြီလား…..?တာဝန်ကျေပြီလား…..?

န.အ.ဖ၏လမ်းပြမြေပုံခုနုစ်ချက်ကိုအဆင့် တိုင်းကိုကျွန်တော်တို့ (ဒီမိုကရေစီဘက်တော်သားများ)ကပါးစပ်ဖြင့် တိုက်ဖျက်လာကြသည်မှာလဲယခုအချိန်တွင်ဆုံးခန်းတိုင်လုပြီ။က်ျတစ်ကြီမ်တွင်လည်းအလုပ်မပါပါးစပ်ချည်းသက်သက်သာတိုက်ဖျက်
နေကြပါကကျွန်တော်တို့ တိုင်းပြည်နှင့် ကျွန်တော်တို့ လူမျိုးလောက်ညံ့ သောသူက်ျကမ္ဘာပေါ်တွင်ရှိနိုင်တော့မည်မထင်ပေ။ပါးစပ်နဲ့ မတိုက်ဖျက်ချင်လိုရောတွေများရှိလိုလဲဟုမေးစရာရှိပါသည်။ကျွန်တော်တို့်သည်စည်းလုံးချင်းအင်အားလောက်ကောင်းသောလက်နက်မရှိမှန်းသိလျက်နှင့်ပင်ထိုလက်နက်ကိုဆွဲကိုရန်တွန့်ဆုတ်နေခဲ့ကြသည်။မယုံမရဲရှိနေခဲ့ကြသည်။ ဘုရင်နောင်၏ နောင်ရိုးတိုက်ပွဲ၊ နောင်ရိုးစိတ်ဓါတ်ကို မေ့ လျော့ နေခဲ့ကြသည်။ လမ်း(way)မရှိလိုပါပဲ လူထုကို ဦးဆောင်ချင်နေကြသည်။
တကယ်ဆိုကျွန်တော်တို့လုပ်သင့်သည်မှာလက်တွေ့ ကျသောအမြင်များ၊ လမ်းစဉ်များကို ပြည်သူလူထုအားချပြပြီး ဦးဆောင်သင့် သည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ရွေးကောက်ပွဲမ၀င်၇န်ဆုံးဖြတ်သည့် ဆုံးဖြတ်ချက်သည် ဒေါ်အောင်ဆန်းစုကြည်၏ သဘောထား ဖြစ်ခြင်းကြောင့် မဟုတ်ပဲမြန်မာတစ်နိုင်ငံလုံးအားဒုက္ခပင်လယ်တွင်းမှ ကယ်တင်ရန်အတွက် ပထမခြေလှမ်း ပင်ဖြစ်ကြောင်း ရှင်းပြ စည်းရုံးရမည်။ မြန်မာ့လူဘောင်အတွင်းတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေးနှင့်မြန်မာပြည်လွတ်မြောက်ရေး၏ဆက်စပ်မှုကိုရှင်းလင်းစွာသိနားလည်ကြခြင်းမရှိသေးပေ။၎င်းအခြင်းအ၇ာကို ကျွန်တော်တို့  ပတ်ဝန်းကျင်၇ှိမည်သည့် အင်အားစုက မှမဟုတ်သောသာမာန် ပြည်သူတယောက်နှင့် စကားအနည်းငယ် ပြောကြည့် ရုံဖြင့်သိနိုင်ပါသည်။

နှစ်ကာလအတန်ကြာအဖက်ဖက်ကပြင်ဆင်ပြီးသောစနစ်တကျ ဖွဲ့ စည်းထားသော န.အ.ဖ၏အုပ်ချုပ်ရေးယန္တရား ရပ်တန့်သွားရန်လုပ်ဆောင်မည်ဆိုလျင်ပြည်သူအတွက်အတွေ့အကြုံရှိသောအရည်အချင်းရှိသောခေါင်းဆောင်ကောင်းတစ်ဦးတော့အနည်းဆုံးလိုအပ်သည်။ဒေါ်အောင်ဆန်စုကြည်သည်အထက်ပါအရည်အချင်းများနှင့်ပြည်စုံသည့်အပြင်လွန်ခဲ့သည့်ဆယ့်သုံးနှစ်တာကာလကိုနေအိမ်အကျယ်ချုပ်ဘ၀ဖြင့်ဖြတ်သန်းခဲ့ရသည့်လူထုခေါင်းဆောင်တစ်ဦးပင်ဖြစ်သည်။ထိုသို့ဆယ်သုံးနှစ်ကာလကိုအကျယ်ချုပ် ဘ၀ဖြင့်ဖြတ်သန်းခဲ့ရခြင်းသည်သူ့ အတွက်မဟုတ်၊အမျိုးသားဒီမိုကရေစီအဖွဲ့ အတွက်မဟုတ်မြန်မာပြည်သူများ နှင့်မြန်မာနိုင်ငံ အတွက် သာ ဖြစ်သည်။ ယင်းအချက်ကိုသိတာထင်ရှားသွားစေသည့်အချက်မှာအမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်၏ရွေးကောက်ပွဲ မ၀င်ရေး ဆုံးဖြတ် ချက်ပင်ဖြစ်သည်။မြန်မာပြည်သူလူထုကိုတရားဝင်ဆက်လက်ဖိနှိပ်ချုပ်ချယ်ခွင့်ပေးထားပြီး စစ်အာဏာရှင် စနစ်ကို သက်ဆိုး ရှည်စေမည့်  2008ဖွဲစည်းပုံအခြေခံဥပဒေကိုဆန့်ကျင်ပြီးရွေးကောက်ပွဲမ၀င်ရေးလမ်းကြောင်းကို ရွေးချယ်ခဲ့ခြင်း သည် ပါတီ ဆက်လက် ရှင်သန် ရပ်တည်ရေးထက်စာလျှင်ပြည်သူဘ၀လွတ်လပ်ရေးကိုဒေါ်အောင်ဆန်းစုကြည် အပါအ၀င်အဖွဲ့ ချုပ်ခေါင်းဆောင်းများနှင့် NLDပါတီကအလေးထားကြောင်သိသာထင်ရှားစေသည်သာဓကပင်ဖြစ်ပေသည်။

ထို့ကြောင့်ကျွန်တော်တို့ပြည်သူများအနေဖြင့်အမျိုးရေးဒီမိုကရေစီအဖွဲ့ချုပ်နှင့်ဒေါ်အောင်ဆန်းစုကြည်၏ပြည်သူ့အပေါ်ထားသောစေတ နာကိုနားလည်သောအားဖြင့်NLDပါတီနှင့်ဒေါ်အောင်ဆန်းစုကြည်တို့၏ရှေ့လုပ်ငန်းစဉ်များကိုဝန်းရံထောက်ခံကြရန်ပင်ဖြစ်သည်။ သို့မှသာမြန်မာပြည်သူလူထုအများစုလိုလားသောပြည်သူ့ဘ၀များအမှန်တကယ်ဖွံ့ဖြိုးတိုးတက်လာမည့်ဒီမိုကရေစီနိုင်ငံတော်သစ်သို့ ရောက်ရှိပေမည်။

Thursday, April 1, 2010

Dr Paul Webb


မြန်မာ.အရေး တတ်အားသရွှေ. အား ပေး ဆောင်ရွှက် ခဲ့ သူ ဒေါက်တာပေါဝက်ဘ် ၅လမျှဆေးကုသမှုခံယူခဲ့ပြီးနောက် ယခု ပြန်လည်ကျန်းမာလာပြီ ဖြစ်ပါကြောင်း။