Wednesday, September 30, 2009

ဖိနပ်စာ မိသူများကို အစိုးရအဖွဲ့ တွင်းမထားတော့ ဟုသတင်းထွက်ပေါ်

၂၉ စက်တင်ဘာ နေပြည်တော် ၊ ၊ညွန့် သက်ထားဦး

Updated ..09 .30 .2009

UN General Assemblyဖိနပ်စာမိ၍ နာမ်နှိမ်သွားသည့် ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန် နှင့် နိုင်ငံခြားရေးဝန်ကြီး ဦးဥာဏ်ဝင်း တို့ အား အစိုးရ အဖွဲ့ တွင်းမှ ထုတ် ပစ် မည် ဟု နေပြည်တော် အစိုးရ ၀န်ကြီးများ သတင်းရပ်
ကွက် တွင် သတင်းထွက် ပေါ်နေသည်။

ယမန်နေ့ က နယူးယောက်ရှိ ကုလ အထွေထွေ ညီလာခံ သို့ တက်ရောက်ရန် တည်းခိုရာ ဟိုတယ်
မှ အထွက် မြန်မာ့ ဒီမိုကရေစီ လှုပ်ရှားသူများ၏ ဆန့် ကျင်ကန့် ကွက် ခြင်းအပြင် ဖိနပ်ဖြစ်ပစ်ပေါက်
၍ ရှုံချခံရသည့် နအဖ စစ်အစိုးရ အဖွဲ့ မှ ၀န်ကြီးချုပ် နှင့် နိုင်ငံခြားရေးဝန်ကြီးကို နေပြည်တော် သို့ 
ပြန်ရောက်ပါ က ရာထူးမှ ဖယ်ရှားပစ် မည် ဟု သတင်းရရှိသည်။

စနေနံ ဖိနပ် ထိခြင်းသည် မြန်မာ မှု ဓလေ့ ထုံးစံအရ ကံ နှင့် နာမ် အလွန်ပင် နိမ့်ကျကြောင်း နေပြည်
တော် မှ ညွှန်ကြားရေးမှုး တစ်ဦးက Freedom News Group သို့ ပြောသည်။
ယခုကဲ့သို့ အင်္ဂ၀ိဇ္ဇာနည်းအရ နာမ်နှိမ် သွားသည့် သူများကို အစိုးရ အဖွဲ့ အတွင်းထားပါ က အစိုးရ
အဖွဲ့ အတွင်းအကွဲ အပြဲများဖြစ်ပြီး ပြုတ်ကျနိုင်သည် ဟု အင်္ဂ၀ဇ္ဇာ နှင့် ဗေဒင် တတ်ကြွမ်းသူများ ၏
သုံးသပ် ချက်များ လည်း ယနေ့ နေပြည်တော် တွင် ပေါ်ထွက် နေသည်။

အတည်မပြုနိုင်သေးသည့် စုံစမ်းရရှိသော သတင်းတစ်ရပ် အရ ၀န်ကြီးချုပ် ဦးသိန်းစိန် နှင့် နိုင်ငံခြား
ရေးဝန်ကြီး ဦးဥာဏ်ဝင်းတို့ အား အပြန်တွင် နေပြည်တော် သို့ တိုက်ရိုက်ဝင်ခွင့် မပြုပဲ ရန်ကုန် တွင်
တစ်ထောက်နားပြီး ဟူးရာ ဗေဒင် ဆရာများ ဖြင့် ကံပွင့် အောင် စီမံ ဆောင် ရွက်ပြီးမှ နေပြည်တော်
သို့ ဝင်ရောက် ခွင့် ပြုမည် ဟု သတင်းရရှိသည်။

ကမ္ဘာ့ သမိုင်းတွင် လည်း ဆူဟာတို ၊ ကျန်ဇီမင်း ၊ပီနိုရှေး စသည့် အာဏာရှင်များမှာ ဖိနပ်ဖြင့် ပစ်
ပေါက်ခံရပြီးနောက် အာဏာလက်လွှတ်ခဲ့ရသည်။

အမေရိကန် သမ္မတ ဟောင်း ဂျော့ရှ်ဘုရှ်သည် ဒုတိယ သမ္မတ သက်တမ်း ကုန်ဆုံးရန် လပိုင်း အလို
တွင် အီရတ် နိုင်ငံ၌ ဖိနပ် ဖြင့် အပေါက်ခံခဲ့ရသည်။ ၎င်း အားဖိနပ် ထိမှန်ပြီး ရက်ပိုင်း အတွင်းမှာပင်
အမေရိကန် စီးပွားရေးပျက်ကပ် စသည်။

Monday, September 28, 2009

MoeMaKa Daily e Newspaper - 25th Sept 2009

MoeMaKa Daily e Newspaper - 25th Sept 2009                                                                                                                            

Sunday, September 27, 2009

Voice of Burma September

VOB729KK                                                                                                                           

Saturday, September 26, 2009

ရွှေဝါရောင် တော်လှန်ရေးထဲမှာ …

၂၀၀၇၊ စက်တင်ဘာ ၂၆
နေ့လယ် ၁၂ နာရီ ၀န်းကျင် အချိန်
ရန်ကုန်မြို့၊ ရွှေတိဂုံဘုရား။

ရွှေတိဂုံဘုရားအရှေ့ ဘက်မုခ်သို့ ရောက်ရှိသွားချိန်တွင် ယူနီဖောင်း အပြည့်အစုံဝတ်ပြီး လက်နက်များ၊ ဒိုင်းများ ကိုင်ဆောင်ထားသော လုံထိန်းများနှင့် စစ်သားများက သံဃာတော် များအား တားမြစ်နေသည်ကို မြင်တွေ့ရသည်။

အရှေ့ဘက်မုခ်မှဆိုင်ခန်းများရှေ့တွင်ရပ်ကြည့်နေကြသော လူအုပ်ကြီးကလည်း အခြေအနေကို စောင့် ကြည့် နေဆဲ၊ သံယာတော်များက သံဆူးကြိုး ဘယ်ရီများဖြင့် ပိတ်ထားသော နေရာထိပ်နားမှာပင် ရွှေတိဂုံ စေတီ ဘက်သို့ မျက်နှာမူထိုင်ကာ စတင်ဘုရားရှိခိုးတော့သည်။

ထိုဘုရားရှိခိုးသံများ မဆုံးမီပင် ရွှီးခနဲအသံတသံကြားလိုက်ရပြီးရှေ့ထိပ်မှ သံဃာများကို လုံထိန်းများက လက်ကိုင်တုတ်များဖြင့် တခွပ်ခွပ်နှင့် စတင်ရိုက်နှက်သံကို ကြားလိုက်ရသည်။

ထို့နောက် ရွီးခနဲနောက်တသံကို ကြားလိုက်ရစဉ် ကိုယ့်မျက်နှာသည် ဖြန်းခနဲ မီးနှင့်ပက်ခံလိုက်ရသလို ပူ လောင်သွားသည်။ ထိုစဉ် လက်တဘက်က လက်ကောက်ဝတ်ကို လာဆွဲခေါ်သည်ကို သိလိုက်ပြီးအားတင်း ကာ မျက်လုံးဖွင့်လိုက်သော်လည်း အပြာရောင် လွင်ပြင်ကြီးမှ အပ ဘာကိုမှ မမြင်ရတော့။

အကျဉ်းထောင်တံခါးများ ပွင့်သော်လည်း

ပြုံးပျော်နေကြတဲ့ အကျဉ်းသားတွေထဲမှာ အမျိုးသမီးကြီးတဦးက တည်ကြည်တဲ့ မျက်နှာထားနဲ့ ပတ်ဝန်းကျင် ကိုလည်း ဂရုမပြုဘဲ ပါးစပ်က တစုံတခုကို တတွတ်တွတ် ရွတ်ဆိုနေတယ်။ သေသေချာချာ နားထောင် ကြည့်လိုက်တော့ သူ့ရဲ့နှုတ်က ရွတ်ဆိုနေတာက မေတ္တာပို့ ဆုတောင်းသံပါ။

သူ့ရဲ့မျက်ဝန်းတွေက ဖျော့တော့နေပြီး အင်အားချိနဲ့နေပုံရပါတယ်။ အစိမ်းရောင် ကွက်ကျား နွမ်းဖတ်ဖတ် ချည်ထည်အင်္ကျီ လက်ရှည်ကို ၀တ်ဆင်ထားပြီး မျက်နှာက ဇရာရဲ့ ထုထောင်းမှုတွေကြောင့် အရေး အကြောင်းတွေ ထနေတယ်။ လွတ်ငြိမ်းချမ်းသာခွင့်ရမယ့် အကျဉ်းသားတွေထဲမှာ သူက အသက် အကြီးဆုံးလို့ ဆိုရင်လည်း မမှားနိုင်ပါဘူး။

သူ့ရဲ့ အသက်က ၇၃ နှစ်ရှိနေပါပြီ။ ဒီလောက် အသက်အရွယ် ကြီးရင့်နေပြီဖြစ်တဲ့ အမယ်အိုကြီး တယောက် ဘာပြစ်မှုကြောင့် ထောင်ဒဏ် ကျခံနေရတာလဲဆိုတဲ့ မေးခွန်းရဲ့ အဖြေကို အားလုံးက သိချင်နေကြတယ်။

တကယ်တော့ သူက သူလို၊ ငါလို သာမန် လူသားတဦးမဟုတ်ပါဘူး။ သီလရှင် ကြီးတပါးဖြစ်ပြီး စစ်အာဏာရှင် တွေကို ရဟန်းရှင်လူ ပြည်သူလူထု ပူးပေါင်းအာခံခဲ့ကြတဲ့ ၂၀၀၇ ရွှေဝါရောင် တော်လှန်ရေး အတွင်းမှာ မတရား ဖမ်းဆီးခံရလို့ ထောင်ဒဏ် ချမှတ်ခံခဲ့ရသူပါ။ သူ့ရဲ့ လူနာမည်က ဒေါ်ဆန်း ဖြစ်ပါတယ်။