Thursday, January 28, 2010
Monday, January 25, 2010
တပ်မ ၆၆ တွင်တပ်တွင်းပုန်ကန် မှုဖြစ်ပွား.။
တပ်မ ၆၆ မှာ တပ်တွင်းပုန်ကန်မှုတွေရှိနေပြီ။ မနေည ၈နာရီ ခန့် က အင်းမ အခြေစိုက် ခမရ ၈၀ မှာ -တပ်ရင်းမှာ စတင်ပြစ်ခတ်တယ်။ စားဝတ်နေရေးကြောင့် တပ်သားတွေ က အမိန့် ကိုမနာခံတော့တာ တနစ်ကျော်နေပြီလို့ သိရတယ်။ သူတို့ ကို ဘာတာဝန်မှ ထပ်မပေးတော့ပဲ ပြစ်ထားတာ ကြာပြီလို့ သိရတယ်။ ပြစ်ခတ်မှု ၁၀ မိနစ်ကျော်ကြာတယ်။ ၃ ယောက်ဒဏ်ရာရ ပြီး၊ တယောက် သေတယ်။
ဖြစ်ပွားပုံကတော့ ဇန်န၀ါရီလ ၈ ရက်နေ့ က ရန်ကုန်စစ်ဌာနချုပ်အမိန့်  နဲ့ လာတဲ့ စစ်အရာရှိ ၁၄ ဦးက ပုန်ကန်နေတဲ့ ခမရ ၈၀ ကို လက်နက်လာဖြုတ်ပါတယ်။ လက်နက်လာဖြုတ်တဲ့ ကြပ်ပြေးနေပြည်တော်က အရာရှိတွေကို ကို ခမရ ၈၀ တပ်ရင်းမှုက တပ်တွင်း စားဝတ်နေရေး ကြပ်တည်းမှု၊ ရိက္ခာပြတ်လပ်မှုနဲ့  တိုင်းမှုးနဲ့  သူမိန်းမ ဆွေမျိုးတွေရဲ့ လပ်စားမှုအကြောင်းတွေကို တင်ပြခဲ့ ကြတယ်။ ရန်ကုန်ကလာတဲ့ အရာရှိတွေကို ခမရ ၈၀ တပ်ရင်းက ရဲဘော်တွေက သူတို့  ချက်ပြုတ်စားနေရတဲ့ ထမင်းဟင်းတွေ နဲ့ ကျွေးမွေးခဲ့ကြတယ်။ ဆက်သွယ်ရေးစက်ကနေ သူတို့ အပြန်အလှန် ဆွေးနွေး ကြတယ်လို့ ဆိုတယ်။ ကျနော်တို့ နေစဉ်စားနေရတဲ့ အစားသောက်တွေကို စားကြည့်ပြီးမှာ ကျနော်တို့ တင်ပြတာတွေဟာကို ဆုံးဖြတ်ပေးပါလို့  ဆိုပြီး ထမင်းဝိုင်းကိုခေါ်သွားတယ်။ ဒါကို ကြပ်ပြေးကအရာရှိတွေက သူတို့ ကိုစော်ကားတယ်။ ပုန်ကန်တယ်လို့  ဆိုပြီးကြိမ်းမောင်း ထိုးကြိတ်မှုတွေ လုပ်ခဲ့ကြတယ်။ ခမရ ၈၀ တပ်ရင်းမှုးရဲ့  တောင်းဆိုမှု၊တင်ပြမှုတွေကို စစ်ဌာနချုပ်က အရေးယူဆောင်ရွက်ခြင်းမရှိပဲ ကြပ်ပြေးက အရာရှိတွေ က ဆဲဆိုကြိမ်းမောင်းနေတယ်။ ခမရ ၈၀ က အရာရှိတွေကို လက်နက်ဖြုတ်ဖို့ နဲ့  အရေးယူဖို့  ညွန် ကြားလာတဲ့အတွက် ခမရ ၈၀ တပ်ရင်းမှုးက ကြပ်ပြေးက အရာရှိတွေကို ၈ရက်နေ့ မှာဖမ်းဆီးလိုက်တယ်။ ဇန်န၀ါရီလ ၁၀ ရက်နေ့ မှာတော့ နောက်ထပ်အရေးယူဖို့ ရောက်လာတဲ့ ကြပ်ပြေး က စေလွတ်လိုက်တဲ့ တပ်ဖွဲ များနဲ့ တိုက်ပွဲဖြစ်ပွားခဲ့တာလို့ သိရပါတယ်.။ Posted by မြတ်လေးငုံ at Wednesday, January 13, 2010
Saturday, January 23, 2010
Tuesday, January 19, 2010
Thursday, January 14, 2010
Wednesday, January 13, 2010
Dr. Paul Web ရေးသားတဲ့ "ဒေါင်းရင်သွေး"
Dr. Paul Web ရေးသားတဲ့ "ဒေါင်းရင်သွေး" "The Peacock's Children: Burma Protests 1885 - Present" စာအုပ်ဟာစိတ်ဝင်စားစရာ စာအုပ်တစ်အုပ်ဖြစ်ပြီး အမေဇုံ မှာဝယ်လို့ ရနိုင်ပါတယ်။
စာရေးသူ Reverend Dr. Paul Webb ဟာ Darwin က Northern Territory University ရဲ့ သမိုင်း နဲ့  နိုင်ငံရေး ဆိုင်ရာ ပညာရှင်တစ်ယောက်ဖြစ်ပါတယ်။ ၁၉၉၁ မှာ ထိုင်း -မြန်မာ နယ်စပ်ဒေသ ရှိ ABSDF ကို ရောက်ရှိလာခဲ့ပြီး နောက်ပိုင်း မြန်မာနိုင်ငံနောက်ခံသမိုင်းနဲ့  ဒီမိုကရေစီရရှိရေး တိုက်ပွဲ ကို တစိုက်မတ်မတ် လေ့လာခဲ့သူ ဖြစ်ပါတယ်။ ABSDF အဖွဲ့ ဝင်များ Australia မှာအခြေချနေနိုင်ရေးအတွက်လဲ အကူအညီ များစွာ ပေးခဲ့သူ တစ်ယောက်ဖြစ်ပါတယ်။
သမိုင်းပညာရှင်တစ်ယောက်ရဲ့ စနစ်တကျ သုတေသနပြု မှတ်တမ်းတင်ထားတဲ့စာအုပ် တစ်အုပ် ဖြစ်လို့ 
ဖတ်မှတ်သိမ်းဆည်းထားစရာ စာအုပ်ကောင်း တစ်အုပ်ဖြစ်ပါတယ်။

Sunday, January 10, 2010
Sunday, January 3, 2010
Friday, January 1, 2010
Subscribe to:
Posts (Atom)