Wednesday, September 30, 2009

ဖိနပ်စာ မိသူများကို အစိုးရအဖွဲ့ တွင်းမထားတော့ ဟုသတင်းထွက်ပေါ်

၂၉ စက်တင်ဘာ နေပြည်တော် ၊ ၊ညွန့် သက်ထားဦး

Updated ..09 .30 .2009

UN General Assemblyဖိနပ်စာမိ၍ နာမ်နှိမ်သွားသည့် ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန် နှင့် နိုင်ငံခြားရေးဝန်ကြီး ဦးဥာဏ်ဝင်း တို့ အား အစိုးရ အဖွဲ့ တွင်းမှ ထုတ် ပစ် မည် ဟု နေပြည်တော် အစိုးရ ၀န်ကြီးများ သတင်းရပ်
ကွက် တွင် သတင်းထွက် ပေါ်နေသည်။

ယမန်နေ့ က နယူးယောက်ရှိ ကုလ အထွေထွေ ညီလာခံ သို့ တက်ရောက်ရန် တည်းခိုရာ ဟိုတယ်
မှ အထွက် မြန်မာ့ ဒီမိုကရေစီ လှုပ်ရှားသူများ၏ ဆန့် ကျင်ကန့် ကွက် ခြင်းအပြင် ဖိနပ်ဖြစ်ပစ်ပေါက်
၍ ရှုံချခံရသည့် နအဖ စစ်အစိုးရ အဖွဲ့ မှ ၀န်ကြီးချုပ် နှင့် နိုင်ငံခြားရေးဝန်ကြီးကို နေပြည်တော် သို့ 
ပြန်ရောက်ပါ က ရာထူးမှ ဖယ်ရှားပစ် မည် ဟု သတင်းရရှိသည်။

စနေနံ ဖိနပ် ထိခြင်းသည် မြန်မာ မှု ဓလေ့ ထုံးစံအရ ကံ နှင့် နာမ် အလွန်ပင် နိမ့်ကျကြောင်း နေပြည်
တော် မှ ညွှန်ကြားရေးမှုး တစ်ဦးက Freedom News Group သို့ ပြောသည်။
ယခုကဲ့သို့ အင်္ဂ၀ိဇ္ဇာနည်းအရ နာမ်နှိမ် သွားသည့် သူများကို အစိုးရ အဖွဲ့ အတွင်းထားပါ က အစိုးရ
အဖွဲ့ အတွင်းအကွဲ အပြဲများဖြစ်ပြီး ပြုတ်ကျနိုင်သည် ဟု အင်္ဂ၀ဇ္ဇာ နှင့် ဗေဒင် တတ်ကြွမ်းသူများ ၏
သုံးသပ် ချက်များ လည်း ယနေ့ နေပြည်တော် တွင် ပေါ်ထွက် နေသည်။

အတည်မပြုနိုင်သေးသည့် စုံစမ်းရရှိသော သတင်းတစ်ရပ် အရ ၀န်ကြီးချုပ် ဦးသိန်းစိန် နှင့် နိုင်ငံခြား
ရေးဝန်ကြီး ဦးဥာဏ်ဝင်းတို့ အား အပြန်တွင် နေပြည်တော် သို့ တိုက်ရိုက်ဝင်ခွင့် မပြုပဲ ရန်ကုန် တွင်
တစ်ထောက်နားပြီး ဟူးရာ ဗေဒင် ဆရာများ ဖြင့် ကံပွင့် အောင် စီမံ ဆောင် ရွက်ပြီးမှ နေပြည်တော်
သို့ ဝင်ရောက် ခွင့် ပြုမည် ဟု သတင်းရရှိသည်။

ကမ္ဘာ့ သမိုင်းတွင် လည်း ဆူဟာတို ၊ ကျန်ဇီမင်း ၊ပီနိုရှေး စသည့် အာဏာရှင်များမှာ ဖိနပ်ဖြင့် ပစ်
ပေါက်ခံရပြီးနောက် အာဏာလက်လွှတ်ခဲ့ရသည်။

အမေရိကန် သမ္မတ ဟောင်း ဂျော့ရှ်ဘုရှ်သည် ဒုတိယ သမ္မတ သက်တမ်း ကုန်ဆုံးရန် လပိုင်း အလို
တွင် အီရတ် နိုင်ငံ၌ ဖိနပ် ဖြင့် အပေါက်ခံခဲ့ရသည်။ ၎င်း အားဖိနပ် ထိမှန်ပြီး ရက်ပိုင်း အတွင်းမှာပင်
အမေရိကန် စီးပွားရေးပျက်ကပ် စသည်။

Monday, September 28, 2009

MoeMaKa Daily e Newspaper - 25th Sept 2009

MoeMaKa Daily e Newspaper - 25th Sept 2009                                                                                                                            

Sunday, September 27, 2009

Voice of Burma September

VOB729KK                                                                                                                           

Saturday, September 26, 2009

ရွှေဝါရောင် တော်လှန်ရေးထဲမှာ …

၂၀၀၇၊ စက်တင်ဘာ ၂၆
နေ့လယ် ၁၂ နာရီ ၀န်းကျင် အချိန်
ရန်ကုန်မြို့၊ ရွှေတိဂုံဘုရား။

ရွှေတိဂုံဘုရားအရှေ့ ဘက်မုခ်သို့ ရောက်ရှိသွားချိန်တွင် ယူနီဖောင်း အပြည့်အစုံဝတ်ပြီး လက်နက်များ၊ ဒိုင်းများ ကိုင်ဆောင်ထားသော လုံထိန်းများနှင့် စစ်သားများက သံဃာတော် များအား တားမြစ်နေသည်ကို မြင်တွေ့ရသည်။

အရှေ့ဘက်မုခ်မှဆိုင်ခန်းများရှေ့တွင်ရပ်ကြည့်နေကြသော လူအုပ်ကြီးကလည်း အခြေအနေကို စောင့် ကြည့် နေဆဲ၊ သံယာတော်များက သံဆူးကြိုး ဘယ်ရီများဖြင့် ပိတ်ထားသော နေရာထိပ်နားမှာပင် ရွှေတိဂုံ စေတီ ဘက်သို့ မျက်နှာမူထိုင်ကာ စတင်ဘုရားရှိခိုးတော့သည်။

ထိုဘုရားရှိခိုးသံများ မဆုံးမီပင် ရွှီးခနဲအသံတသံကြားလိုက်ရပြီးရှေ့ထိပ်မှ သံဃာများကို လုံထိန်းများက လက်ကိုင်တုတ်များဖြင့် တခွပ်ခွပ်နှင့် စတင်ရိုက်နှက်သံကို ကြားလိုက်ရသည်။

ထို့နောက် ရွီးခနဲနောက်တသံကို ကြားလိုက်ရစဉ် ကိုယ့်မျက်နှာသည် ဖြန်းခနဲ မီးနှင့်ပက်ခံလိုက်ရသလို ပူ လောင်သွားသည်။ ထိုစဉ် လက်တဘက်က လက်ကောက်ဝတ်ကို လာဆွဲခေါ်သည်ကို သိလိုက်ပြီးအားတင်း ကာ မျက်လုံးဖွင့်လိုက်သော်လည်း အပြာရောင် လွင်ပြင်ကြီးမှ အပ ဘာကိုမှ မမြင်ရတော့။

အကျဉ်းထောင်တံခါးများ ပွင့်သော်လည်း

ပြုံးပျော်နေကြတဲ့ အကျဉ်းသားတွေထဲမှာ အမျိုးသမီးကြီးတဦးက တည်ကြည်တဲ့ မျက်နှာထားနဲ့ ပတ်ဝန်းကျင် ကိုလည်း ဂရုမပြုဘဲ ပါးစပ်က တစုံတခုကို တတွတ်တွတ် ရွတ်ဆိုနေတယ်။ သေသေချာချာ နားထောင် ကြည့်လိုက်တော့ သူ့ရဲ့နှုတ်က ရွတ်ဆိုနေတာက မေတ္တာပို့ ဆုတောင်းသံပါ။

သူ့ရဲ့မျက်ဝန်းတွေက ဖျော့တော့နေပြီး အင်အားချိနဲ့နေပုံရပါတယ်။ အစိမ်းရောင် ကွက်ကျား နွမ်းဖတ်ဖတ် ချည်ထည်အင်္ကျီ လက်ရှည်ကို ၀တ်ဆင်ထားပြီး မျက်နှာက ဇရာရဲ့ ထုထောင်းမှုတွေကြောင့် အရေး အကြောင်းတွေ ထနေတယ်။ လွတ်ငြိမ်းချမ်းသာခွင့်ရမယ့် အကျဉ်းသားတွေထဲမှာ သူက အသက် အကြီးဆုံးလို့ ဆိုရင်လည်း မမှားနိုင်ပါဘူး။

သူ့ရဲ့ အသက်က ၇၃ နှစ်ရှိနေပါပြီ။ ဒီလောက် အသက်အရွယ် ကြီးရင့်နေပြီဖြစ်တဲ့ အမယ်အိုကြီး တယောက် ဘာပြစ်မှုကြောင့် ထောင်ဒဏ် ကျခံနေရတာလဲဆိုတဲ့ မေးခွန်းရဲ့ အဖြေကို အားလုံးက သိချင်နေကြတယ်။

တကယ်တော့ သူက သူလို၊ ငါလို သာမန် လူသားတဦးမဟုတ်ပါဘူး။ သီလရှင် ကြီးတပါးဖြစ်ပြီး စစ်အာဏာရှင် တွေကို ရဟန်းရှင်လူ ပြည်သူလူထု ပူးပေါင်းအာခံခဲ့ကြတဲ့ ၂၀၀၇ ရွှေဝါရောင် တော်လှန်ရေး အတွင်းမှာ မတရား ဖမ်းဆီးခံရလို့ ထောင်ဒဏ် ချမှတ်ခံခဲ့ရသူပါ။ သူ့ရဲ့ လူနာမည်က ဒေါ်ဆန်း ဖြစ်ပါတယ်။

ကြယ်တွေ ကြွေနေတဲ့ တိုင်းပြည်


၁၉၈၈ ခု စက်တင်ဘာ ၁၈ ရက် နေ့က အဖြစ်အပျက်တွေကို ပြောလိုက်တာနဲ့ လူတိုင်းမြင်ဖူးပြီးသား ဖြစ်တဲ့ ဓာတ်ပုံ တပုံ အကြောင်း ပြောပြချင်ပါတယ်။

အဲဒီ ဓာတ်ပုံက သေနတ်မှန်ပြီး ဒဏ်ရာရနေတဲ့ အင်္ကျီအဖြူ လုံချည်အစိမ်းနဲ့ ကျောင်းသူလေးကို ဂျူတီကုတ်အဖြူဝတ် ထားတဲ့ ဆရာဝန်နှစ်ဦးက ဆွဲပြေးနေတဲ့ပုံပါ။ ဒီဓာတ်ပုံကိုမမြင်ဘူးတဲ့လူမရှိပါဘူး။ မြင်တဲ့လူတိုင်း ခံပြင်းဒေါသ ဖြစ်ကြ ပါတယ်။ အဲဒီဓာတ်ပုံထဲက ဆရာဝန်နှစ်ဦး ဘယ်ကိုရောက်သွားတယ်ဆိုတာ သိတဲ့လူနည်းမယ်လို့လည်း ကျမထင်ပါ တယ်။

Thursday, September 24, 2009

သမီးဆန္ဒအတိုင်း အမျှ မဝေသေးဘူး

WMO

24 September News

သိန်းစိန် ကုလ ညီလာခံတက်မည်

န၀တ ၀န်ုကီးချုပ် သိန်းစိန် ကုလသမဂ္ဂ ညီလာခံသို့တက်ရောက်မည် ဟု ရိုက်တာ သတင်းဌာန မှ ဆိုသည်။ နှစ် ပေါင်း ၁၄ နှစ်အတွင်း ပထမဆုံး အုကိမ် တက်ရောက်ခွင့်ရခြင်းဖြစ်သည်။ ၁၉၉၅ ခုတွင်မောင်အေး တက်ရောက်ခွင့်ရခဲ့သည်။ အမေရိကန်အစိုးရ မှ နအဖစစ်ခေါင်းဆောင်များကို ဗီဇာပိတ်ဆို့ ထားမှုကို ရုပ်သိန်းပေးမှုေုကင့်တက်ရောက်ခွင့် ရခြင်းဖြစ်သည်။

အဖမ်းဆီးခံထားရသော ကိုကျော်ဇောလွင် နှင့် အမေရိကန်သံရုံးတွေ့ဆုံ

မြန်မာစစ်အစိုးရမှ စက်တင်ဘာလဆန်း ပိုင်းကတည်းက ဖမ်းဆီးထားသော ကိုကျော်ဇောလွင် နှင့် တွေ့ဆုံခွင့်ရကြောင်း အမေရိကန်သံရုံး မှ ပြောရေးဆိုခွင့် ရှိသူ Drake Weisert က ဆိုသည်။ အမေရိကန်နိုင်ငံသားအဖြစ်ခံယူထားသော ကိုကျော်ဇောလွင် သည် စက်တင်ဘာ ၃ ရက်နေ့က ရန်ကုန်သို့ တရားဝင် ဗီဇာ ဖြင့် ရောက်ရှိခဲ့ပြီး နောက်ပိုင် အဆက်အသွယ်ပြတ်တောက်သွားခြင်းဖြစ်သည် ဟု အတိုက်အခံအုပ်စုများ က ဆိုသည်။ ကိုကျော်ဇောလွင်၏အမေသည် ထောင်ဒဏ် ၅ နှစ်ကျခံနေရပြီး သူ၏ညီမ မှာ ၆၅ နှစ်ကျခံနေသည်။

နိုင်ငံရေးအကျဉ်းသား ၁၁၉ ယောက်လွတ်မြောက်

မြန်မာစစ်အစိုးရ မှ အကျဉ်းသား ၇၁၁၄ ယောက်လွတ်ပေးရာတွင် နိုင်ငံရေးအကျဉ်းသား ၁၁၉ ယောက်သာပါဝင်သည်။ ၂၀၀၇ေ႟ဝြၝရောင်တော်လန်ြရေး ကာလမြာ စစ်အစိုးရက သံဃာတော်တြေ၊ သီလရင်ြတေကြို ႟ိုကိံကြ် ဖမ်းဆီြးိံပ်ကပြ် ခဲ့သလို သံဃာတော် အပၝး ၂၄၀ လောက်ဟာ အခုလက်ရြိအခဵိန်ထိ အကဵဉ်းထောင် အသီးသီးမြာ ထောင်ခဵခံထားရေုကာင်း၊ အမေရိကန်ူပည်ထောင်စု နယူးယောက်္ဘမြိႚအေူခစိုက် Human Rights Watch လူႛအခငြ့်အရေးစောင့်ုကည့်ရေးအဖြဲႚက သတင်းထုတ်ပြန်ခဲ့သည်။

Sunday, September 13, 2009

Saturday, September 12, 2009

MoeMaKa Daily e Newspaper - 11th Sept 2009

MoeMaKa Daily e Newspaper - 11th Sept 2009

11 September News

11 September News                                                                                                                            

Wednesday, September 9, 2009

ကိုဗဟိန်းမှသည် ကျော်ကိုကိုအထိ (၂၂) ‘ကျောင်းသားတပ်မတော်ပေါ်ထွန်းလာခြင်း’

ကိုဗဟိန်းမှသည် ကျော်ကိုကိုအထိ (၂၂)
‘ကျောင်းသားတပ်မတော်ပေါ်ထွန်းလာခြင်း’
အောင်ဝေး
စက်တင်ဘာ ၆၊ ၂၀၀၉

၁၉၈၈ခုနှစ်၊ စက်တင်ဘာလ (၁၈)ရက် စစ်တပ်က အာဏာ သိမ်းလိုက်ပြီးတဲ့နောက် နိုင်ငံတော် ငြိမ်ဝပ် ပိပြားမှု တည်ဆောက်ရေး အဖွဲ့ (နဝတ)ကို ဖွဲ့စည်းလိုက်ပါတယ်။  ရှစ်လေးလုံး လူထုအုံကြွမှုကြီးမှာ မဆလ တစ်ပါတီ စနစ် ဖျက်သိမ်းပြီး ပါတီစုံ ဒီမိုကရေစီ ပေါ်ပေါက်ရေးဆိုတဲ့ ကျောင်းသားနဲ့ ပြည်သူတွေရဲ့ တောင်းဆိုချက်ကို မလွန်ဆန်နိုင်တဲ့ နဝတ ဟာ ပါတီစုံ အထွေထွေ ရွေးကောက်ပွဲ ကျင်းပပေးမယ်၊ နိုင်ငံရေး ပါတီတွေ တည်ထောင်နိုင်တယ်လို့ တိုင်းပြည်ကို ကြေညာလိုက်ပါတယ်။

အဲဒီ နဝတ အာဏာသိမ်းပြီးစ အချိန်ဟာ မြန်မာ့နိုင်ငံရေးမှာ အလွန် အရေးပါတဲ့ အချိုးအကွေ့နှစ်ခု ဖြစ်ပေါ်ခဲ့ပါတယ်။ တစ်ခုက ရှစ်လေးလုံး အရေးတော်ပုံမှာ တိုက်ပွဲဝင်ခဲ့တဲ့ ကျောင်းသားတွေ သောင်းချီပြီး တောခိုသွားကြတဲ့ အချက် ဖြစ်ပါတယ်။  နောက်တစ်ခုကတော့ အတိုက်အခံ ပါတီတွေ ဖြစ်လာမယ့်
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) နဲ့ တိုင်းရင်းသား ပါတီတွေ ပေါ်ထွက်လာခြင်းပါပဲ။

စစ်တပ်က အာဏာ သိမ်းလိုက်ပြီးတဲ့နောက် ကျောင်းသားတွေ အများအပြားဟာ ထိုင်း-မြန်မာ နယ်စပ်၊ တရုတ်-မြန်မာနယ်စပ်၊ တိုင်းရင်းသား လူမျိုးစု လက်နက်ကိုင် တော်လှန်ရေး နယ်မြေ အသီးသီးကို ကူးပြောင်း ရောက်ရှိသွားကြပါတယ်။

ရှစ်လေးလုံး အရေးတော်ပုံအတွင်းမှာ ဖွဲ့စည်းခဲ့တဲ့ ဗကသများ အဖွဲ့ချုပ်ဟာ သမိုင်းက တောင်းဆိုတဲ့အတိုင်း အဲဒီအချိန်မှာ အသွင်သဏ္ဌာန် သုံးမျိုးနဲ့ ဆက်လက် လှုပ်ရှားခဲ့တာပါ။ ပထမ အသွင်သဏ္ဌာန်က ဗကသဟာ ပြည်တွင်းမှာ မြေအောက် UG အနေနဲ့ ဆက်လက် မောင်းနှင်ဖို့ ဖြစ်တယ်။ ဒုတိယ အသွင်သဏ္ဌာန်က လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ ဆိုပြီး ပြည်တွင်းမှာ တရားဝင် နိုင်ငံရေးပါတီ ထောင်ပြီး ရပ်တည်ဖို့
ဖြစ်တယ်။

တတိယ အသွင်သဏ္ဌာန် အနေနဲ့ လက်နက်ကိုင် တော်လှန်ရေး နယ်မြေကို ရောက်သွားကြတဲ့ ကျောင်းသားတွေက မြန်မာ နိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (မကဒတ) ABSDF ဆိုပြီး ကျောင်းသား တပ်မတော်ကို ထူထောင်လိုက်ကြတာပါပဲ။

ကျောင်းသားတွေဟာ မတူခြားနားတဲ့ အခြေအနေမှာ မတူ ခြားနားတဲ့ ပုံသဏ္ဌာန်တွေနဲ့ ၈ လေးလုံး အရေးတော်ပုံကြီးကို ဆက်လက် မောင်းနှင်ဖို့ ကြိုးစားခဲ့ကြတယ်။ တိုက်ပွဲရဲ့ ပုံသဏ္ဌာန် ဘယ်လို ကွဲကွဲ တိုက်ပွဲရဲ့ ဦးတည်ချက် ဘုံ ရည်မှန်းချက်ကတော့ စစ်အာဏာရှင်စနစ် ဖြုတ်ချရေးပဲ ဖြစ်တယ်။ အဓိက အတိုက်အခံ ပါတီကြီး ဖြစ်လာတဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ကို ၁၉၈၈ ခုနှစ်၊ စက်တင်ဘာလ (၂၇) ရက်နေ့မှာ ထူထောင်လိုက်ပါတယ်။

မကဒတ (ABSDF) ကျောင်းသား တပ်မတော်ကိုတော့ ၁၉၈၈ ခုနှစ်၊ နိုဝင်ဘာလ(၁) ရက်နေ့ လွတ်မြောက်နယ်မြေမှာ ထူထောင်ခဲ့တာ ဖြစ်တယ်။

ကျောင်းသားနဲ့ လက်နက်ကိုင် တော်လှန်ရေး ဆက်စပ် ပတ်သက်မှုဟာ မြန်မာ့ နိုင်ငံရေး သမိုင်းမှာ လွန်ခဲ့သော နှစ်ပေါင်း များစွာ ကတည်းက ရှိနေခဲ့တာပါ။

၁၉၆၂ ခုနှစ် ဆဲဗင်းဂျူလိုင် အရေးအခင်းမှာ ဗကသ ဥက္ကဌ ကိုသက်၊ ဗကသ အထွေထွေ အတွင်းရေးမှူး ကိုတင်ထွန်း၊ တကသဥက္ကဌ ကိုဗဆွေလေး စသည်ဖြင့် ဗကသ၊ တကသ ကျောင်းသား ခေါင်းဆောင် အများအပြား လက်နက်ကိုင် တော်လှန်ရေးထဲ ကူးပြောင်းသွားခဲ့တဲ့ အစဉ်အလာ ရှိပါတယ်။

၁၉၇၄ ဦးသန့် အရေးအခင်းမှာ ကျောင်းသားခေါင်းဆောင် ချင်းတိုင်းရင်းသား ကိုတင်မောင်ဦး အပါအဝင် ကျောင်းသားတွေ တောခိုသွားခဲ့ကြတယ်။ တောထဲမှာ ပါလီမန်ဒီမိုကရေစီ ပါတီ (PDP)၊ ကရင် အမျိုးသား အစည်းအရုံး (KNU) တို့နဲ့ တိုင်ပင်ဆွေးနွေးပြီး ဥက္ကဌ ကိုတင်မောင်ဦး ခေါင်းဆောင်တဲ့ စစ်အာဏာ ရှင်ဆန့်ကျင်ရေး လက်နက်ကိုင် ကျောင်းသား သမဂ္ဂကို ဖွဲ့စည်းခဲ့ကြဖူးပါတယ်။

ဒါပေမဲ့ ကိုတင်မောင်ဦးဟာ မြို့ပြ လူထု တိုက်ပွဲ ဖော်ဆောင်ရေး အတွက် ရန်ကုန်ကို ပြန်ဝင်အလာ ၁၉၇၆ခုနှစ်၊ မှိုင်းရာပြည့် အရေးအခင်း မတိုင်ခင် တစ်ရက် အလိုမှာ အဖမ်းခံရပြီး အင်းစိန်ထောင်ထဲမှာ ကြိုးပေးခံခဲ့ရပါတယ်။

ကိုတင်မောင်ဦး ကျဆုံးသွားပြီးတဲ့နောက် စစ်အာဏာရှင် ဆန့်ကျင်ရေး လက်နက်ကိုင် ကျောင်းသားသမဂ္ဂ လည်း ၁၉၇၈မှာ PDP နဲ့ အတူ အားနည်း ပျောက်ကွယ်သွားခဲ့ရပါတယ်။

သို့သော် နောင် (၁ဝ)နှစ် ကြာတဲ့အခါ ရှစ်လေးလုံး အရေးတော်ပုံကြီး အပြီးမှာတော့ ကမ္ဘာပေါ်မှာ ဘယ်အမျိုးသား နိုင်ငံတော်မှာမှ ပေါ်ပေါက်ခဲ့ဖူးခြင်း မရှိတဲ့ ကျောင်းသားတပ်မတော် ဆိုတာ မြန်မာနိုင်ငံ သမိုင်းမှာ ထူးခြားစွာ ပေါ်ပေါက်လာခဲ့ပါတော့တယ်။

၁၉၆၂ခုနှစ် တော်လှန်ရေးကောင်စီ အာဏာသိမ်းပြီးနောက် ကျောင်းသားတွေ လက်နက်ကိုင် တော်လှန်ရေးထဲ ရောက်ရှိသွားခဲ့ကြပေမဲ့ ကျောင်းသားများရဲ့ လက်နက်ကိုင် တော်လှန်ရေး အခန်းကဏ္ဍ အနေနဲ့ သိသာ ထင်ရှားတဲ့ အနေအထားမှာ မရှိခဲ့ပါဘူး။

ဒီလိုပဲ ကိုတင်မောင်ဦးတို့ ဖွဲ့စည်းခဲ့တဲ့ စစ်အာဏာရှင် စနစ် ဆန့်ကျင်ရေး လက်နက်ကိုင် ကျောင်းသား သမဂ္ဂဟာလည်း သက်ဆိုး မရှည်ခဲ့ပါဘူး။ အခု ၁၉၈၈ ရှစ်လေးလုံး အရေးတော်ပုံကြီးကျတော့မှ ကျောင်းသားတွေရဲ့ လက်နက်ကိုင် တော်လှန်ရေးဟာ တစ်ခန်း တစ်ကဏ္ဍ အနေနဲ့ သိသာ ထင်ရှားလာ တာဖြစ်တယ်။

တကယ်ကတော့ မြန်မာ့နိုင်ငံရေးသမိုင်းမှာ သမိုင်းက တောင်းဆိုလို့ ပေါ်ထွက်လာတဲ့ ကျောင်းသား တပ်မတော်ရဲ့ လက်နက်ကိုင် တော်လှန်ရေးဟာ စစ်ပွဲသက်သက် မဟုတ်ပါဘူး။ ကျောင်းသားတွေရဲ့ လက်နက်ကိုင် တော်လှန်ရေးဟာ စစ်ပွဲပုံစံနဲ့ ဆင်နွှဲနေတဲ့ လူထုလှုပ်ရှားမှု တိုက်ပွဲပဲ ဖြစ်ပါတယ်။

ပြည်တွင်းမှာတော့ ရွေးကောက်ပွဲ အကြိုကာလ ၁၉၈၉ ခုနှစ်ထဲမှာ နဝတ အစိုးရက မတ်လ အတွင်း ကိုမင်းကိုနိုင်၊ ကိုကိုကြီးတို့ အပါအဝင် ဗကသ ကျောင်းသား ခေါင်းဆောင် အများအပြားကို မတရား ဖမ်းဆီးပြီး နှစ်ရှည် ထောင်ဒဏ်တွေ ချမှတ်လိုက်ပါတော့တယ်။

နဝတ ဟာ တစ်ဖက်မှာ ပါတီစုံ အထွေထွေ ရွေးကောက်ပွဲ ကျင်းပပေးမယ်လို့ ကတိ ပေးထားပြီး တစ်ဖက်မှာတော့ တရားဝင် ထူထောင်ထားတဲ့ နိုင်ငံရေး ပါတီတွေကို မတရား ဖိနှိပ် ချုပ်ချယ်နေတဲ့ အချိန်ပါ။

အဲဒီ အခြေအနေကြားမှာ လူ့ဘောင်သစ် ဒီမိုကရက်တစ် ပါတီကို ဦးဆောင် ထူထောင်သူလည်းဖြစ်၊ ဗကသ ကျောင်းသား ခေါင်းဆောင်လည်းဖြစ်တဲ့ ကိုမိုးသီးဇွန် လက်နက်ကိုင် တော်လှန်ရေးကို ကူးပြောင်းဖို့ ၁၉၈၉ခုနှစ် ဧပြီလ (၂၁)ရက်နေ့မှာ တောခိုသွားခဲ့ပါတော့တယ်။

၁၉၉ဝ မေလ (၂၇)ရက် ရွေးကောက်ပွဲမှာတော့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD အနိုင်ရခဲ့ပေမဲ့ ရွေးကောက်ပွဲပြီးလို့ရက်ပေါင်း (၆ဝ)အတွင်း အာဏာ လွှဲပေးမယ်ဆိုတဲ့ နဝတရဲ့ကတိ မတည်တဲ့ အတွက် NLD က ၁၉၉ဝ ဇူလိုင်လထဲမှာ ဂန္ဒီခန်းမ ညီလာခံ ကျင်းပခဲ့ပါတယ်။ ဒါကို နဝတ က ၁/၉ဝ အမိန့်
ထုတ်ပြန်ပြီး ရွေးကောက်ပွဲ ရလဒ်ကို မျက်ကွယ် ပြုလိုက်ပါတော့တယ်။

ဒီလိုနိုင်ငံရေး အကျပ်အတည်းကြားမှာ လူ့ဘောင်သစ် ပါတီဟာ မြေပေါ်မှာ တရားဝင် ပါတီ အဖြစ်နဲ့ ဆက်လက် ရပ်တည်လို့ မရတော့တဲ့အတွက် ၁၉၉ဝ နိုဝင်ဘာလထဲမှာ လွတ်မြောက်နယ်မြေကို ပါတီလိုက် ကူးပြောင်းခဲ့ရပါတော့တယ်။

ဒီနေ့ဆိုရင် ဗကသ ကျောင်းသား ခေါင်းဆောင်တွေ ဖြစ်တဲ့ ကိုမင်းကိုနိုင်၊ ကိုကိုကြီးတို့ ၈၈ မျိုးဆက် ကျောင်းသားတွေ နအဖ ရဲ့ အကျဉ်းထောင် အသီးသီးမှာ နှစ်ရှည် ထောင်ဒဏ်တွေ ကျခံနေရပြီး၊ ဗကသ မွေးထုတ်ပေးလိုက်တဲ့ မကဒတ (ABSDF) ကျောင်းသားတပ်မတော်နဲ့ လူ့ဘောင်သစ် ပါတီတို့ဟာလည်း
တော်လှန်ရေးအနှစ် (၂ဝ)တိုင်ခဲ့ပြီ မဟုတ်ပါလား။ ။
[ မူရင်း - RFA ]

MoeMaKa Daily e Newspaper - 8th Sept 2009

MoeMaKa Daily e Newspaper - 8th Sept 2009                                                                                                                           

Monday, September 7, 2009

မ၊က၊ဒ၊တ ဗဟိုမှ အကြောင်းပြန်ကြားစာ

Acknowledgement for Australia Branch                                                                                                                          

ထိုင်းနယ်စပ်ဒုက္ခသည် များထံသို့အလှူငွေပေးပို့ခြင်း

ဒုက္ခသည်စခန်း တာဝန်ခံ ဦးပီတာ ၏ ပြောပြချက်အရ စခန်းတွင် မိသားစု ၆၇၈ စု ရှိပြီး လူဦးရေ စုစုပေါင်း ၄၂၃၆ ဦးရှိပါတယ်။ အများစုက ဖာပွန်ခရိုင် မြောက်ဘက်ကျေးရွာတွေက လာကြတာ ဖြစ်ပြီး လက်ရှိလိုအပ်ချက်က ဆောင်းဝင်လာပြီဖြစ်တဲ့အတွက် ကြောင့် စောင်များလိုအပ်နေတယ် လို့ပြောပါတယ်။ ကလေးသူငယ်အများစု က ဖျားနေကြပြီး ဆပ်ပြာ။သွားတိုက်ဆေး စသဖြင့် လိုအပ်နေပါတယ်။

ကျွန်တော်တို့ ပို့လိုက်တဲ့ငွေစုစုပေါင်း က ထိုင်းဘတ်ငွေ ၆၇၅၀၀ ရတယ်လို့ပြောပါတယ်။ ကိုဝေလင်းဇင် က စက်တင်ဘာ ၁၃-၁၄ လောက်မှာ ဆင်း လိုအပ်သည်များကို အဆင်ပြေအောင်စီစဉ်ပေးမယ်လို့ ပြောပါတယ်။

Sunday, September 6, 2009

Happy Birthday Ei Zar Aung


3 years old daughter of ko Naing Aung
ABSDF ဆက်သွယ်ရေးတပ်ဖွဲ့ဝင် ကိုနိုင်အောင် ၏ သမီးငယ် အိဇာအောင် ၏ ၃ နှစ်ပြည့်မွေးနေ့

Thursday, September 3, 2009

Gmail - Fw: စက်တင်ဘာလ၏ပွဲဦးထွက်လှုပ်ရှားမှု

ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် ဓါတ်ပုံဖြန့် ဝေခြင်း လှုပ်ရှားမှု့  ကို ယနေ့  ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ ဖြစ်သော အင်္ဂါနေ့ တွင် ရန်ကုန် မြို့တွင်း မြို့ ပြင် များတွင်ဖြန့်  ဝေလိုက်သည် ။ရန်ကုန်မြို့  တွင်းနေရာများမှာ သိမ်ကြီးဈေးအနီးတ၀ိုက်၊ကြည့်မြင် တိုင်ညဈေး အနီး ၊ ပုဇွန်တောင်ဈေးအနီးတွင်လည်းကောင်း ပြလုပ်ခဲ့ပြီး ရန်ကုန်မြို့  ပြင်နေရာများမှာ လှိုင်သာယာမီးခွက်ဈေးနီးနှင့်  မင်္ဂလာဒုံဆယ်မိုင် ကုန်းအနီးတို့  တွင် ဖြန့်ဝေခဲ့သည် ။မိမိတို့  ဓါတ်ပုံ ဖြန့် ဝေရခြင်း၏ ရည်ရွယ်ချက် များဖြစ်သည့် “ စက်တင်ဘာ သံဃာအရေးတော်ပုံကြီးနှင့် အတူ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရမည်” “ပြည်သူ့  ခေါင်းဆောင်အတွက် ပြည်သူတွေကိုယ် တိုင် ကြိုးစားကြပါစို့” “အင်္ဂါနေ့ ည ရှစ်နာရီအချိန်တွင် မိမိနေအိမ်များ ၌ဓါရဏပရိတ်ရွတ်ဆိုကြပါစို့ ” ဆိုသည့်စာတန်းများအားလည်း ဓါတ်ပုံများနောက် တွင်ရေးသားဖြန့် ဝေခဲ့သည် ။

Wednesday, September 2, 2009

တင်ကိုကိုသမီးငယ်မွေးဖွား

မင်းသမီးစခန်း မှ ရဲဘော်တင်ကိုကို ၏ သမီးငယ် နှင်းသဇင်ကိုကို ကို စနေနေ့ ၂၉-၀၈-၀၉ တွင် ကင်တာဘူရီဆေးရုံတွင်ဖွားမြင်၍ မိခင်နှင့်သမီး ကျန်းမာစွာဖြင့် နေအိမ်သို့ပြန်လည် ရောက်ရှိ နေပြီဖြစ်သည်။

Tuesday, September 1, 2009

ABSDF ဗဟိုသို့ထောက်ပံ့မှု

ကျွန်တော်ဒီနေ့ပဲ $1000 ဗဟိုကို ပို့ပေးလိုက်ပါတယ်။

Greetings

မင်္ဂ လာပါ။ ဒီ blog address ကို လက်လှမ်း မှီ သလောက် member တွေ ဆီ ဖြန်. ပေး ကြပါ

ABSDF November Event

Plan to hold the event on first week on Nov 2009,and welcome your contributions and hope that event will bring for next conference in Australia.