Saturday, December 24, 2011

အရေးတော်ပုံများ ...လူများ၊ အဖြစ်အပျက်များ (၆)

မိုးမခ မီဒီယာ - MoeMaKa News & Media
အရေးတော်ပုံများ ...လူများ၊ အဖြစ်အပျက်များ (၆)
ကမာပုလဲ
ဒီဇင်ဘာ ၂၃၊ ၂၀၁၁


ပါတီကို စစ်အုပ်စုက မတရားအသင်းအဖြစ် ကြေညာဖျက်သိမ်းလိုက်တယ်။ မြို့ကလေးက ရဲဘော် အချို့နဲ့ ပါတီတခုလုံးက ရဲဘော် အတော်များများဟာ လက်နက်ကိုင် တော်လှန်ရေးအတွက် လွတ်မြောက်နယ်မြေကို ရောက်ရှိသွားခဲ့ပြီ။ ရဲဘော် အံ့ဇော်ကို ပြန်လွှတ်ပေးပြီးနောက်မှာ ထောက်လှမ်းရေး၊ ရဲနဲ့ သတင်းပေးတွေဟာ ပါတီဝင် ရဲဘော်တဦးချင်းစီကို အနီးကပ် စောင့်ကြည့်တာတွေ လုပ်နေခဲ့တယ်။

တွဲဖက်ကျောင်းဆရာဘဝနဲ့ စာသင်လိုက်၊ ကိစ္စရှိရင် မြို့တက်လိုက်၊ ကျန်ရှိနေသေးတဲ့ ပါတီက ရဲဘော်တွေနဲ့ အဆက်အသွယ်လုပ်ဖို့ ကြိုးစားရင်း လွတ်မြောက်နယ်မြေက ကျောင်းသား တပ်မတော်ကို ရောက်ရှိသွားတဲ့ ရဲဘော်တွေ သတင်းကို စုံစမ်းနေခဲ့တယ်။ ဒီလိုနဲ့ ၁၄၊ ၈၊ ၁၉၉၁ ခုနှစ် ကျောင်းသားတပ်မတော် တတိယ အကြိမ် ညီလာခံမှာ မိုးသီးဇွန်နဲ့ ဒေါက်တာနိုင်အောင် ကွဲခဲ့တယ်။ အကျိုးဆက်က ကျောင်းသား တပ်မတော် နှစ်ဖွဲ့ဖြစ်သွားခဲ့ရတာပါပဲ။ နှစ်ဖွဲ့ဖြစ်နေပေမယ့် အားလုံးဟာ ကျောင်းသားစိတ်ဓာတ်နဲ့ တရင်းတနှီးရှိနေကြဆဲဖြစ်တယ်ဆိုတဲ့ သတင်းတွေကိုလည်း တဆင့်စကားနဲ့ ကြားသိနေခဲ့တယ်။ ၇၊ ၁၁၊ ၁၉၉၁ မှာတော့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီဟာ လွတ်မြောက်နယ်မြေမှာ ပါတီအလံကို လွှင့်ထူခဲ့ပါတော့တယ်။

ရန်သူရဲ့ အနီးကပ် စောင့်ကြည့်ခြင်းကို ခံနေရတဲ့ နိုင်ငံရေးအရ လှုပ်ရှားရတာ၊ ဆက်သွယ် ဆက်ဆံရေးလုပ်ရတာတွေဟာ သိပ်ကို အကန့်အသတ်ကြီးနေခဲ့ပါတယ်။ အံ့ဇော်ဆိုရင် ဖမ်းဆီးထားရာက ပြန်လွှတ်ပေးပေမဲ့ မြို့ကလေးကနေ ဘယ်မှ မသွားရအမိန့်နဲ့ အကျယ်ချုပ်နေရတာ ဖြစ်တယ်။ အံဇော်ရော၊ အတွင်းရေးမှူး ကျော်တင့်ဦးရော၊ မိမိပါ ရွာခန့် ကျောင်းဆရာအလုပ်ကို ဝင်ရောက်လုပ်ကိုင်နေခဲ့တယ်။ အဲဒီကာလအတောအတွင်းမှာပဲ ကျိုက်လတ်က ရဲဘော်ကိုကိုနိုင် ဟာ အံ့ဇော်လို မြို့ရဲ့ အကျယ်ချုပ်ဘဝကနေ ညနေဘက် ရန်ကုန်ထွက်မယ့် ဧရာဝတီသင်္ဘောပေါ်တက်ပြီး ရန်ကုန်ကို ထွက်ခွာသွားခဲ့တယ်။ ရန်ကုန်မှတဆင့် ရဲဘော်တွေရှိရာ လွတ်မြောက်နယ်မြေကို တောခိုသွားပါတော့တယ်။ လွတ်မြောက် နယ်မြေရောက်လို့ သိပ်မကြာခင်မှာ အစာအိမ်ရောဂါနဲ့ ကျဆုံးသွားခဲ့တယ်။ သိပ်ကို ခင်ဖို့ကောင်းတဲ့ ရဲဘော်ကြီးပါ။ သူ့ကို လူချင်းတွေ့တဲ့အခါမျိုးမှာ လူလုံးကို သဲသဲကွဲကွဲ မမြင်ရခင် သူ့အပြုံးကို အရင်ဆုံး တွေ့ရတတ်သူပါ။

ဒီနေရာမှာ တင်ပြချင်တဲ့ တချက်က ပါတီက ရဲဘော်တွေ လက်နက်ကိုင်တော်လှန်ရေးလုပ်ဖို့ လွတ်မြောက်နယ်မြေကို ထွက်ခွာသွားတဲ့ကိစ္စပါ။ မြေပေါ်မှာ ပါတီနိုင်ငံရေးလုပ်မရလို့ လက်နက်ကိုင် တော်လှန်ရေးသွားလုပ်တာလားဆိုတဲ့ မေးခွန်းမျိုးတွေကို ရင်ဆိုင်ရတဲ့အခါမှာ ဖြေဖို့လိုလို့ ဖြေရတဲ့ အခြေအနေမျိုးနဲ့ ကြုံရတတ်ပါတယ်။ အဲဒီအခါမှာ အဖြေက အတွေးအခေါ်ရှင်းမှ၊ ခိုင်မှ အဖြေကလည်း ရှင်းမယ်၊ ခိုင်မာမှာ ဖြစ်တယ်။ ဆိုတော့ အရေးတော်ပုံကြီးကနေ စရပါတယ်။

မှန်တဲ့အတိုင်း ဝန်ခံရရင် ၈၈၈၈ အရေးတော်ပုံကြီးမှာ ဝင်ရောက်လှုပ်ရှားခဲ့စဉ်က နိုင်ငံရေးနဲ့ပတ်သက်လို့ မိမိတဦးတည်းအနေနဲ့ အတွေးအခေါ် အခိုင်အမာ မရှိသေးပါ။ တတိုင်းပြည်လုံး လက္ခဏာဆောင်တဲ့ လူထု အုံကြွမှုကြီးမှာ အစမ်းသပ်ခံ ပညာရေးစနစ်ရဲ့ သားကောင်ကျောင်းသားဘဝတွေ၊ ဗျုရိုကရက် အရာရှိဆိုးတွေ ဖိနှိပ်ချယ်လှယ်နေတဲ့ မဆလခေတ် အလုပ်သမားများရဲ့ အဖိနှိပ်ခံဘဝကိုဖြတ်သန်းရင်း အရေးတော်ပုံကြီးမှာ ပါဝင်လှုပ်ရှားခဲ့ကြတာ ဖြစ်တယ်။

နိုင်ငံရေးလုပ်တော့ နိုင်ငံရေးစာတွေ ဖတ်ရတယ်။ ဒီမိုကရေစီကို လေ့လာရတယ်။ ကမ္ဘာ၊ မြန်မာ နိုင်ငံရေးသမိုင်းတွေ လေ့လာခဲ့ကြတယ်။ ဒီတော့ သမိုင်းမှာဖျောက်ဖျက်ထားတဲ့ သမိုင်းအစစ်အမှန်တွေကို သိချင်၊ လေ့လာချင်ခဲ့တယ်။ ကျောင်းသားလှုပ်ရှားမှုတွေ၊ လွတ်လပ်ရေးတိုက်ပွဲ၊ ကိုအောင်ဆန်း၊ ကိုဗဟိန်း တို့မှသည် ငုရင်ဗန်ထရွိုင်း၊ ချေ၊ ကြိုးစင်ပေါ်က ဂျူးလိယက်ဖူးချစ်၊ ကိုကို၊ သခင်မြသန်း၊ မြသန်းတင့်နှင့် ဒဂုန်တာရာ ....။ အဖြေက တိုရှင်းပါတယ်။ ကိုယ့်ကိုယ်ကိုယ် အရင်ဖြေပြီးမှ၊ ကျေလည်ပြီးမှ ဖြစ်ရပါမယ်။ ‘လက်နက်နဲ့ အကြမ်းဖက် ဖိနှိပ်နေတဲ့ အတန်းအစား၊ နိုင်ငံရေး စနစ်တခုအောက်က အမှန်တကယ် လွတ်မြောက်ဖို့အတွက်ဆိုရင် လူ့သမိုင်းမှာ လက်နက်ကိုင်တော်လှန်ရေးဟာ မရှိမဖြစ် လိုအပ်တယ်’

ဒီအတွေးအခေါ်၊ ဒီယုံကြည်ချက်နဲ့ပဲ နောင်မှာ လက်နက်ကိုင် တော်လှန်ရေးရှိရာ လွတ်မြောက်နယ်မြေကို ရောက်ရှိလာခဲ့ပါတယ်။ မြေပေါ်က နိုင်ငံရေးပါတီ ဖျက်သိမ်းခံရပြီးတဲ့နောက်မှာ ကမ္ဘာ့နိုင်ငံရေး အခင်းအကျင်း ပြောင်းသွားခဲ့ပါတယ်။ ၁၅၊ ၁၂၊ ၁၉၉၁ မှာ ဆိုဗီယက် ရုရှရဲ့ သမ္မတ ဂေါ်ဘာချော်ဗ် သမ္မတ ရာထူးကနေ နှုတ်ထွက်သွားခဲ့တယ်။ ဆိုဗီယက်ပြည်ထောင်စုဟာ နိုင်ငံပေါင်း ၁၅ နိုင်ငံအဖြစ် ပြိုကွဲသွားခဲ့တယ်။ ဒုတိယကမ္ဘာစစ်အပြီး ကြိမ်မီးအုံးသလို ဖြစ်ပွားနေတဲ့ ‘စစ်အေးတိုက်ပွဲ’ မှာ အမေရိကန် ဦးဆောင်တဲ့ အနောက်အုပ်စုက အပြတ်အသတ်နိုင်ပြီး အဆုံးသတ်ခဲ့ပြီလို့ ပြောကြတယ်။

တဆက်တည်းမှာ နိုင်ငံရေး စကားဝိုင်းတွေထဲ ကြားရလာတတ်တဲ့ စကားလုံး အသစ်တွေ ရှိလာပါတယ်။ ကမ္ဘာပေါ်မှာ လေးနဲ့မြား မလိုတော့ဘူး၊ လက်နက်ကိုင် တော်လှန်ရေးခေတ် ကုန်သွားပြီ၊ ဒို့ကတော့ ရီဗော်လူးရှင်းကို လက်ခံရာမှာ အီဗော်လူးရှင်းရဲ့ အခြေခံအောက်ကပဲ၊ ငြိမ်းငြိမ်းချမ်းချမ်း ဖြစ်ပေါ်တိုးတက်မှုကိုပဲ လက်ခံတယ် ... ။

ထိုအချိန်မှစလို့ ငြိမ်းချမ်းရေးဟာ ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်ဖြစ်လာပါတော့တယ်။ ဟိုနေရာလည်း ငြိမ်းချမ်းရေး၊ သည်နေရာလည်း ငြိမ်းချမ်းရေးနဲ့ ငြိမ်းချမ်းရေးဟာ စကားလုံး အာဟာရအဖြစ်နဲ့ အမြည်းခံနေရအဖြစ်မျိုး ဖြစ်နေပါတယ်။

ဒီတော့ ငြိမ်းချမ်းရေးကို လေ့လာရပါတယ်။ ကမ္ဘာငြိမ်းချမ်းရေးရော၊ မြန်မာ့ငြိမ်းချမ်းရေး သမိုင်းပါ လက်လှမ်းမီသမျှ လေ့လာဖြစ်ကြပါတယ်။ သမိုင်းမှာ ဖိနှိပ် အနိုင်ယူထားသူတွေက ပြောခဲ့တဲ့၊ ပြောနေတဲ့ အပေါ်စီး ငြိမ်းချမ်းရေးစကားနဲ့ အဖိနှိပ်ခံ လူထုကြီးရဲ့ ငြိမ်းချမ်းရေး စစ်စစ်စကား နှစ်မျိုးကို သိရှိလာခဲ့တယ်။ ငြိမ်းချမ်းရေးဟာ လူသားအားလုံးအတွက် မရှိမဖြစ်တဲ့အရာ ဖြစ်တယ်။ ဒီမိုကရေစီ နိုင်ငံရေးအရလည်း ငြိမ်းချမ်းရေးဟာ ပန်းတိုင်ဖြစ်ရပါမယ်။ အဲဒီ ပန်းတိုင်ကို သွားရာလမ်းမှာ လက်နက်ကိုင် တော်လှန်ရေးနဲ့ အကြမ်းမဖက်တဲ့ လူထုတိုက်ပွဲများ ပေါင်းစပ်ရတာမျိုးဟာ နည်းပရိယာယ်အရဖြစ်တယ်ဆိုတာကို သိလာ၊ ခံစားလာခဲ့ရတယ်။ ဖိနှိပ်လွန်းတဲ့ ဖက်ဆစ်စနစ်၊ စစ်အာဏာရှင်စနစ်မျိုးရဲ့ အောက်မှာတော့ လက်နက်ကိုင်တော်လှန်ရေးဟာ အဓိက တိုက်ပွဲပုံသဏ္ဌာန် ဖြစ်လာခဲ့ပါတယ်။ ဒါဟာ ဆန္ဒစွဲ မဟုတ်ပါ။ လက်တွေ့ဘဝတွေအရ ဖြစ်တယ်ဆိုတာ သမိုင်းက သက်သေပြခဲ့၊ ပြဆဲ ဖြစ်ပါတယ်။

အင်တာနေရှင်နယ် လက်နက်ကိုင်တော်လှန်ရေးသမား ချေ ကလည်း ကမ္ဘာ့ အဖိနှိပ်ခံပြည်သူတွေအတွက် ငြိမ်းချမ်းရေးကို ချစ်တယ်၊ မြတ်နိုးတယ်၊ လိုချင်တယ်။ ပညာတတ် လက်နက်ကိုင် တော်လှန်ရေးသမား ကက်စထရိုနဲ့ ချီလီနိုင်ငံက နိုင်ငံတော် လုပ်ကြံသတ်ဖြတ်မှုကိုခံခဲ့ရတဲ့ ပြည်သူ့သမ္မတစစ်စစ် အာယာန်ဒေး ကလည်း ငြိမ်းချမ်းရေးကို ချစ်တယ်။ ငြိမ်းချမ်းရေးရဲ့ ဗိသုကာ ဆရာကြီး သခင်ကိုယ်တော်မှိုင်းသည်လည်း ငြိမ်းချမ်းရေးစစ်စစ်ကို ကွယ်လွန်သည်အထိ မြင်တွေ့ မသွားရရှာခဲ့၊ ဆရာ ဒဂုန်တာရာသည် ငြိမ်းချမ်းရေးကို လိုချင် လှုပ်ရှားခဲ့သူ။ ရဲဘော်သုံးကျိပ်ဝင် ဖက်ဆစ်တော်လှန်ရေး ခေါင်းဆောင်တဦးဖြစ်သူ ဗိုလ်ချုပ်ကျော်ဇောသည်လည်း ငြိမ်းချမ်းရေးအတွက် ယုံကြည်လှုပ်ရှားခဲ့သူ။ သူတို့နှစ်ဦးမှာ ယနေ့ သက်ရှိထင်ရှား ရှိနေကြဆဲ။ အသက် ၉၀ ကျော်ကုန်ကြပြီ။ ခုထိ ငြိမ်းချမ်းရေး၏ ရနံ့ အငွေ့အသက်ကိုပင် ခံစားနိုင်ခွင့်မရှိခဲ့၊ မရှိနိုင်သေး ... ။ ဖိနှိပ်သူ စစ်အာဏာရှင် စနစ်အောက်တွင် ငြိမ်းချမ်းရေး စစ်စစ်သည်ကား ပြည်သူလူထုအတွက် ရွှေပြည်တော် မျှော်တိုင်းဝေး ဖြစ်နေရသည်ကို ...။

၂၃၊ ၆၊ ၂၀၁၁ နေ့တွင် ဗိုလ်စောမောင် နဝတ ဥက္ကဋ္ဌ ရာထူးမှ ပြုတ်ပါတယ်။ ကျန်းမာရေး (ဦးနှောက် မမှန်ဟု သတင်းလွှင့်ခံရ) အရဟု ဆိုပါတယ်။ ဗိုလ်သန်းရွှေက ဥက္ကဋ္ဌ ဖြစ်လာပါတယ်။ အကျအဆုံးများကာ တပ်များကို ကွပ်ကဲရခက်နေသည့် နဝတ စစ်အုပ်စုသည် ကရင့် လက်နက်ကိုင် တော်လှန်ရေးနယ်မြေတွင် ထိုးစစ်များ ရပ်ဆိုင်းခဲ့ပါတယ်။ ၂၈၊ ၄၊ ၁၉၉၂ နေ့တွင် ဖြစ်ပါတယ်။ ဝါဒဖြန့်ချိရေးက နောက်ကနေ လိုက်အော်ပါတယ်။ သိပ်ပြီး ငြိမ်းချမ်းရေးကို လိုချင်လွန်းလို့၊ တိုင်းရင်းသား ညီနောင် အချင်းချင်းတွေ ... ဘာဖြစ်တယ်၊ ညာဖြစ်တယ်ပေါ့လေ ... ။

ပြည်တွင်းမှာတော့ နိုင်ငံရေးအရ ဖိနှိပ်ချေမှုန်းရေးတွေကို တိုးမြှင့်လုပ်ဆောင်နေခဲ့တယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဂန္ဓီခမ်းမ တောင်းဆိုချက်ကို နဝတက အမျိုးသားညီလာခံနဲ့ တုံ့ပြန်လိုက်တယ်။ ညီလာခံမှာ ဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဆွဲမယ်။ ညီလာခံ တက်ရောက်ခွင့်ရသူများဟာ စစ်အုပ်စုရဲ့ လက်ညှိုးထောင် ခေါင်းညိတ် ကိုယ်စားလှယ်အများစု ဖြစ်စေရမယ်။ အခြေခံ ဥပဒေရေးဆွဲပြီးမှ လွှတ်တော်ခေါ်ပေးမယ်။ အချိန်ကာလအားဖြင့်တော့ ဘယ်ရွေ့ ... ဘယ်မျှဆိုတာ ....

နဝတက ၂၃၊ ၆၊ ၁၉၉၂ မှာ အမျိုးသားညီလာခံအတွက် ညှိနှိုင်းဆွေးနွေးပွဲကို ကျင်းပပါတယ်။ ၂၊ ၁၀၊ ၁၉၉၂ တွင် ညီလာခံကျင်းပရေး ကော်မရှင် ဖွဲ့စည်းတယ်။ နဝတ၏ ၁၄/၉၂ အမိန့်ဒီကရီ ကြေညာချက် ထွက်လာပါတော့တယ်။ ၉၊ ၁၊ ၁၉၉၃ နေ့တွင် အမျိုးသားညီလာခံကို အဓမ္မ ကျင်းပခဲ့ပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဂန္ဓီခမ်းမကြေညာချက်ကို မေ့မေ့ပျောက်ပျောက် ထားရစ်ခဲ့ပြီ။ မမေ့နိုင်သူတွေသာ ခံစားကြပေတော့။ ညီလာခံသို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါဝင် တက်ရောက်ခဲ့ပါတယ်။

အကျဉ်းထောင်ထဲမှာတော့ နိုင်ငံရေးအကျဉ်းသားတွေ သမိုင်းဂုဏ်ရောင်ပြောင်စွာ တိုက်ပွဲဝင် ကျဆုံးနေကြတယ်။ ၁၆၊ ၂၊ ၁၉၉၃ မှာ ပြည်သူ့တိုးတက်ရေးပါတီ (ပီသုံးလုံး) ဥက္ကဋ္ဌ ဦးခင်မောင်မြင့် ကျဆုံးတယ်။ ပြည်သူ့တိုးတက်ရေးပါတီနဲ့ (ဒ မ ဖ) ခေါင်းဆောင် ဦးညိုဝင်း၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခရမ်းအမတ် ဦးတင်မောင်ဝင်းတို့ ထောင်တွင်းမှာ ကျဆုံးခဲ့ကြတယ်။ သုံးဦးစလုံးဟာ ကိုကိုးကျွန်းပြန်တွေဖြစ်ခဲ့ကြပြီး ဗမာပြည်ရဲ့ လွတ်မြောက်ရေး တိုက်ပွဲဝင်သမိုင်းမှာ အစဉ်အလာကြီးခဲ့သူတွေ ဖြစ်ပါတယ်။

သစ္စာဖောက်နှင့် သူရဲကောင်းတို့သည်ကား သမိုင်းခေတ် အဆက်ဆက်တွင် ယှဉ်လျက် မွေးဖွားတတ်သည့်သဘောကို နာကျင် ဂုဏ်ယူစွာ ခံစားလိုက်ရပါတယ် .... ။ ။
Sent with Reeder

Regards

AN

Thursday, December 1, 2011

ရှစ်လေးလုံးစိတ်ဓာတ် (၁+၂+၃+၄) (မောင်မောင်စိုး)

New Generations

ရှစ်လေးလုံးစိတ်ဓာတ် (၁+၂+၃+၄) (မောင်မောင်စိုး)

" ရှစ်လေးလုံးစိတ်ဓာတ် (၁)" (မောင်မောင်စိုး)ဲ
July 22,2010

အင်မတန်ရိုးသားတဲ့တောသူတောင်သားတွေက ဗိုလ်ချုပ် ရဲ့ သမီးလေးပါတီက ခမောက်ကို မဲထည့်ကြဟေ့..ဆိုပြီး အန်အယ်လ်ဒီကို ထောက်ခံခဲ့ကြတာပါ။ ဗိုလ်ချုပ်ရဲ့ သမီးလေးက တို့ တိုင်းပြည်မှာ ဒီမိုကရေစီ ရအောင် လုပ်ပေးမှာ၊ ဒီမိုကရေစီ ရရင် ငါတို့ အားလုံး စားနိုင်သောက်နိုင် ပြေလည်ကြမှာဟေ့.. ဆိုတဲ့ ရိုးသားတဲ့အသိနဲ့ နှလုံးသားထဲက နှစ်နှစ်ကာကာ ယုံကြည်ပြီး မဲပုံပေးခဲ့ကြတာ ၁၉၉၀ ရွေးကောက်ပွဲက သက်သေခံနေပါတယ်။ ဒီအဖြစ်အပျက်တွေဟာ ပဲခူးတိုင်း အရှေခြမ်းက ဒေသတချို့ မှာ တကယ်ဖြစ်ခဲ့ကြတာပါ။ ဗိုလ်ချုပ်ဆိုတာ လွတ်လပ်ရေးဖခင် ဗိုလ်ချုပ်အောင်ဆန်းကို ပြောကြတာပါ။ ဗိုလ်ချုပ်ရဲ့ သမီးလေးဆိုတာကတော့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစု ကြည်ပဲ ဖြစ်ပါတယ်။
ဒါကြောင့် ခမောက် ဟာ ၁၉၉၀ မေလကတည်းက လူထု နှလုံးသားမှာ အထင်ကရ ကိန်းဝပ်နေတဲ့ တခုတည်းသော အမှတ်တံဆိပ် သာဖြစ်ပါတယ်။ နောက်တခုက ပင်နီတိုက်ပုံ၊ ပင်နီရင်ဖုံး၊ ကချင်လုံချည်နဲ့ အတူ ခမောက်ဆောင်းထားတဲ့ သူဟာ အမျိုးသားဒီမိုကရေစီ အဖွဲ့ ချုပ် ရဲ့ အဖွဲ့ ဝင်တွေဆိုတာ လူတိုင်းလူတိုင်း အသိအမှတ် ပြုကြပါတယ်။ အဲဒီလို အန်အယ်လ်ဒီ ရဲ့ ပြရုပ်အဖြစ် ဒီအမှတ်တံဆိပ်တွေ လူထုကြားထဲမှာ စွဲမြဲစွာ ထင်ကျန်နေစေဖို့အတွက် အန်အယ်လ်ဒီ အဖွဲ့ ဝင်ပေါင်းများစွာ ထောင်ကျခံ အသေခံ လှုပ်ရှားလာခဲ့တာ လှည်းနေလှေအောင်း မြင်းစောင်းပါမကျန် တတိုင်းလုံး တပြည်လုံးအသိပါ။
ဒီမိုကရေစီ သဘောအရ သူတို့ ကြိုက်တဲ့ အမှတ်တံဆိပ်ကို သုံးခွင့်ရှိတယ်ဆိုပေမယ့်လည်း....

မျက်နှာပြောင်တိုက်ပြီး နိုင်ငံရေးအညွန့်ခူးစား...ကလိန်ကကျစ်ကျနေကြတာတွေကိုတော့ ပြတ်ပြတ်သားသား ဆန့် ကျင်ရှုတ်ချသွားကြဖို့ လိုပါတယ်။ ကျောင်သားအမည်ခံ အုပ်စုကလည်း သမိုင်းဝင်အလံတော်ကို အလွဲသုံးစားလုပ် ပုံမှားရိုက်ဖို့ ကြိုးစား ခဲ့ပါသေးတယ်။

နိုင်ငံတကာနဲ့ လူထုကို ၂၀၁၀ ရွေးကောက်ပွဲနဲ့  လိမ်လည်လှည့်စားဖို့ နအဖ စစ်အုပ်စုက တဘက်သတ် ညစ်ပတ်နေတာနဲ့ တပြိုင်နက်ထဲမှာပဲ အသားထဲကထွက်တဲ့ လောက်ကောင်တွေကလည်း ပြည်သူကို မျက်စိလှည့်နားလှည့် ပုံမှားရိုက်ကလိန် ကကျစ်ကျ.. တိုင်းပြည်ကိုနစ် သထက် နစ်အောင် ချောက်ထဲတွန်းပို့ နေပြန်ပါတယ်။ အဲ့ဒီ အချောင်သမား အခွင့်အရေးသမားတွေကို လူထုအနေနဲ့ သော်၎င်း၊ ဒီမိုကရေစီ အင်အားစု အစစ်အမှန်တခုလုံးအနေနဲ့ သော်၎င်း.. ဆန့် ကျင် တိုက်ဖျက်သွားရန် လိုအပ်ပါတယ်။

ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ၁၉၉၀ ရွေးကောက်ပွဲ ရလဒ်ကို လျစ်လျူရှု ကျော်လွန်ဲပြီး၊ ၂၀၁၀ ရွေးကောက်ပွဲကို လုံးဝ ဆန့်ကျင်တိုက်ဖျက်သွားရေးကိုသာ ကျနော်ယုံကြည်ပါတယ်။ တခြားပါတီများအနေနဲ့ မိမိတို့ ယုံကြည်ရာ နိုင်ငံရေး တွက်ချက်မှုများနဲ့ ရိုးသားစွာ ရွေးကောက်ပွဲ ၀င်မယ်ဆိုတဲ့ မဟာဗျူဟာ ကွဲလွဲချက်ကို ကျနော့်အနေနဲ့ လက်မခံခဲ့ ပေမယ့်လည်း ဒီမိုကရေစီတိုက်ပွဲ မအောင်မြင်သေးခင် ဒီမိုကရေစီကျင့်စဉ်ရဲ့ အားနည်းချက်တွေပဲ ဆိုပြီး ဖြေသိမ့်ခွင့်လွှတ်နိုင်ပါသေးတယ်။
အခုလို ပြည်သူလူထု အများက တခဲနက်ထောက်ခံပြီးသား အမှတ်တံဆိပ် ဖြစ်တဲ့ ခမောက်ကို သုံးလိုခြင်းကိုက သူများခင်းပြီးသားလမ်းမှာ ခူးပြီး ခပ်ပြီးသားကို အသင့်စားချင်နေကြတဲ့ ကိုယ်ကျိုးရှာမည့်အချောင်သမားများသာဖြစ်တယ် ဆိုတာ ယုံမှားသံသယ ရှိစရာ မလိုတော့ပေ။အန်အယ်လ်ဒီ ကနေ နှုတ်ထွက်ပြီး ၊ ကိုယ်ပိုင် ပါတီ ထောင်ကာ ရွေးကောက်ပွဲဝင်မယ် ဆိုပြီး ဘာကြောင့် အန်အယ်လ်ဒီ နှာခေါင်းပေါက်နဲ့အသက် ရှူချင်ကြတာလဲ ။ အဖြေကတော့ ရှင်းပါတယ် ။ဒေါက်တာသန်းငြိမ်း နဲ့ ဦးခင်မောင်ဆွေတို့  အုပ်စုဟာ စစ်အုပ်စုအလိုကျ မျက်နှာ ပြောင်တိုက်ကပြရတော့မည့် ကိုယ်ကျိုးရှာလောက်ကောင်များအဖြစ်သာ သမိုင်းတွင်ရစ်စေတော့မှာဖြစ်ပါတယ်။ ဗိုလ်ချုပ်အောင်ကြီးလို လူမျိုးတောင်မှ ဒလိမ့်ခေါက်ကွေး သမိုင်းကွေး ခဲ့ရတာကို ကြည့်နိုင်ပါတယ်။ သို့ သော်လည်းပဲ ရွေးကောက်ပွဲ မစခင် အချိန်မီ အမြင်မှန်ရကြပြီး အန်အယ်လ်ဒီ ကို ပြန်လည်ပူးပေါင်းကာ ပြည်သူ့ ဘက်တော်သားများအဖြစ် မိမိတို့ သမိုင်းဆိုး များကို ပြန်လည်ဆေးကြောကြစေလိုပါတယ်။ အမှားများကို မှားပြီးရင်း မမှားစေလိုသောကြောင့် စေတနာဖြင့် တင်ပြခြင်းသာဖြစ်ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ( အန်အယ်လ်ဒီ )သည် ရှစ်လေးလုံး လူထုအရေး တော်ပုံကြီး က မွေးဖွားပေးခဲ့သော လူထုပါတီတရပ်ဖြစ်သည်။

ရှစ်လေးလုံးစိတ်ဓာတ် ထာဝစဉ်ရှင်သန်နိုင်ကြပါစေ . .။

(မောင်မောင်စိုး)
jul22,2010
အပိုင်းအလိုက် ဆက်လက် ဖော်ပြသွားပါမည်။(ဟစ်တိုင် စာတည်းအဖွဲ့)
-------------------------------------------

" ရှစ်လေးလုံးစိတ်ဓာတ်(၂)"- (မောင်မောင်စိုး)-jul27,2010

၁၉၄၁ ခုနှစ်၊ မတ်လ(၁၀) ရက်နေ့မှာ ဒို့ဗမာအစည်းအရုံး သခင်များ၏ အစီအစဉ်နဲ့ သခင်အောင်ဆန်း ဦးဆောင်တဲ့ ရဲဘော်သုံးကျိပ်ဟာ ဂျပန်နိုင်ငံကို စစ်ပညာများသင်ကြားရန် သွားရောက်ခဲ့ကြပါတယ်။ ဗြိတိသျှကိုလိုနီထက် ဆိုးတဲ့ ဖက်ဆစ်ဂျပန်နဲ့ပေါင်းပြီး လွတ်လပ် ရေး အရယူမယ်ဆိုတဲ့ မဟာဗျူဟာကို နိုင်ငံရေးခေါင်းဆောင်တချို့ က သဘောမကျကြပါဘူး။ ဒါပေမယ့်လည်း ဗြိတိသျှ ကိုလိုနီအစိုးရကို ပင်းပြီး ဒီမဟာဗျူဟာကြီးပျက်အောင် "ဒီခေတ်လို" ကလိမ်ကကျစ်ကျ ကိုယ်ကျိုးရှာတဲ့ နိုင်ငံရေးလုပ်စားသူ မရှိခဲ့သလို၊ ဂျပန်ကိုပြန်တိုက်တော့ လည်း တညီတညွတ်တည်း လက်တွဲတိုက်ပွဲဝင်ခဲ့ကြတဲ့ ဖက်ဆစ်တော်လှန်ရေးသမိုင်း မှတ်တိုင်များရှိခဲ့ပါတယ်။
၁၉၃၀ နောက်ပိုင်းနှစ်များမှာတော့ ဒီနေ့ ဒီမိုကရေစီရေး တိုက်ပွဲကာလနဲ့ ခပ်ဆင်ဆင်တူပြီး တိုက်ပွဲလမ်းကြောင်းတွေေ၀၀ါးနေခဲ့ပါတယ်။ ကိုလိုနီဗြိတိသျှ ကျွန်ဘ၀ အဓွန့်ရှည်စေမည့် ဒိုင်အာခီအုပ်ချုပ်ရေး၊ ၉၁ဌာနအုပ်ချုပ်ရေး၊ ဟုမ်းရူးအုပ်ချုပ်ရေး စသည့် အခွင့်အရေးများမှတဆင့် လွတ်လပ်ရေးကို အရယူဖို့ အာသီသ ပြင်းပြတဲ့ ခေါင်းဆောင်များလည်း ရှိခဲ့ပါတယ်။ ဒါပေမယ့်လည်း လုံးဝလွတ်လပ်ရေးဆိုတဲ့ လွတ်လပ်ရေးတိုက်ပွဲပန်းတိုင်နှင့်အတူ့ လွတ်လပ်ရေးသည်ပထမ၊ လွတ်လပ်ရေးသည် ဒုတိယ၊လွတ်လပ်ရေးသည် တတိယ၊ ဆိုတဲ့ တိုက်ပွဲခေါ်သံနောက်မှာ အားလုံးအတူတကွ တိုက်ပွဲဝင်ရင်း လွတ်လပ်ရေးအောင်ပန်းကို အရယူခဲ့ကြပါတယ်။

ယနေ့ခေတ် ဒီမိုကရေစီတိုက်ပွဲတလျှောက်မှာတော့ ဒီမိုကရေစီနည်းလမ်းကျ ကိုယ့်သဘောကိုယ်ဆောင် ထင်ရာတွေလုပ်နေကြတာကြောင့် တိုက်ပွဲလမ်းကြောင်းတွေ လွဲချော်နေပြီး အောင်ပွဲနဲ့ဝေးနေတာကို တွေ့ရပါတယ်။ အဓိကအားဖြင့် တခုတည်းသော မဟာဗျူဟာ ဦးဆောင်မှု ရှိမနေခြင်း၊ တခုတည်းသောတပ်ပေါင်းစု(သို့မဟုတ်)တခုတည်းသော ဦးဆောင်မှုအောက်တွင် တိုက်ပွဲမ၀င်နိုင်ခြင်းတို့ကြောင့် အောင်ပွဲနဲ့ဝေးနေရခြင်းဖြစ်ပါတယ်။ တော်လှန်ရေးကာလသတ်မှတ်ချက်နှင့် တခုတည်းသော ဦးဆောင်မှုအောက်တွင် နည်းဗျူဟာမျိုးစုံ၊ အသုံးပြု တိုက်ပွဲဆင်နိုင်မှသာ ဒီမိုကရေစီအောင်ပန်းကို ဆွတ်ခူးနိုင်မှာဖြစ်ပါတယ်။ " ဒီမိုကရေစီရှိမှသာလျှင် တန်းတူရေးနှင့်သာတူညီမျှရေးရှိလာမည်၊ တန်းတူရေးနှင့်သာတူညီမျှရေးရှိမှသာလျှင် စစ်မှန်သောဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်နိုင်မှာဖြစ်ပါတယ်။ "
ရှစ်လေးလုံးကာလကိုပြန်ကြည့်ပါက ဘာကြောင့်ပြည်သူတရပ်လုံး တခဲနက်ပါဝင်လာပြီး အောင်ပွဲခံနိုင်ခဲ့ပါသလဲ၊ နိုင်ငံရေးဆရာ့ ဆရာကြီးများက အမျိုးမျိုးပြော နေကြသော်လည်း တကယ်တမ်း လက်တွေ့မှာတော့ ကျောင်းသားများ၏ ဦးဆောင်မှုတခုတည်းအောက်တွင် တိုက်ပွဲဝင်ခဲ့ကြသောကြောင့်ပင်ဖြစ်သည်။ အထူးသဖြင့် နယ်ဘက်ဒေသများတွင် ပိုပြီးထင်ရှားပါသည်။ ရန်ကုန်က ကျောင်းသားသမဂ္ဂရဲ့ ကြေညာချက်အရ ဘယ်နေ့ဘယ်ရက်မှာ ပြည်လုံးကျွတ်ဆန္ဒပြကြမည်ဆိုသည့် တဆင့်စကား လက်ဆင့်ကမ်း တိုက်ပွဲခေါ်သံများဖြင့် လူထု တရပ်လုံး လမ်းမများပေါ်မှာ ရဲရဲတောက်တိုက်ပွဲဝင်ခဲ့ကြပါတယ်။ တကယ်တော့ နယ်တွင် ဦးဆောင်နေသော ကျနော်တို့ကိုယ်တိုင် ထိုကြေညာချက်များကို မရရှိခဲ့စေကာမူ -စိတ်ထဲတွင် တကယ်ယုံကြည် စွဲမြဲနေသည့် ဦးဆောင်မှု တိုက်ပွဲခေါ်သံများပင်ဖြစ်ခဲ့ပါတယ်။

အဲဒီ့အချိန်က ရန်ကုန်ရှိ ဘယ်ကျောင်းသားသမဂ္ဂက (ဗကသ၊ မကသ၊ ရကသ၊ စသ ဖြင့်) ဦးဆောင်နေတယ်ဆိုတာလဲ ကျနော်တို့မသိခဲ့။ သိဖို့လိုသည်ဟုလည်း မထင်မိခဲ့ပေ။ ကိုယ့်မြို့နယ်တွင်းရှိ ကောလိပ်ကျောင်းသားများကို ဗဟိုထားပြီး အခြားသောသမဂ္ဂများနှင့်ညှိနှိုင်းဆောင်ရွက်ရင်း လုံးဝညီညွတ်မှုအပြည့်ရှိခဲ့ကြသော ကာလများပင်ဖြစ်ပါတယ်။ သပိတ် တပ်သားအချင်းချင်းလည်း ယုံကြည်မှုအပြည့် ကိုယ်စီရှိခဲ့ကြပါတယ်။ တိုက်ပွဲလမ်းကြောင်း ကြွေးကြော်သံများနှင့်အညီ တပါတီအာဏာရှင် ဦးနေ၀င်းနဲ့ မဆလပါတီကို တကယ်ပင်ဖြုတ်ချ နိုင်ခဲ့ပါတယ်။
"ခါးသည်းတဲ့အတွေ့ အကြုံအရ အတုမရှိ ခေါင်းဆောင်ကြီးဝါဒကို ပယ်ရှားပြီး၊ ပါတီတွင်း ဒီမိုကရေစီကို အပြည်အ၀လိုက်နာကျင့်သုံးမယ်" ဆိုပြီး၊ ပါတီအသစ်ထောင်ကာ ရွေးကောက်ပွဲဝင်မည့်လူတစု၏ ခေါင်းဆောင်တယောက်(-------) က အန်အယ်လ်ဒီပါတီမှနုတ်ထွက်စဉ် က ကြုံးဝါးခဲ့ပါတယ်။ ဒါဟာ မှားယွင်းလွဲချော်နေတဲ့ ကိုယ်ကျိုးရှာဝါဒ တခုသာဖြစ်ပါတယ်။ တိုက်ပွဲကာလမှာ ဗဟိုဦးစီးစနစ်နဲ့ တိကျတဲ့ခေါင်းဆောင်ဆိုတာ ရှိကိုရှိရပါမယ်။
တိကျတဲ့တိုက်ပွဲ မဟာဗျူဟာနဲ့ တိကျတဲ့တိုက်ပွဲခေါင်းဆောင်မရှိတဲ့ တော်လှန်ရေးတရပ်ဟာ စက်ခေါင်းတွဲနဲ့ စက်ခေါင်းမောင်းသူမပါတဲ့ မီးရထားတစင်းလိုပါပဲ။ အရှေ့သို့ရွေ့လျား တိုးတက်မှု အလျင်းမရှိ -အောင်ပွဲနဲ့အလှမ်းဝေးနေကြရဦးမှာ မလွဲပေ။
ဒီမိုကရေစီတိုက်ပွဲတလျှောက် အသက်သွေးချွေး ပေးဆပ်သွားခဲ့ကြကုန်သော သူရဲကောင်းအပေါင်းလည်း မနည်းတော့ပြီ။ ဆိုးရွားရက်စက်လှသော အကျဉ်းထောင်များအတွင်း တခါမှမကြားဘူးသော နှစ်ရှည်ထောင်ကျခံ ပေးဆပ်နေသူများလည်း မျက်ဝါးထင်ထင်။ လက်နက်ကိုင်တော်လှန်ရေးခရီးကြမ်းမှာ တိုက်ပွဲဝင်နေကြသူတွေလည်းရှိ။ ၉၀ ရွေးကောက်ပွဲ လူထုသဘောထားအရ ပါတီမှတ်ပုံမတင၊် ရွေးကောက်ပွဲမ၀င်ဘဲ၊ တောင့်ခံ သပိတ်တိုက်ပွဲဝင်တဲ့ ပါတီက၀င်။ ၂၀၁၀ ရွေးကောက်ပွဲဝင်မည့်သူများကလည်း ကိုယ့်တွက်ကိန်းနဲ့ကိုယ့်လမ်းဖောက်နေကြ။ ခေါင်းပေါင်းတပြင်ပြင်နဲ့တိုင်းပြည်ရဲ့အဆီအနှစ်တွေကို ထိုင်ဝါးမယ့်သူတွေကလည်းအဆင်သင့်။ လက်နက်အသင့် ကိုယ့်နယ်မြေနဲ့ကိုယ် စီးပွားရှာ ဆက်ကြေးကောက်စားမယ့်အုပ်စုတွေကလည်း ကိုယ့်အကြံအစည်နဲ့ကိုယ်။ ဒီကနေ့ ဒီလိုအခြေအနေတွေဟာ ဗိုလ်သန်းရွှေတို့ အကြိုက် စစ်အာဏာရှင်သက်ဆိုး ရှည်စေမည့် သူတဗိုလ် ငါတမင်း-ကသောင်းကနင်း အခြေအနေတွေပါပဲ။ ဒီအခြေအနေတွေအောက်မှာတော့ ကျနော်တို့ ခင်ဗျားတို့တိုင်းပြည် နလံထူဖို့ တယ်မလွယ်လှပါဘူး။
ဒီလိုကသောင်းကနင်းဖြစ်နေရတာဟာ တိကျတဲ့ခေါင်းဆောင်မှုမရှိခြင်းကြောင့်ပဲဖြစ်ပါတယ်။ ဒါကိုတိုက်ရိုက်ရှင်းရှင်းပြောရရင်တော့ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ တခုလုံးကို ခေါင်းဆောင်ဖို့ အသင့်တော်ဆုံးအချိန် အခါပါပဲ။ သူမရဲ့ အရည်အချင်း နှလုံးရည်ပြည့်ဝမှုတွေကို အသာထားပြီး အောက်ပါအချက်(၃)ချက်နဲ့ပင် ခိုင်လုံနေပါတယ်။
၁။ ဒေါ်အောင်ဆန်းစုကြည်သည် ပြည်သူလူထု၏အသည်းနှလုံးဖြစ်သည်။
၂။ ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံတကာ ယုံကြည်လေးစားခံရသူဖြစ်သည်။
၃။ ဒေါ်အောင်ဆန်းစုကြည်အား စစ်အုပ်စုက အလွန်ကြောက်ကြသည်။
ဒါပေမယ့်လည်း အချို့ သောဒီမိုကရေစီခေါင်းဆောင်များနှင့် တိုင်းရင်သားလူမျိုးစု ခေါင်းဆောင်များက ဒေါ်အောင်ဆန်းစုကြည်၏ ဦးဆောင်မှုကို အမှန်စင်စစ် လက်တွေ့အားဖြင့် မခံယူလိုကြပေ။ သဘောတရားအရ မငြင်းဆန်ကြခြင်းသာဖြစ်သည်။
ထိုအချက်သည်ကား ဒီမိုကရေစီတိုက်ပွဲ၏ အဓိကသော့ချက်ပင်ဖြစ်တော့သည်။
ရှစ်လေးလုံးလူထုအရေးတော်ပုံကြီးမှ ဒေါ်အောင်ဆန်းစုကြည်အား မွေးဖွားပေးခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်သည် လူထုခေါင်းဆောင်ဖြစ်သည်။

ရှစ်လေးလုံးစိတ်ဓာတ် ထာဝစဉ်ရှင်သန်နိုင်ကြပါစေ၊

(မောင်မောင်စိုး)
၁-၂၆၀-၄၂၆ ၄၁၂၁
ဂျူလိုင်လ(၄)ရက်၊၂၀၁၀။

အပိုင်း(၃)ဆက်လက်ဖော်ပြပါမည်။(ဟစ်တိုင်)

---------------------------------
 "ရှစ်လေးလုံးစိတ်ဓာတ် (၃)"-(မောင်မောင်စိုး)

၁၉၄၀၊ဇွန်လ(၁)ရက်နေ့ -ဟင်္သာတ စီရင်စု ဇလွန်မြို့ ဒို့ ဗမာအစည်းအရုံးညီလာခံ အပြီး ညပိုင်းတရားပွဲတွင် သခင်အောင်ဆန်းနှင့် သခင်တင်မောင်(ကျုံမငေး)တို့ဟောပြောကြလေသည် ။ ထိုအခိုက် ပုလိပ်အရာရှိတဦးရောက်လာပြီး သခင်အောင်ဆန်းအား စာတစောင် ပေးလေသည်။ ထိုစာမှာ သခင်အောင်ဆန်းအား ချင်းတောင်နယ်အကြောင်း ထည့် မဟောပြောရန် -ဗြိတိသျှအစိုးရမှ တားမြစ်သည့်အမိန့်စာဖြစ်သည်။ ဒါပေသိ သခင်အောင်ဆန်းကတော့ ထိုတားမြစ်မိန့်အား စိုးစဉ်းမျှဂရုမစိုက်ဘဲ ဗြိတိသျှအစိုးရက ဒို့ဗမာအစည်းအရုံးဝင် ချင်းခေါင်းဆောင် သခင်ဝမ်းသူမောင်အား ကိုယ်မှာကြိုးကွင်းစွပ် ဖမ်းခေါ်လာပြီး မြေပြင်မှာ မြင်းနဲ့ဒရွတ်တိုက်ဆွဲ လက်တွေ့ ရက်ရက်စက်စက် နှိပ်စက်ကာ ချင်းအမျိုးသားတွေအနေနဲ့ နောက်နောင် ဗြိတိသျှအစိုးရကို လုံးဝမဆန့်ကျင်ရဲအောင်လုပ်ပြခဲ့သည့်အကြောင်း ဟောပြောခဲ့ပါတယ်။
(ဒီသမိုင်းကို ကျနော်ခြုံငုံကြည်တဲ့အခါမတော့ လူမျိုးစုတခုတည်းအတွက် ရည်ရွယ်ရင်း မရှိဘဲ ၊ တမျိုးသားလုံး တနိုင်ငံလုံးလွတ်လပ်ရေးအတွက် သခင်မျိုးဟေ့-ဒို့ဗမာ ကြွေးကြော်သံနဲ့ အတူ စွန့်လွှတ်အနစ်နာခံတိုက်ပွဲဝင်ခဲ့ကြတဲ့-ချင်းအမျိုးသားခေါင်းဆောင် သခင်ဝမ်းသူမောင် ကို အထူးကြည်ညိုလေးစားမိ၊ဂုဏ်ယူမိပါတယ်။ ဒီခေတ်ဒီကာလ လူမျိုးစုခေါင်းဆောင်အချို့ုနှင့် ခံယူချက်ကွာဟမှုတွေကို တွေ့ရှိရပါတယ်။)
ဒါကြောင့် အစိုးရကိုအကြည်အညိုပျက်အောင်ဟောပြောမှု ပုဒ်မ၁၂၄(က)တပ်ကာ သခင်အောင်ဆန်းကို ဖမ်းဝရန်းထုတ်ပါတယ်။ ဒီအဖြစ်အပျက်က လွတ်လပ်ရေးတိုက်ပွဲအတွက် အဓိကကျတဲ့အပြောင်းအလဲဖြစ်ပါတယ်။ အဲဒီ့ ၀ရန်းကြောင့်ပင် သခင်အောင်ဆန်းသည် အဖမ်း မခ၊ံ ထောင်အကျမခံဘဲ၊ သခင်လှမြိုင်နှင့်အတူ ဟိုင်လီသင်္ဘော ပေါ်တက်၊ တရုပ်ပြည်ကို ထွက်၊ ဂျပန်နဲ့ဆက် -နိုင်ငံခြားအကူအညီ ရယူပြီး လက်နက်ကိုင်တော်လှန်ရေးကို စတင်ဆင်နွှဲ နိုင်ခဲ့ပေသည်။ ထိုအလှည့်အပြောင်းမှတဆင့် လွတ်လပ်ရေးရသည့်အထိ တော်လှန်ရေး အရှိန် အဟုန်မြှင့်တင်နိုင်ခဲ့ပေသည်။

 ဒီကနေ့ နောက်ကြည့်မှန် ထဲတွင် ပြန်လည်မြင်ယောင်နေမိသော ရှစ်လေးလုံးကျောင်းသားခေါင်းဆောင်ကိုမင်းကိုနိုင်က သူ့စာအုပ်ထဲမှာတော့ "တောထဲသွားရမလား၊ မြို့မှာပဲဆက် လှုပ်ရှားရမလား၊ တိုင်းပြည်အတွက် တော်လှန်ရေးခရီးရှည် ဆက်လှမ်းဖို့ရာ ချစ်သူ ညို ကို ထားရစ်ခဲ့လေပြီ။" နောက် တကယ့်လက်တွေ့ဘ၀မှာတော့ ထောင်အနှစ်(၂၀) ကျခံရပါတယ်။ သူ့ရဲ့နုပျိုတဲ့လူငယ်ဘ၀၊ လူ့သဘာဝအရ အပျော်ရွှင်ရဆုံးအချိန်တွေကို အများအကျိုးအတွက် (၁၇)နှစ်ကျော်ကျော် စတေးခံခဲ့ရပြီး၊ သူ ထောင်ကပြန်လွတ်လာပြီးနောက် ၂၀၀၇ ခု၊ သြဂုတ်လ(၁၈)ရက်နေ့ လောင်စာဆီဈေးတက်မှု ကန့်ကွက်ဆနွပြပွဲကို ရှစ်ဆယ့်ရှစ်မျိုးဆက် ကျောင်းသားများအနေဖြင့် ဦးဆောင်ပါဝင်ခဲ့ သောကြောင့်- သြဂုတ်လ(၁၉)ရက်နေ့တွင် ထပ်မံအဖမ်းခံရပြီး၊ ထောင် ၆၅ နှစ်နဲ့ ၆လ ကျခံနေရပါတယ်။

ကိုမင်းကိုနိုင်ဟာ သြဂုတ်(၁၈)ရက်နေ့ လှုပ်ရှားမှုပြီးတော့ ထိုညမှာပင် သူ၏ လုပ်ဖော်ကိုင်ဖက်များကို လိုက်လံဖမ်းဆီးနေတာကြောင့် သူ့ကိုလည်း မကြာခင်လာရောက်ဖမ်း ဆီးတော့မှာကို ကြိုသိနေခဲ့ပါတယ်။ ဒါကို သူဘာဖြစ်လို့ ဒုတိယအကြိမ် အဖမ်းမခံ ထောင်အကျမခံဘဲ တိမ်းရှောင်ထွက်ပြေးခြင်း မပြုခဲ့ပါသနည်း။ အခုချိန် ကိုမင်းကိုနိုင် တယောက် အဖမ်းမခံဘဲ နယ်စပ် ထိုင်းနိုင်ငံ သို့မဟုတ် တတိယနိုင်ငံ တခုခုတွင် လွတ်မြောက် ရောက်ရှိနေပါလျှင် သူဘာတွေလုပ်နိုင်မည်နည်း။ ပိဋက အိုးကွဲ + ပါရဂူဘွဲ့တွေယူပြီး ပညာရှင်တယောက်အဖြစ် တလွဲကြပ်အသံလွှင့်မှုတွေ လုပ်နေလေမလား။

နာမည်တလုံးနဲ့ အဖွဲ့တွေ လိုက်ဖွဲ့၊ ရှိသမျှတပ်ပေါင်းစုတွေမှာ နေရာတွေ ၀င်ယူနေလေမလား။

ကျနော့်အထင်တော့ ကိုမင်းကိုနိုင်ဟာ ဒါတွေကို ကြိုသိနေပြီး စိတ်ပျက်တာကြောင့် အပြင်ကို ထွက်တိမ်းရှောင်ခြင်းမပြုဘဲ ထောင်ထဲမှာပဲ တိုက်ပွဲကြမ်းကို ကြံ့ကြံ့ခံ ရင်ဆိုင်သွားဖို့  ဆုံးဖြတ်ထားပုံရပါတယ်။ အင်မတန်မှ လေးစားဂုဏ်ယူမိပါတယ်။

တကယ်တော့အပြင်ဘက်မှာက တခုလုံးရဲ့ အမျိုးသားအကျိုးစီးပွားရည်မှန်းချက်နှင့် တခုချင်းစီ၏ အကျိုးစီပွားရည်မှန်းချက်များဟာ အပစ်ရပ်သဘောတူညီမှုများ နောက်ပိုင်း ကာလများမှစပြီး ဆက်စပ်မရ-ကွာဟလာရပြီး တပ်ပေါင်းစုရဲ့ဦးဆောင်မှုနဲ့ နယ်စပ်ဒေသ အင်အားစုများရဲ့ ညီညွတ်ရေးဟာ သိသိသာသာ အားနည်းလို့လာပါတယ်။

တပ်ပေါင်းစု၏ သြဇာအရှိန်အ၀ါ ကျဆင်းလာရပြီး တခုချင်းစီ၏ အကျိုးစီးပွားများကိုသာ ဦးစားပေးလာကြသောကြောင့် တခုလုံး၏အမျိုးသား အကျိုးစီးပွား ထိခိုက်ယုတ်လျှော့လာခြင်း ဖြစ်ပါတယ်။

တိုင်းရင်းသားလက်နက်ကိုင် အပစ်ရပ်ငြိမ်းချမ်းရေးအဖွဲ့တွေအနေနဲ့လည်း စစ်အုပ်ဆီက နိုင်ငံရေး လိုက်လျောမှု တစုံတရာအကျိုးအမြတ် မရရှိကြသလို တော်လှန်စစ်အတွက် မိမိတပ်အင်အား၊ လက်နက်အင်အားများ ပိုမိုဖြည့်တင်း ပြင်ဆင်လာမှုများလည်း တိုးတက်မှုတစုံတရာ မတွေ့ရ။

ဗိုလ်သန်းရွှေတို့ နည်းပရိယာယ်အောက်မှာ ကျနော်တို့အတိုက်အခံ အင်အားစုအားလုံး ညီညွတ်ရေးဆောက်တည်လို့ မရနိုင်အောင်ဖြစ်နေပါတယ်။ တိုင်ရင်းသားလက်နက်ကိုင်အင်အားစု များအကြား ညီညွတ်ရေး နဲ့ ဒီမိုကရေစီအင်အားစုများအကြား ညီညွတ်ရေး နှစ်ရပ်လုံးမှာ ကော်ကပ်ထားတဲ့ အပေါ်ယံညီညွတ်ရေးအစား တကယ့်ညီညွတ်ရေးကိုတည်ဆောက်ရန်မှာ ယနေ့အခါသမယသည် ကုန်လေပြီးသော အခြားအချိန်များထက် ပိုမိုအရေးကြီးလှကြောင်း ခေါင်းဆောင်အားလုံးကို သတိပေးနှိုးဆော်အပ်ပါတယ်။

တယောက်တပေါက်ဗျူဟာနဲ့ကိုယ့်အကျိုးစီးပွား ကိုယ်ရှာရေးမူများကိုသာ ကျင့်သုံးနေကြတာတွေကို ပြန်လည်သုံးသပ်ကြဖို့ အချိန်ရောက်နေပါပြီ။ နအဖ စစ်အုပ်စုဟာ သူတို့ချမှတ်ဆောင်ရွက်နေတဲ့ ရုတ်မက်(၇)ချက်..လို့ အားလုံး နားလည်နေတဲ့ သူတို့ရဲ့ ရေရှည်ရည်မှန်းချက်အဆင့်ဆင့်ကို အကောင်အထည်ဖော်လာခဲ့ရာ ဒီကနေ့ ၂၀၁၀ ရွေးကောက်ပွဲဟာ ၄င်းတို့ရဲ့ အရေးအကြီးဆုံးလှည့်ကွက်အဖြစ် နောက်ဆုံး အဆင့်တက်ရမည့် အလှည့်အပြောင်းဖြစ်ပါတယ်။ ဒီအလှည်အပြောင်းမှာ ဒီမိုကရေစီအင် အားစုများ၊ တိုင်းရင်းသားလက်နက်ကိုင်အင်အားစုများ နဲ့အတူပြည်သူလူထု တရပ်လုံး (ကျနော်တို့အားလုံး) တက်ညီလက်ညီ လက်တွဲတိုက်ပွဲဝင်ပါမှ အာဏာရှင်စနစ်နိဂုံး ချုပ်စေပြီး တတိုင်တပြည်လုံး စစ်ကျွန်ဘ၀မှ လွတ်မြောက်မှာဖြစ်ပါတယ်။

သို့မဟုတ်ပါက ဗိုလ်ချုပ်ကြီး နေ၀င်းကနေ တပါတီအာဏာရှင်ကြီး ဦးနေ၀င်းအဖြစ်ပြောင်းပြီး ၂၆နှစ်ကြာ ဂုတ်သွေးစုတ်အုပ်ချုပ်ခဲ့သလိုမျိုး... ဗိုလ်ချုပ်မှုးကြီးသန်းရွှေ၏ စစ်ဖိနပ်အောက် ပြားပြားမှောက်ရောက်ကြရ အုံးမှာ ဖြစ်ကြောင်း အထူးသတိပြုစေလိုပါတယ်။  တကယ်တော့ အန်န်အယ်လ်ဒီကို ၁၉၉၀ ခု၊မေလ(၂၇)ရက်နေ့ ကတည်းက ဒီမိုကရေစီ နိုင်ငံသစ် ထူထောင်ရေးနဲ့ စစ်ဖိနပ်အောက်လွတ်မြောက်ရေးအတွက် ပြည်သူလူထုတရပ်လုံးက တာဝန်ပေးအပ်ခဲ့ပြီးဖြစ်ပါတယ်။ အန်န်အယ်လ်ဒီဟာ လူထုကို ဦးဆောင်မှုပေးရမည့် လူထုရဲ့တပ်ဦးပါတီဖြစ်ပါတယ်။ ဒါကြောင့် ၁၉၉၀ ရွေးကောက်ပွဲရလာဒ်ကို တာဝန်ရှိသူ နအဖစစ်အုပ်စုမှ တနည်းနည်းဖြင့်အသိအမှတ်ပြု အကောင်အထည်မဖော်သေးသမျှ နောက် ထပ်မည့်သည့်ရွေးကောက်ပွဲကိုမှ(၂၀၁၀ရွေးကောက်ပွဲ၊ သို့မဟုတ်-၂၀၁၁ သို့ရွှေ့ပြောင်းခဲ့လျှင်သော်၎င်း။) လက်ခံစရာ အကြောင်းမရှိပေ။ ထို့အတူ အန်အယ်လ်ဒီ၏ရပ်တည်ချက်ဖြစ်သည့် ၂၀၁၀ ရွေးကောက်ပွဲ ဆန့်ကျင်သပိတ်မှောက်ရေးအား စစ်အုပ်စု၏ ကြံ့ဖွံပါတီမှလွဲလျှင် အခြား အတိုက်အခံ ပါတီအားလုံး တပြိုင်နက်တည်း ရွေးကောက်ပွဲ မ၀င်ဘဲ တညီတညွတ်တည်း သပိတ်မှောက်ကြမည်ဆိုပါက အတော့်ကို ထိရောက်သည့် ထိုးချက်ပင်ဖြစ်ပါတယ်။ ဗိုလ်သန်းရွှေ၏ အရှိုက်ကို တည့်တည့်ထိမှာဖြစ်ပါတယ်။ ဒါကို အန်အယ်လ်ဒီ ပါတီနှင့်တကွ ကျနော်တို့ အားလုံးအနေနဲ့ ရွေးကောက်ပွဲဝင်မည့် အဖွဲ့အစည်းများကို ဖျောင်းဖျစည်းရုံးပြီး ရွေးကောက်ပွဲ မ၀င်ကြဘဲ တညီတညွတ်တည်းသပိတ်မှောက် တိုက်ပွဲဝင်သွားနိုင်ရန် ကြိုးစားသွားရမှာဖြစ်ပါတယ်။

ဒုတိယအဆင့် အနေနဲ့ကတော့ ဒေါ်အောင်ဆန်းစုကြည် လမ်းညွှန်သည့်အတိုင်း ပြည်သူလူထုအနေနဲ့ မဲမပေးဘဲနေပြီး တိုက်ပွဲဝင်သွားနိုင်ရေး ကိုကြိုးစားသွားရမှာဖြစ်ပါတယ်။ အသိခေါက်ခက် အ၀င်နက်လှသည့် ရွေးကောက်ပွဲဝင်ဖို့ ဆုံးဖြတ်ထားကြသော ပါတီများကို ဖျောင်းဖျစည်းရုံးရန်မှာ အတော်မလွယ်ကူသည့်အလုပ်ပင်ဖြစ်ပါတယ်။
ရသလောက် နေရာဝင်ယူပြီး လွှတ်တော်ထဲမှာ (စည်းဝိုင်းထဲကနေ) ဒီမိုကရေစီရေးပြုပြင်ပြောင်းလဲမှုတွေ လုပ်သွားကြမယ်လို့ ကြွေးကြော်နေကြသော်လည်း၊ တကယ်တန်းကျတော့ တိုင်းပြည်အတွက် တကယ်စေတနာပါသည်ဖြစ်စေ -မပါသည်ဖြစ်စေ စစ်အုပ်စု၏ လက်ညိုးထောင်+ခေါင်းညှိမ့် လက်ပါးစေအဆင့် သာ ရရှိကြမှာ သေချာလှပါတယ်။ လွှတ်တော်သုံးရပ်လုံးတွင် မိမိတို့ရရှိမည့် နေရာများမှာ အနည်းစုဖြစ်ပြီး၊ စစ်ဗိုလ်ချုပ်များနှင့်ကြံ့ဖွံ့ကိုယ်စားလှယ်များမှာ အများစု ဖြစ်ပါတယ်။ ဒါကြောင့် ဘာဘဲဆုံးဖြတ်ဆုံးဖြတ်ပါစေ စစ်အာဏာရှင်တို့၏ အမိန့်အတိုင်းပင်၊ ပြည်သူလူထုကတော့ စစ်ကျွန်ဘ၀အောက်က မလွတ်မြောက်နိုင်ပေ။ ဒီမိုကရေစီတိုက်ပွဲဝင် အရပ်သားလွှတ်တော်ကိုယ်စားလှယ်များကတော့ မိမိတို့ကိုယ်ပိုင် ရပိုင်ခွင့်များကို အပြည့်အ၀ သုံးကာ ဘီလျံနာသူဌေးကြီးများ ဖြစ်လာကြပေဦးမည်မှာ မြေကြီးလက်ခတ်မလွဲပေ။

နအဖစစ်အုပ်စုကတော့ သူတို့စိတ်ကြိုက်ရေးဆွဲထားတဲ့ ရွေးကောက်ပွဲဥပဒေကို သူ့ကိုယ်တိုင် ချိုးဖောက်ကာ ဘယ်သူ့ကိုမှ ဂရုမစိုက်ဘဲ ရွေးကောက်ပွဲ မစခင်ကတည်းက ထင်တိုင်းပြု နေကြပါတယ်။ ဥပဒေရဲ့ အထက်မှာ စစ်ဗိုလ်ချုပ်တွေ အမြဲတမ်းရှိနေတယ်ဆိုတာလည်း အတိုက်အခံ အင်အားစုအားလုံး မမေ့လျော့သင့်ပေ။

ကြုံကြိုက်ခိုက်တွင် ၁၈၈၆ ခုကာလများ မြန်မာ့တော်လှန်ရေးခေါင်းဆောင် ဗိုလ်ရိုင်း လို မထင်မရှား သူရဲကောင်းတဦးကို ဗြိတိသျှလူမျိုး ဖီးလ်ဒင်ဟော(Fielding Hall) ကိုယ်တိုင် ချီးကျူး ရေးသားဂုဏ်ပြုထားတဲ့ အကြောင်း ပြောပြလိုပါတယ်။ မန္တလေးမြို့ အထက် ဧရာဝတီ မြစ် အနောက်ဖက်ကမ်းတွင် ရှိန်မကား ခေါ်မြို့ကလေးတမြို့ရှိလေရာ၊ထိုမြို့လေးမှာ ဆားချက် လုပ်ငန်းနှင့် ဆိပ်ကမ်းကုန်သွယ်မှု ကူးသန်းရောင်းဝယ်ရေးကောင်းမွန်သဖြင့် ချမ်းသာကြွယ်ဝသောဆိပ်ကမ်းမြို့ကလေးဖြစ်ပါတယ်။ မြို့နောက်ပိုင်းဒေသတလျှောက်မှာတော့ ဗိုလ်ရိုင်း ခေါင်းဆောင်တဲ့ တော်လှန်ရေးသမားတစု စခန်းချစိုးမိုးထားပါတယ်။ ဗိုလ်ရိုင်း အတွက် တပ်အင်အားအလိုရှိလာသော် ထိုနယ်တ၀ိုက်ရွာများမှ တော်လှန်ရေးသမား တပ်အင်အား နှစ်ရာ သုံးရာ ချက်ချင်းစုရုံးလာကြပါတယ်။ ထိုအချိန် ရှိန်မကားမြို့တွင် ဗြိသျှစစ်တပ် လာစွဲနေသောအခါ၊ လူအင်အား လက်နက်အင်အား မမျှသဖြင့် ရင်ဆိုင်တိုက်ပွဲများတွင် သူ့တော်လှန်ရေး ရဲဘော်များ အကျအဆုံး မများစေရန် ဗိုလ်ရိုင်း၏ တိုက်ပွဲဗျူဟာကို ပြောင်းလဲ ပစ်လိုက်ပေသည်။ ထို့ကြောင့် မြန်မာပြည်ဘွား တိုင်းရင်းသားမှန်သမျှ ရန်သူ့လက် အောက်တွင်အမှုမထမ်းရ၊ ရန်သူအား ရိကွုာမထောက်ပံ့ရ၊ ရန်သူအား လမ်းမပြရ၊ ရန်သူအား မည်သည့်အားပေးကူညီမှုမျှ မပြုရ ...ဟုကျေညာအမိန့် ထုတ်ပြန်လေသည်။ ထို့နောက် ဗြိသျှစစ်တပ်အား မြို့သူမြို့သားများမှ မည်သည့်နည်းနှင့်မျှ မကူညီ မထောက်ပံ့နိုင်ရန်အတွက် မြို့သူမြို့သားများအား မြို့မှ အခိုက်အတန့်အားဖြင့် ရှောင်ပေးရန် အထူးသတိပေးလိုက်သည်။ သို့သော် ထိုမြို့သူမြို့သားများ၏ စိတ်ဓာတ်မှာ ကိုယ့်အကျိုး စီးပွားတခုတည်းသာ ကြည့်တတ်သောသူများဖြစ်ကြသည်။ မိမိတို့စည်းစိမ်ဥစွုာများ တည်မြဲရေး နှင့်ရောင်းဝယ်ဖောက်ကားမှု အဆင်ပြေစေရေးကိုသာ အဓိကထားကြလေသည်။ ဗိုလ်ရိုင်းတို့ တော်လှန်ရေးတပ်သည် ဗြိတိသျှစစ်တပ်ကို နိုင်အောင် မတိုက်နိုင်ကြဟု ယူဆကာ ရန်သူ ဗြိတိသျှတပ်နှင့်ပူးပေါင်းကြသည်။ ဗြိတိသျှတပ်ရှိနေသောကြောင့် ဗိုလ်ရိုင်းတို့အား ငွေကြေး စားနပ်ရိကွုာများထောက်ပံ့စရာ မလိုသောကြောင့် ဗိုလ်ရိုင်း၏သြဇာကိုမခံဘဲ မြို့မှမရှောင်ပေးကြဘဲနေလေသည်။ ထိုအကြောင်းအချက်ကိုသိနေသော ဗိုလ်ရိုင်းက မြို့သူမြို့သားများ မထွက်သွားပါက တမြို့လုံးကို မီးတိုက်ပစ်မည်ဟု ထပ်မံအကြောင်ကြားလိုက်လေသည်။ ဘာပြောပြော မြို့သူမြို့သားများကတော့ ဗိုလ်ရိုင်း၏တပ်သည် ဗြိတိသျှတပ်များကိုကျော်လွန်ပြီး မြို့တွင်းသို့ မ၀င်ရောက်နိုင်ပါဘူးဟု အထင်သေးကာ အရေးမစိုက်ခဲ့ကြပေ။
ညသန်းခေါင်ယံကျော်အချိန်တွင် ဗြိတိသျှတပ် ဂေါ်ရခါးစစ်သားများစခန်းချရာ တောင်ကုန်းအား အတင်းဝင်ရောက်တိုက်ခိုက်လေရာ ညာသံပေး တခဲနက်ဟစ်ကြွေးပြီး ကြေး မောင်းများတီးကာ ဗြိတိသျှတပ်များ ယောက်ယက်ခတ်နေချိန်တွင် မြို့တခါးနောက်ပေါက်မှ ၀င်ကာ တမြို့လုံး မီးရှို့ လိုက်လေသည်။ ထိုအဖြစ်အပျက်နှင့်အတူ ဗိုလ်ရိုင်း၏ တိကျပြတ်သားသည့်တော်လှန်ရေးစိတ်ဓာတ်ကို (The Soul of a people) စာအုပ်တွင် ရန်သူဗြိသျှကိုယ်တိုင် ချီးကျူးမှတ်တမ်းတင်ထားခဲ့ပေသည်။
ခေတ်အဆက်ဆက် တော်လှန်ရေးတိုက်ပွဲ တလျောက် တွင် ထိုကဲ့သိုအခွင့်အရေးသမား =သူ့လူ ကိုယ့်ဘက်သား အချောင်သမားများ အစဉ်အဆက် ရှိလာခဲ့ကြပေရာ ဗိုလ်ရိုင်းကဲ့သို့ပင် ပြတ်ပြတ်သားသား အပြစ်ပေး အရေးယူမှုများ ပြုလုပ်ပါမှ တိုက်ပွဲအရှိန်အဟုန်ကို မြှင့်တင်နိုင်မှာဖြစ်ပြီး..... အဆုံးသတ်တိုက်ပွဲကို အနိုင်တိုက်နိုင်မှာဖြစ်ပါတယ်။
ရှစ်လေးလုံးပြည်သူ့အရေးတော်ပုံကြီးက အာဏာရှင်ကို ပြတ်သားစွာ ဆန့်ကျင်တော်လှန်ခဲ့ပေရာ . . ကိုမင်းကိုနိုင် ဦးဆောင်သော(၈၈)မျိုးဆက်ကျောင်သားများသည် အာဏာရှင်ကို ဒူးမထောက်စတမ်း ပြတ်သားစွာ စဉ်ဆက်မပြတ် ဆန့်ကျင်တော်လှန်လျှက်ရှိပေသည်။

ရှစ်လေးလုံးစိတ်ဓာတ် ထာဝစဉ်ရှင်သန်နိုင်ကြပါစေ။

(မောင်မောင်စိုး)
----------------------------

 " ရှစ်လေးလုံးစိတ်ဓာတ်(၄) ”(မောင်မောင်စိုး) aug 3,2010

ဗိုလ်ချုပ်အောင်ဆန်းကို ဂျပန်စစ်ဗိုလ်တွေက သူတို့အပေါ် သစွုာဖောက်ခဲ့တယ်လို့ မြင်ကြပါတယ်။ ဒီစကားကို ဂျပန်ခေတ်က မြန်မာပြည်မှာ ဂျပန်စစ်အုပ်ချုပ်ရေး အရာရှိချုပ်အဖြစ် တာဝန်ထမ်း ဆောင်ခဲ့ဖူးသူ မစွုတာ တကာမီ ဆိုသူက ၁၉၆၁ ခုနှစ် တိုကျိုမြို့မှာ ပြုလုပ်တဲ့ ဂျပန်မြန်မာအသင်း ဧည့်ခံပွဲမှာ ပြောကြားခဲ့ပါတယ်။

ဟုတ်ပါတယ် ။ဗိုလ်ချုပ်အောင်ဆန်းဟာ လွတ်လပ်ရေး ဆာလောင် မွတ်သိပ်နေတဲ့ ပြည်သူလူထုရဲ့သစွုာကို စောင့်ထိန်းပြီး ပြည်သူလူထုနဲ့အတူ တသားတည်းရပ်တည်လျှက် ပြည်သူ့အတွက် လွတ်လပ်ရေးအရယူဖို့အတွက် သူခေါ်လာတဲ့ဂျပန်ကို သူကိုယ်တိုင် ပြန်တိုက်ခဲ့ပါတယ်။ ဒါဟာ လွတ်လပ်ရေးအတွက်၊ ဒါဟာ ပြည်သူ့အတွက်ဖြစ်ပါတယ်။ ပြည်သူလူထုကို နှိပ်စက်မတရားပြုနေတဲ့ ဘယ်လိုအုပ်ချုပ်မှုမျိုးကိုမှ သစွုာခံဖို့ မလိုပါဘူး။ ပြည်သူလူထုရဲ့သစွုာကို စောင့်သိခြင်းနဲ့ လူထုအကျိုးကိုရှေ့ရှုစေတနာထားခြင်းသာလျှင် မွန်မြတ်သည့် လုပ်ရပ်ဖြစ်ပါတယ်။ ဒါကြောင့် ဗိုလ်ချုပ်အောင်ဆန်းလို စိတ်ထားမျိုး ဒီကနေ့ တပ်မတော်သား တွေမှာ ထားရှိဘို့လိုအပ်ပါတယ်။ တိုင်းပြည်ကိုချစ်ပါတယ်ဆိုတဲ့ တပ်မတော်သားများ၊ တပ်မတော်အရာရှိများ အနေနဲ့ ကောက်ကျစ်စဉ်းလဲ ယုတ်မာလှတဲ့ ဗိုလ်သန်းရွှေရဲ့ လက်အောက်မှာ မှားယွင်းတဲ့သစွုာကို စောင့်သိနေမယ့်အစား လူထုရဲ့ဘ၀ ဝဋ်ဆင်းရဲအပေါင်းမှ ကယ်တင်နိုင်ရန် ပြည်သူ့သစွုာကိုသာ စောင့်သိလာမည်ဆိုပါက အတိုင်းထက်အလွန်တန်ဘိုးကြီးလှမှာ ဖြစ်ပါတယ်။

 ရှစ်လေးလုံးပြည်သူ့အရေးတော်ပုံကြီးမှာလည်း ပြည်သူချစ်တဲ့ တပ်မတော်သားများ၊ ပြည်သူ့ အတွက် သစွုာစောင့်သိခဲ့ကြတဲ့ တပ်မတော်သားများဟာ ကျောင်းသားပြည်သူတရပ်လုံးနဲ့ပူးပေါင်းတိုက်ပွဲဝင်ခဲ့ကြပါတယ်။ စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်အာဏာရှင်တွေကို ဓားဓားချင်း-လှံလှံချင်း ပြန်လည်စိန်ခေါ်ခဲ့တဲ့ - ရှစ်လေးလုံးပြည်သူ့အရေးတော်ပုံကြီးက မွေးဖွားပေးလိုက်တဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး(မကဒတ) ကျောင်းသားတပ်မတော် လက်နက်ကိုင်တော်လှန်ရေးထဲမှာလည်း တောခိုလာတဲ့ ပြည်သူ့တပ်မတော်သားများဟာ ကျရာတာဝန်ကို ကျေပွန်စွာထမ်းဆောင်ခဲ့ကြတဲ့ သမိုင်းသာဓက များစွာရှိခဲ့ပါတယ်။

ဗိုလ်သန်းရွှေတို့ စစ်အာဏာရှင်အုပ်စုက စစ်ခေါင်းဆောင်များဟာ ပြည်သူလူထုတရပ်လုံးကို အမျိုးမျိုးလိမ်လည်လှည့်ဖျားပြီး ဂုတ်သွေးစုပ် ဖိနှိပ်အုပ်ချုပ်နေရုံတင် မကပါဘူး၊ သူတို့ကိုသစွုာခံတဲ့ တပ်မတော်သားအားလုံးကိုလည်း လုံးဝညှာတာထောက်ထားခြင်းမရှိဘဲ၊ ကန့်သန့်ချုပ်မှုတွေနဲ့ မဝ ရေစာ ကျွေးမွေးကာ ခေါင်းဆောင်ကြီးများ၏ အာဏာတည်မြဲရေးတခုတည်းအတွက်သာ အသုံးချနေခြင်းဖြစ်ပါတယ်။ ကိုယ်ချင်းစာနာမှု မရှိ၊ ငါ့ဘို့၊ ငါ့အတွက်၊ ငါ့အာဏာတခုတည်းကိုသာ အမြဲကြည့်တဲ့ ဗိုလ်သန်းရွှေဟာ စစ်ခေါင်းဆောင်များအားလုံးထဲမှာ အဆိုးဆုံးအရက်စက်ဆုံးလူဖြစ်ပါတယ်။ ဒါကြောင့် ဗိုလ်သန်းရွှေ မသေသေးသရွေ့ -သူ့ရဲ့အာဏာကို ရှယ်ယာခွဲဝေပေးရမယ့် အလုပ် ။တွေ့ဆုံဆွေးနွေးရေးနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး ဆိုတဲ့ အလုပ်တွေ ဆိုတာဖြစ်လာမှာ မဟုတ်ပါဘူး။

တွေ့ဆုံဆွေးနွေးညှိနှိင်းအဖြေရှာရေးဆိုတဲ့နည်းလမ်းဟာ မည်သည့်နိုင်ငံမှာ မဆိုဖြစ်ပေါ်လာတဲ့ နိုင်ငံရေးပြသနာတွေကို ဖြေရှင်းဘို့ အကောင်းဆုံးနည်းတခုပါဘဲ။ ပြည်သူလူထုတရပ်လုံးကို ထိခိုက် နစ်နာစေမှု မရှိစေဘဲ၊ ငြိမ်းချမ်းစွာဖြေရှင်းနိုင်မှာဖြစ်ပါတယ်။ ဒါပေမယ့် အဲဒီ့တွေ့ဆုံဆွေးနွေးညှိနှိုင်းရေး ဆိုတာက အာဏာရှင်တွေအပေါ်မှာသာ အဓိကကျပါတယ်။ အာဏာရှင်ဆိုတာ သူ့ကိုယ်ကျိုး၊ သူတို့ အာဏာတည်မြဲရေးကိုသာ စိုက်လိုက်မတ်မတ် ရည်ရွယ် အားထုတ်လာသူတွေ ဖြစ်ပါတယ်။

၁၊ လက်ရှိအာဏာရစစ်အုပ်စုမှာ တိုင်းသူပြည်သားတွေကို တကယ်စေတနာထားပြီး တိုင်းပြည်ရဲ့ ကောင်းကျိုးကိုရှေ့ရှု့လိုတဲ့ စိတ် အပြည့်အဝရှိပါမှ........။
၂၊ အတိုက်အခံအင်အားစုများက လက်ရှိ အာဏာရ စစ်အုပ်စုအပေါ် အသာစီးရနေပါမှ...၊
၃၊ အာဏာရစစ်အုပ်စုကို အထိနာစေမယ့် ခြိမ်းခြောက်မှုတွေနဲ့ အပေးအယူလုပ်နိုင်စရာရှိပါမှ....၊ တွေ့ဆုံဆွေးနွေးရေးဆိုတဲ့ နည်းဟာ အထမြောက်လာမှာဖြစ်ပါတယ်။

နံပါတ်တစ်ကတော့ လူတိုင်းသိပြီးသားပါပဲ၊ တိုင်းသူပြည်သားတွေကို စေတနာထားပြီး တိုင်းပြည်ကောင်းကျိုးကို ထည့်တွက်ဖို့ ဝေးရော..။ သူတို့စစ်အာဏာရှင်တွေကို ပုခုံးထမ်း တင်ပေးနေတဲ့ တပ်မတော်သားတွေကိုတောင်မှ ငတ်ငတ်သေသေ လှည့်မကြည့်ပါ။
နံပါတ်နှစ် =ကျနော်တို့ အတိုက်အခံအင်အားစုများကလည်း အသာစီးရနေခြင်းမရှိသေးပါ၊
ဒီကနေ့ အဓိက ဆွေးနွေးချင်တာကတော့ နံပါတ်သုံးအချက်ပဲဖြစ်ပါတယ်။ အာဏာရှင်တွေဟာ သူတို့အာဏာကို သူတို့ဆနွုအလျှောက် အလျှော့ပေးပြီး အတိုက်အခံအင်အားစုများနဲ့ တွေဆုံဆွေးနွေးပြီး ညင်ညင်သာသာနဲ့လူထုရဲ့အကျိုးကို ရှေ့ရှုပြီး အဆုံးသတ်လေ့မရှိကြပါဘူး။
 ဖိလစ်ပိုင်က အာဏာရှင် ဖာဒီနန်ဒ်မားကို့စ်( Ferdinand Emmaunel Edralin Marcos) ကတော့ ၁၉၆၅-၈၆ အထိ အာဏာရှင်အဖြစ်နဲ့တိုင်းပြည်အပေါ် ထင်တိုင်းပြုခဲ့ပါတယ်။ သူနဲ့သူ့မိန်းမ အီမယ်ဒါမားကို့စ် (Imelda Marcos) ကတော့ ဒေါ်လာသန်းထောင်ပေါင်းများစွာသော တိုင်းပြည်ရဲ့ ပိုက်ဆံတွေကိုခိုးယူပြီုး ဆွစ်ဇာလန်နဲ့ အမေရိကန်နိုင်ငံတွေမှာ ဝှက်ထားခဲ့ပါတယ်။ အာဏာရှင် မားကို့စ် ကျန်းမာရေးမကောင်းလို့ သေခါနီးအချိန်မှာတောင်မှ တိုင်းပြည်အတွက် ပူးပေါင်းညှိနှိုင်း ဆောင်ရွက်ဘို့ ရည်ရွယ်ချက်တွေနဲ့ အမေရိကန်နိုင်ငံက ပြန်လာတဲ့ ဆီနိတ်တာဟောင်း အတိုက်အခံ ခေါင်းဆောင် နီနွိုင်အကွီနို(Benigno Simeon Ninoy Aquino)ကို သူ့ကိုကြိုဆိုနေကြတဲ့ လူထုရှေ့မှောက် မနီလာလေဆိပ်မှာ လုပ်ကြံသတ်ဖြတ် လိုက်ပါတယ်။ အဲဒီိကစပြီးလူထုလှုပ်ရှားမှုတွေ ဆက်တိုက်ဖြစ်ပေါ်လာခဲ့ပါတယ်။

နောက်ဆုံး လူထုစွမ်းရည်လှုပ်ရှားမှုတော်လှန်ရေး (People Power Revolution) ၊ သို့မဟုတ် အဝါရောင် ဖဲကြိုးးများကိုအမှတ်အသားပြုပြီး (Yellow Revolution) လို့လည်း လူသိများခဲ့တဲ့ လူထုတိုက်ပွဲနဲ့ ၁၉၈၆ ဖေဖော်ဝါရီလ(၂၂-၂၅)ရက်နေတွေ့မှာတော့ အာဏာရှင်မားကို့စ် ကို အလဲဖြိုပြီး ပြည်သူ့အောင်ပွဲ အနိုင်နွှဲခဲ့ကြပါတယ်။ ဒီလူထုတိုက်ပွဲရဲ့ ထူးခြားချက်ကတော့ ဗိုလ်ချုပ်ကြီးဖီဒယ်ရာမို့စ် (Fidel V. Ramos) လူထုနဲ့ပူးပေါင်းလာတဲ့အတွက်ကြောင့်လည်း လူထုတိုက်ပွဲ အရှိန်အဟုန် အမြင့်ဆုံး မြှင့်တင် အောင်ပွဲခံနိုင်ခဲ့တာဖြစ်ပါတယ်။
 ၁၉၇၃ စက်တင်ဘာ(၁၁)ရက်နေ့မှာ ချီလီနိုင်ငံရဲ့အာဏာရှင် ဗိုလ်ချုပ်ကြီး ပီနိုချေးတ် (Gen. Augusto Pinochert) ဟာ သမတအယ်လန်ဒေး(Salvator Allende) အစိုးရထံမှ စစ်အာဏာ သိမ်းယူခဲ့ပြီး ၁၉၉၀ခုနှစ်အထိ အာဏာရှင်အဖြစ် အုပ်ချုပ်ခဲ့ပါတယ်။ သမတ အယ်လန်ဒေးလဲ အသတ်ခံလိုက်ရပါတယ်။ ပီနိုချေးတ် အာဏာရရချင်း တလအတွင်းမှာတင် လူပေါင်း (၂၁၁၅)ဦး သတ်ပစ်ခဲ့ပြီး၊ အသက်(၁၂)နှစ်အောက် ခလေး(၈၈)ယောက်အပါအဝင် လူပေါင်း (၃)သောင်းလောက်ဟာ ရက်စက်စွာ ညှင်းပန်းနှိပ်စက်ခဲ့ရပါတယ်။ ၁၉၇၇ ခုနှစ်ကစပြီး အာဏာရှင်ဆန့်ကျင်ရေးအတွက် အမျိုးသမီးလှုပ်ရှားမှုများပေါ်ပေါက်လာပါတယ်။ ၁၉၈၀မှာ အာဏာရှင်သက်ဆိုးရှည်မယ့် ဖွဲ့စည်းပုံဥပဒေကို အတည်ပြုခဲ့ပါတယ်။ အဲဒီနောက် သမတပီနိုချေးတ်အဖြစ် ဆက်လက်အာဏာရယူခဲ့ပါတယ်။
၁၀နှစ်အကြာ ပြည်သူအများစု၏ မဲဖြင့် ၁၉၉၀ မတ်လ(၁၁)ရက်နေ့ မှာ သမတအဖြစ်မှ ဖယ်ရှားခံရပါတယ်။ ၁၉၉၈ ခုနှစ်မှာတော့ လူ့အခွင့်အရေးချိုးဖောက်မှုအမျိုးမျိုး၊ အလွဲသုံးစားမှု၊ အခွန်တော်ရှောင်လွှဲမှု စသဖြင့်ရာဇဝတ်မှုပေါင်း (၃၀၀)ကျော်ဖြင့် နိုင်ငံတကာရာဇဝတ်ခုံရုံး(ICC)မှ အင်္ဂလန်တွင် ဖမ်းဆီး အရေးယူခဲ့ပါတယ်။ ပီနိုချေးတ် ဟာ ၂၀၀၆ ဒီဇင်ဘာလ(၁၀)ရက်နေ့ သေဆုံးချိန်အထိ ထိုအမှုများကို ရင်ဆိုင်နေခဲ့ရပါတယ်။

ဒီနေရာမှာ တခုသတိထားမိတာက ဗိုလ်ချုပ်ကြီးပီနိုချေးတ် စစ်အာဏာသိမ်းတဲ့အချိန်မှာ အာဏာရ ချီလီဆိုရှယ်လစ်ပါတီ လက်ဝဲဝါဒီများကို အာဏာသိမ်းတာဖြစ်လို့ အမေရိကန် အစိုးရက အများကြီး ကူညီပေးခဲ့ပါတယ်။ ဒါပေမဲ့ ပီနိုချေးတ် အာဏာရှင်ဖြစ်လာပြီး လူ့အခွင့် အရေးချိုးဖောက်မှုတွေရှိလာတော့ အမေရိကန်အစိုးရ အမြင်မှန်ရကာ ထောက်ခံမှု မပေးတော့ပါဘူး။ ထို့အတူပဲ အိန္ဒိယနဲ့ တရုပ်နိုင်ငံအနေနဲ့လဲ ရာဇဝတ်မှုတွေကို နေ့တဓူဝ ကျူးလွန်နေပြီး လူ့အခွင့်အရေးတွေကို ထမင်းစား ရေသောက်သလို ချိုးဖောက်နေတဲ့ ဗိုလ်သန်းရွှေတို့ စစ်အာဏာရှင်အုပ်စုကို ထောက်ခံကူညီမှုတွေရပ်ဆိုင်းသင့်ပါပြီ။အမြင်မှန်ရသင့်ပါပြီ။
 ဆူဒန်က ဒုဗိုလ်ချုက်ကြီးအိုမာအယ်ဘရှာ(Lt. General Omar Al-Bashir) ကတော့ ဗိုလ်သန်းရွှေတို့ရဲ့ ဆရာပါ။ ၁၉၈၆ ဇွန်လ(၃၀)ရက်နေ့ စစ်အာဏာသိမ်းတဲ့အချိန် ဗိုလ်မှုကြီး အိုမာအယ်ဘရှာ အဆင့်သာရှိသော်လည်း အဲဒီ့အာဏာသိမ်မှုကိုဦးဆောင်ခဲ့တာကြောင့် အမျိုးသား ကယ်တင်မှုတော်လှန်ရေးကောင်စီ(Revolutionary Command Council for National Salvation) ကိုစတင်ဖွဲ့စည်းတဲ့အခါ ဥက္ကဋ္ဌနေရာကို ရယူခဲ့ပါတယ်။ ဝန်ကြီးချုပ်၊စစ်ဦး စီးချုပ်၊ကာကွယ်ရေးဝန်ကြီး စတဲ့ရာထူးတွေယူပြီး အာဏာရှင် အိုမာအယ်ဘရှာဟာ ၁၉၉၃ အောက်တိုဘာ(၁၆)ရက်နေ့မှာတော့ သူ့ကိုယ်သူ သမတအဖြစ်ကျေညာခဲ့ပါတယ်။ သူ့လက်ထက် ဒါဖောအရေးအခင်း(The Darfur Conflict) မှာ ပြည်သူ(၄)သိန်းကျော်သေဆုံးခဲ့ပါတယ်။ ၂၀၀၈ ဇူလိုင်လမှာ နိုင်ငံတကာရာဇဝတ်ခုံရုံးတော်(International Criminal Court)မှာ ဥပဒေ အကျိုးဆောင်လွစ်မော်နိုအိုကမ်ပို(Luis Morno Ocampo) ကမကထပြုပြီး အာဏာရှင် အိုမာအယ်ဘရှာအား လူမျိုးတုန်းသတ်ဖြတ်မှု၊စစ်ရာဇဝတ်မှု နှင့် လူ့အခွင့်အရေးဖောက်ဖျက် သည့်ရာဇဝတ်မှုများဖြင့်တရားစွဲဆိုခဲ့ပြီး ၂၀၀၉ မတ်လ(၄)ရက်နေ့မှာ ဖမ်းဝရမ်းထုတ်ပြန်ခဲ့ပါတယ်။ လူမျိုးတုံးသတ်ဖြတ်မှု အထောက်အထားများ ပိုမို ခိုင်မာလုံလောက်စွာရရှိလာသဖြင့် ၂၀၁၀ ဇူလိုင်လ (၁၂)ရက်နေ့တွင် ဖမ်းဝရမ်း ထပ်မံထုတ်ခဲ့ပါတယ်။
 မြန်မာနိုင်ငံအမျိုးသမီးအဖွဲ့ချုပ်(Women's League of Burma)နဲ့ Nobel Women's Initiative အဖွဲ့တို့မှ စီစဉ်ဆောင်ရွက်သော မြန်မာနိုင်ငံအမျိုးသမီးများအပေါ် စစ်အုပ်စုမှရာဇဝတ်မှု ကျူးလွန်မှုများကို ဖော်ထုတ်ကြားနာတဲ့ ပြည်သူ့ခုံရုံးကြားနာပွဲမှာ ဗိုလ်သန်းရွှေတို့စစ်အုပ်စုဟာ လူ့အခွင့်အရေးနှင့် လူသားတို့အပေါ်မတရားကျူးလွန်နေသည့်ရာဇဝတ်မှုများ နေ့စဉ်ချိုးဖောက် ကျူးလွန်နေကြောင်း ဖော်ထုတ်ခဲ့ပါတယ်။ ထိုပြည်သူ့ခုံရုံးကြားနာပွဲကို နယူးယောက်မြို့ နယူးယောက် စီးတီးယူနီဗာတီ မှာ ၂၀၁၀ မတ်လ(၂)ရက်နေ့တွင်ကျင်းပခဲ့ပါတယ်။ အီရန်နိုင်ငံက(၂၀၀၃) နိုဘယ်လ် ဆုရှင်ဒေါက်တာရှီရင်အီဘဒီ(Dr. Shirin Ebadi) ၊အမေရိကန်က(၁၉၉၇)နိုဘယ်လ်ဆုရှင် ဂျိုဒီဝီလျံ (Jody Williams)၊ ထိုင်းနိုင်ငံ ချူလာလောင်ကွန်းယူနီဗာစီတီမှ ဥပဒေပါမောကွု ပရော်ဖက်ဆာ ဝီတစ်မန်တဘွန်း(Prof. Vitit Muntarbhorn) ၊ တောင်ကိုရီးယားနိုင်ငံမှ စီဒေါ ဥပဒေရေးရာ ကျွမ်းကျင်သူ ယူအန်အမှုထမ်းဟောင်း ဒေါက်တာဟိုင်စိုးရှင် (Dr. Heisoo Shin) တို့က ခုံရုံးသမာဓိ တရားသူကြီးများအဖြစ်ဆောင်ရွက်ခဲ့ကြပါတယ်။ စစ်အုပ်စုရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ ရာဇဝတ်မှုကျူးလွန်မှုတွေကို ကိုယ်တိုင်ခံလာခဲ့ရတဲ့ မြန်မာတိုင်းရင်းသားအမျိုးသမီး(၁၂)ဦးမှ သက်သေထွက်ဆိုခဲ့ကြပါတယ်။

စစ်အုပ်စုဟာ မြန်မာနိုင်ငံအတွင်း လူ့အခွင့်အရေးချိုးဖောက်မှုများနဲ့ ရာဇဝတ်မှုများကို ဆက်တိုက်ကျူးလွန်နေရုံသာမကဘဲ နိုင်ငံတကာရာဇဝတ်မှုဥပဒေများကိုပါ ချိုးဖောက်လျက်ရှိကြောင်း... ပြည်သူ့ခုံရုံးတော် ခုံသမာဓိ တရားသူကြီးများက တညီတညွတ်ထဲ ဆုံးဖြတ်ခဲ့ကြပါတယ်။ အဲဒီနောက် နိုဘယ်ဆုရှင်များနှင့်အတူမြန်မာနိုင်ငံအမျိုးသမီးအဖွဲ့ချုပ်မှ ဗဟိုသဘာပတိအဖွဲ့ဝင် ဒေါ်သင်းသင်းအောင်တို့မှ ထိုကြားနာချက်များနဲ့ ပြည်သူ့ခုံရုံးတော် စီရင်ချက်များကို ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးဘန်ကီမွန်းထံသို့ ကိုယ်တိုင်တိုယ်ကျ တွေ့ဆုံရှင်းပြဆွေးနွေးပြီး တရားဝင် တင်သွင်းခဲ့ကြပါတယ်။

နိုင်ငံတကာ ရာဇဝတ်ခုံရုံးတော်မှာ မြန်မာနိုင်ငံအနေနဲ့အဖွဲ့ဝင်အဖြစ် လက်မှတ်ထိုး ပါဝင်ထားခြင်းမရှိပါဘူး။ ဒါ့ကြောင့် မြန်မာ့အရေးကို နိုင်ငံတကာရာဇဝတ်ခုံရုံးတော်က တိုက်ရိုက် ကိုင်တွယ်ခွင့် မရှိသေးသော်လည်း စစ်အုပ်စု၏ရာဇဝတ်မှုကျူးလွန်မှုများနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများကို ကုလသမဂ္ဂအနေနဲ့လုံခြုံရေးကောင်စီဆုံးဖြတ်ချက် (တရုပ်နဲ့ရုရှားတို့ရဲ့ ဗီတိုပါဝါ ပယ်ဖျက်မှုကို ) စိုးရိမ်စရာ မလိုဘဲ ဝင်ရောက်စုံစမ်း စစ်ဆေးခွင့်ရှိပါတယ်။ ဒါကြောင့် ကုလသမဂ္ဂအနေနဲ့ ရာဇဝတ်မှု အမှန်များပေါ်ပေါက်ရေး စုံစမ်းစစ်ဆေးရေးကော်မရှင်တရပ်ကို အမြန်ဆုံးဖွဲ့စည်းဆောင်ရွက်သွားရမှာ ဖြစ်ပါတယ်။ ထိုမှတဆင့် ပြစ်မှုကျူးလွန်မှုများကို နိုင်ငံတကာရာဇဝတ်ခုံရုံးတော်(ICC)မှ ဥပဒေ အကျိုးတော်ဆောင်တဦးဦး(Prosecutor)မှ မြန်မာနိုင်ငံအတွင်း ရာဇဝတ်မှုကျူးလွန်သူ စစ်ခေါင်း ဆောင်တဦးဦး ဒါမှမဟုတ် ၄င်းရာဇဝတ်များနဲ့ပတ်သက်ဆက်နွယ်လျှက်ရှိသူများ၊ သွယ်ဝိုက်တာဝန်ရှိသူများကို တိုက်ရိုက်စုံစမ်းစစ်ဆေးမေးမြန်းမှုတွေကိုပြုလုပ်ပိုင်ခွင့်ရှိပါတယ်=(ICC; Article25 <2002>)။
အဲဒီ့ရာဇဝတ်ကောင်များကိုလည်း လက်ရှိစစ်အစိုးရမှ တရားသေ လွတ်ငြိမ်းခွင့် ပေးပိုင်ခွင့်မရှိပါဘူး=(ICC; Article27 <2002>)။

ဒါကြောင့် စစ်အုပ်စုအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုများနဲ့ လူသားတို့အပေါ် ရာဇဝတ်မှုများကျူးလွန်မှုများကို ဖော်ထုတ်တရားစွဲဆိုရေး ဆောင်ရွက်ချက်များမှာ အလွန်တရာ ထိရောက်သော ထိုးနှက်ချက် ဖြစ်ပါတယ်။ ထို့အတူ ဒေါ်အောင်ဆန်းစုကြည်နဲ့တကွ ဒီမိုကရေစီခေါင်းဆောင်များကို လုပ်ကြံသတ်ဖြတ်မှု =ဒီပဲယင်း နိုင်ငံတော်လုပ်ကြံမှုကြီးကိုလည်း ဆက်လက်အရေးယူဆောင်ရွက်မှုများကို ရပ်တန့်မနေဘဲ ဆက်လက်ဖော်ထုတ်အရေးယူသွားဖို့ လိုအပ်ပါတယ်။ သို့ပါမှ ဒေါ်အောင်ဆန်းစုကြည်၏ လုံခြုံရေးကို နိုင်ငံတကာတရားဥပဒေနဲ့အညီ နိုင်ငံတကာ တရားဥပဒေဘက်တော်သားများမှ ကာကွယ် စောင့်ရှောက်နိုင်မှာ ဖြစ်ပါတယ်။

စစ်အုပ်စုဟာ အမျိုးသမီးများအပေါ်မှာသာ ရာဇဝတ်မှုတွေနဲ့လူ့အခွင့်ရေးချိုးဖောက်မှုတွေ ကျူးလွန်နေတာမဟုတ်ပါဘူး၊ အမျိုးသားများ ခလေးသူငယ်များ သက်ကြီးရွယ်အိုများပါမကျန် လူမျိုး ဘာသာမရွေး စစ်အုပ်ချုပ်ရေးလက်အောက်က မြန်မာပြည်သူလူထုရပ်လုံး ပြားပြားမှောက်ကာ နေ့ စဉ်နဲ့ အမျှ လူ့အခွင့်အရေးချိုးဖောက်ခံနေကြရပါတယ်။ ဒါကို အခြားသောပြည်ပအဖွဲ့အစည်းများအနေနဲ့လည်း ကျြိုးစားဖော်ထုတ်ကာ စစ်အုပ်စုကို ဥပဒေကြောင်းအရ အပြစ်ပေး အရေးယူဆောင်ရွက်မှုများကို ဆောင်ရွက်သွားဖို့လိုအပ်ပါတယ်။

NLD အနေနဲ့ နအဖ စစ်အုပ်စုကို ပထမအကြိမ်တရားစွဲဆိုမှုကို ရန်ကုန်တိုင်းတရားရုံးက ပယ်ချခဲ့ပါတယ်။ သို့ပေမယ့် NLD အနေနဲ့ စစ်အုပ်စုကို ဥပဒေကြောင်းအရ အရေးယူဆောင်ရွက်မှု (Legal Process)များကို ဆက်လက်ဆောင်ရွက်လျက်ရှိရာ ဇွန်လ(၂၁)ရက်နေ့ က NLD က နအဖစစ်အုပ်စုအား အက်ဥပဒေပုဒ်မ ၄၅ နဲ့ ၅၄ အရ ဆက်လက်တရားစွဲသွားမှာဖြစ်ကြောင်း အကြောင်းကြားစာကို ပေးပို့လိုက်ကြောင်း ရှေ့နေကြီးဦးဥာဏ်ဝင်းက ပြောပါတယ်။ ဒီ့အပြင် ၁၉၉၀ရွေးကောက်ပွဲမှာ အနိုင်ရခဲ့ကြတဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်(၂၆)ဦးကလည်း ဥပဒေပုဒ်မ ၄၂ အရ စစ်အုပ်စုကို တရားစွဲဆိုထားခဲ့ပါတယ်။

ကိုယ်တိုင်ရေးဆွဲထားတဲ့ဥပဒေကို၎င်း၊ နိုင်ငံတကာဥပဒေတွေကိုသော်၎င်း- နအဖ စစ်အုပ်စုက ပြောင်ပြောင်တင်းတင်းချိုးဖောက်နေပါတယ်။ ဒါ့ကြောင့် ဥပဒေကြောင်းအရ ထိပ်တိုက်ရင်ဆိုင် တိုက်ပွဲများဟာ ဒီကနေ့နိုင်ငံရေးလှည့်အပြောင်းတခုကို ဗြောင်လိမ်ဗြောင်စား တရားဝင်အစိုးရတရပ်အဖြစ် နိုင်ငံတကာမှအသိအမှတ်ပြုရေးကို ကျြိုးစားနေတဲ့ ဗိုလ်သန်းရွှေတို့ စစ်အုပ်စုကို တရားစွဲဆိုရေး လုပ်ငန်းစဉ်များဟာ အခြေအနေအချိန်အခါနဲ့ကိုက်ညီတဲ့ ထိုးစစ်ဗျူဟာတရပ်ဖြစ်ပါတယ်။ NLD အနေနဲ့ ရှေ့ဆက်ပြီး ILOနဲ့  ပူးပေါင်းကာ အလုပ်သမားများအခွင့်အရေးရာများနဲ့ ကလေးစစ်သားများ စုဆောင်းမှု၊ အတင်းအကြပ်ကိုင် လုပ်အားပေးခိုင်းစေမှုများကိုပါ ဖော်ထုတ်တရားစွဲသွားမှာဖြစ်ကြောင်း ......ဦးတင်ဦးက ထုတ်ဖော်ပြောကြားရင်း ထပ်မံစိန်ခေါ်လိုက်ပါတယ်။

စစ်အာဏာရှင် နိဂုံးချုပ်ရေးနဲ့ဒီမိုကရေစီရေး လိုလားသူ အဖွဲ့အစည်အားလုံးနဲ့ ပြည်သူတရပ်လုံး ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်သွားမည်ဆိုပါက အလွန်တရာ ထိရောက်ပြီး အောင်မြင်မှုရရှိမှာဖြစ်ပါတယ်။ ထိုသို့ တရားစွဲဆိုရေး ထိပ်တိုက်ရင်ဆိုင် တိုက်ပွဲများဖြင့် စစ်အုပ်စုကို အကြပ်ရိုက်စေပြီ့း အပေးအယူများရှိလာကာ တွေ့ဆုံဆွေးနွေးရေး စကားဝိုင်းဆီ အမြန်တွန်းပို့နိုင်မှာဖြစ်ပါတယ်။ တွေ့ဆုံဆွေးနွေးရေးကို နိုင်ငံတကာ ကြားကောင်းအောင်- စတိတ်မန့်ထုတ်နေရုံနဲ့တော့ ဘာမှအကျိုးထူးလာမှာမဟုတ်ပါဘူး။

ရှစ်လေးလုံးပြည်သူ့အရေးတော်ပုံကြီးတွင် ဗိုလ်နေဝင်းနဲ့စစ်အာဏာရှင်တို့ကို ထိပ်တိုက်ရင်ဆိုင် အောင်ပွဲခံခဲ့ဖူးသော လူထုတိုက်ပွဲနှင့် ရှစ်လေးလုံးစိတ်ဓာတ် -သို့တည်းမဟုတ် -ခွပ်ဒေါင်းစိတ်ဓာတ်ကို ပြန်လည် နှလုံးသွင်းကာ ပေါင်းစည်းညီညာသော လူထုတိုက်ပွဲကို ဆင်နွှဲအောင်ပွဲခံကြပါစို့။ ။

ရှစ်လေးလုံးစိတ်ဓာတ် ထာဝစဉ်ရှင်သန်နိုင်ကြပါစေ။
(မောင်မောင်စိုး)၁-၂၆၀-၄၂၆ ၄၁၂၁

ကိုမောင်မောင်စိုး တစ်ယောက်လူ့လောထဲက ရုတ်တရက်နုတ်ဆက်ခွဲခွာသွားတော့မိသားစုနှင့်အတူ ထပ်တူထပ်မျှအထူးကြေကွဲ ၀မ်းနည်းရပါတယ်....
Sent with Reeder

Regards

AN

Tuesday, November 1, 2011

ညီအကိုတို့ 

ဆုံဆည်းရာ
တက္ကသိုလ်ရင်ခွင် နဲ့ 
စာသင်ကျောင်းထဲမှာ
ဗလာစာအုပ်ပေါ် ခဲတံချွန်ရင်း။

ခေါင်းလောင်းသံနဲ့ ၊ သေနတ်သံကို
ပြောင်းပြန်လုပ်၊ မောင်းပြန်ဆုပ်ခဲ့ကြ။

ကျောင်းသားစိတ်ရင်း
နှလုံးသွင်းခဲ့
ဖိနပ်မဲ့စစ်သားတွေ ဖြစ်ခဲ့တယ်။

အားလုံး အားလုံး
ရှစ်လေးလုံးက
တအူတုံဆင်း အမွှာပူးတွေ။

နိုဝင်ဘာ ၁ ရက် ဆို
ဘယ်လောက်ဝေးဝေး
သွေးနွေးကြ သွေးနီးကြ တမ်းဆွတ်ကြ
လွမ်းတတဲ့ တေးတွေ ဆိုညည်းကြ။

၂၃ နှစ် အသက်
တို့ အားလုံးရဲ့  အလံတော်တလက်ကို
မြဲမြံဖက်တွယ် ကိုင်စွဲ ကာကွယ်ထားကြဆဲ
အမြင့်မားဆုံး လွှင့်ထူနေကြဆဲပဲလေ။

ရဲဘော်တွေရဲ့ 
သွေးနဲ့ 
ရေးခဲ့တဲ့ လမ်းပြမြေပုံ
ရဲရဲ ယုံလိုက်ပါ။

မောင်လွမ်းဏီ
၃၀ - ၁၀ - ၂၀၁၁
Sent with Reeder

Regards

AN

Saturday, October 22, 2011

ABSDF တိုက်ပွဲသတင်းထုတ်ပြန်ချက် ၂၁ အောက် ၂၀၁၁

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး

(ကျောင်းသားတပ်မတော်)

 

သတင်းထုတ်ပြန်ချက်

 

ရက်စွဲ                ။ ၂၀၁၁ ခုနှစ်၊ အောက်တိုဘာ ၂၁ ရက်။

 

            ၂၀၁၁ ခုနှစ်၊ အောက်တိုဘာ လ ၂၀ ရက်နေ့၊ နံနက် ၇ နာရီ ၄၀ မိနစ် တွင် ကွီးတာဥစခန်း ရန်သူ ခမရ ၂၀၅ အား မိမိ နှင့် DKBA ပူးပေါင်းအဖွဲ့ က တိုက်ခိုက်ရာ ရန်သူ အရာရှိ ၁ ဦး နှင့် တပ်သား ၁ ဦး ဒဏ်ရာရရှိသွားခဲ့သည်။

            ၎င်းနေ့ ညနေ ၅ နာရီ အချိန်တွင် တောင်နီစခန်းထိုင် ရန်သူ ခမရ ၂၀၃ စစ်ကြောင်း ၁ မှ ဗိုလ်ကြီး ဝင်းသူ နှင့် အခြားအဆင့် ၁ ဦး သည် မိမိ ကျောင်းသားတပ်မတော် မှ ထောင်ထားသော နင်းမိုင်းကြောင့် ဒဏ်ရာရရှိသွားခဲ့သည်။

            ၂၀၁၁ ခုနှစ်၊ အောက်တိုဘာ လ ၂၁ ရက်နေ့၊ ယနေ့ နံနက် ၈ နာရီ ၄၅ မိနစ် တွင် ဝါးမီထတောင်ခြေတွင် မိမိ နှင့် DKBA ပူးပေါင်းအဖွဲ့က ရန်သူအား ပြောက်ကျားပစ်ခတ်ခဲ့သည်။ ရန်သူ မည်သည့်အဖွဲ့ ဖြစ်ကြောင်း နှင့် ရန်သူ ထိခိုက်ဒဏ်ရာရရှိမှု သတင်း စုံစမ်းဆဲဖြစ်သည်။

            ယနေ့ ညနေ ၇ နာ၇ီ ၁၅ မိနစ် တွင် အထက်ပါတိုက်ပွဲများတွင် ဒဏ်ရာရရှိသော ရန်သူများအား ပြန်လည်ပို့ဆောင်သော လူနာပို့အဖွဲ့အား မိမိတို့ ပူးပေါင်းအဖွဲ့က မိုင်းဖြင့် တိုက်ခိုက်ခဲ့ပြီး လူနာကြိုအဖွဲ့ အင်အား ၁၀၀ ခန့် အား လက်နက်ငယ်များဖြစ် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ ရန်သူ ထိခိုက်ဒဏ်ရာရရှိမှု စုံစမ်းဆဲဖြစ်သည်။

ABSDF တိုက်ပွဲသတင်း (နောက်ဆက်တွဲ) ထုတ်ပြန်ခြင်း

တိုက်ပွဲသတင်း (နောက်ဆက်တွဲ) ထုတ်ပြန်ခြင်း

ရက်စွဲ။    ။ ၂၂ အောက်တိုဘာ ၂၀၁၁။

            ယမန်နေ့ည ၇ နာရီ ၃၀ တွင် ရန်သူ လူနာပို့ နှင့် လူနာကြိုအဖွဲ့များအား ကွိတာအူး နှင့် သေ့ဘောဘိုးအကြားတွင် မိမိကျောင်းသားတပ်မတော် နှင့် DKBA ပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ရာတွင် ရန်သူ တပ်ရင်းအမှတ် စိစစ်ဆဲ ၁၂ ဦး ကျဆုံးပြီး၊ ဒဏ်ရာ ၇ ဦး ရရှိခဲ့သည်။

            ည ၈ နာရီ ၃၀ မိနစ်တွင် ၎င်း လူနာပို့ ယာဉ်တန်းအား သေဘောဘိုးအဝင်တွင် မိုင်း၊ လက်နက်ငယ်များဖြင့် ထပ်မံ ဆီးကြိုတိုက်ခိုက်ရာ၊ ရန်သူ တပ်ရင်းအမှတ် စိစစ်ဆဲ၊ မှူး ဗက ၁ ဦး၊ အရာခံဗိုလ် ၁ ဦး၊ တကက ၂ ဦး အပါအဝင် စုစုပေါင်း ၁၃ ဦး ကျဆုံးပြီး၊ ဒဏ်ရာ ၄ ဦး ရရှိခဲ့သည်။

            မိမိဖက်မှ ထိခိုက်ကျဆုံးမရှိကြောင်း သတင်းရရှိသည်။

Monday, September 12, 2011

သမိုင်းသစ်ရေး ... စက်တင်ဘာ

ဆုံဆည်းရာ
ကမာပုလဲ

စက်တင်ဘာဟာ ... အိပ်မက်မဟုတ်ဘူး
စက်တင်ဘာဟာ ... တကယ့် အဖြစ်အပျက်ဖြစ်တယ်။

စက်တင်ဘာဟာ ... စိတ်ကူးယဉ်တောလား မဟုတ်ဘူး
စက်တင်ဘာဟာ ... လက်တွေ့ဘ၀တွေရဲ့ တိုက်ပွဲစစ်စစ်ဖြစ်တယ်။

စက်တင်ဘာဟာ ... ခါတော်မီ ပန်းခင်း မဟုတ်ဘူး
စက်တင်ဘာဟာ ... ကန္တာရ မြို့ပျက်ကြီးထဲ
ရာဇ၀င်ကို ခြောက်ခြား တုန်လှုပ်စေမယ့်
ဒူးမထောက် လက်မမြောက် နှင်းဆီခင်းတွေ ဖြစ်တယ်။

စက်တင်ဘာဟာ
ဗုဒ္ဒဘာသာ သံဃာတော်တွေရဲ့
သာသနာ ကပ်ဆိုက်ဖိနှိပ်ခံနေရပုံကို ...
အသက်ပေးပြီး သွေးနဲ့ရေးပြလိုက်တဲ့ ...
သမိုင်းတင် သက်ဝင်ပန်းချီကား တချပ်ဖြစ်တယ်။

စက်တင်ဘာဟာ
ရေမှာအရုပ်ရေးနေတဲ့ ...
လူတစုရဲ့ စိတ်ကူးယဉ်ငြိမ်းချမ်းရေးကို
အတုနှင့် အစစ် ခွဲခြားပေးလိုက်တာ ဖြစ်တယ်။

ပိုးဖဲအိညက်
အဖိုးတန် ဆိုဖါထက်မှာ
နိဗ္ဗာန်ရောက်ကြောင်း တရားကိုနာရင်း
လူကြားကောင်းအောင် ...
အချိန်ကိုက် အမှတ်တရသီချင်းကို
သင် ... သီဆိုနေပါသလား
စက်တင်ဘာဟာ သင့်နှလုံးသားအတွက်
ရွံရှာ စိတ်ပျက်နေမှာပဲ ...။

စက်တင်ဘာဟာ ... သမိုင်းဖြစ်သလို
သမိုင်းဟာ ... စက်တင်ဘာဖြစ်တယ်
စက်တင်ဘာဟာ ဗမာပြည်ဖြစ်သလို
ဗမာပြည်ဟာ စက်တင်ဘာ ဖြစ်ခဲ့တယ်
စက်တင်ဘာမှာ ကျခဲ့ရတဲ့ သွေးစက်တွေက
တနေ့မှာ ...
ဗမာပြည် လွှတ်မြောက်ရေး သမိုင်းသစ်ကို ရေးလိမ့်မယ် ... ။ ။

ကမာပုလဲ
၁၁၊ ၀၉၊ ၂၀၁၁

Sent with Reeder

Regards

AN

Monday, August 8, 2011

၈၈၈၈ … ၂၃ နှစ်

ဆုံဆည်းရာ
၈၈၈၈ အရေးတော်ပုံကြီး ၂၃ နှစ်တိုင်ခဲ့၊ ပြည့်ခဲ့ပြီဖြစ်တယ်။ ၂၃ နှစ်တာ ခရီးဆိုတာ မျိုးဆက် တဆက်ကို ဖြတ်သန်းခဲ့ကြရတာ ဖြစ်တယ်။ ၂၃ နှစ်တာ အချိန်ကာလနဲ့ အရေးတော်ပုံ ခရီးကြမ်းဟာ ပြည်တွင်း မြေပေါ်နဲ့ မြေအောက်(ယူဂျီ) ဘ၀တွေရော၊ လွတ်မြောက်နယ်မြေလို့ ခေါ်တဲ့ လက်နက်ကိုင် တော်လှန်ရေးနယ်မြေက ဘ၀တွေ အတွက်ပါ အရင်းအနှီး ကြီးစွာ ပေးဆပ်ခဲ့ရတဲ့ သမိုင်းဖြစ်ခဲ့တယ်။

တကယ်တော့ ၈၈၈၈ အရေးတော်ပုံကြီးဟာ လူထုရဲ့ တိုက်ပွဲသရဖူ ဖြစ်ပါတယ်။ အရေးတော်ပုံကာလက သင်ဟာ မဆလ အာဏာရှင်စနစ်ကို တိုက်ပွဲဝင်ခဲ့တဲ့ လူထုထဲက လူသားတယောက်အဖြစ်နဲ့ ပါဝင်ခဲ့ကောင်း ပါဝင်ခဲ့မှာပါ။ အဲဒီလို ပါဝင်ခဲ့တဲ့ အတွက်လည်း သမိုင်းပေးတာဝန်ကို အထိုက်အလျောက် ကျေပွန်ခဲ့တယ်လို့လည်း ကျေနပ်ရမှာပါ။

အဲဒီတုန်းက သင်ဟာ ကျောင်းသားအရွယ် ဖြစ်ချင်ဖြစ်နေမယ်။ အလုပ်ထဲကလည်း ဖြစ်နိုင်တယ်။ သက်ကြားအို အရွယ်လည်း ဖြစ်နိုင်ပါတယ်လေ။ ဘယ်အရွယ်ပဲ ဖြစ်ဖြစ် အဖိနှိပ်ခံ ဘ၀မှာ မခံမရပ်နိုင် တိုက်ပွဲဝင် ချင်သူတိုင်းအတွက် ၈၈၈၈ အရေးတော်ပုံကြီးဟာ သမိုင်းက ပေးလိုက်တဲ့ ကြီးမြတ်တဲ့ လက်ဆောင်ကြီးဆိုတာ ငြင်းလို့ မရနိုင်ပါဘူး … ။

ပါတီတွေ ဖွဲ့ခဲ့ကြတယ်။ အကျဉ်းထောင်တွေထဲ နှစ်ရှည်လများ ရောက်သွားကြတယ်။ ထောင်တွင်းမှာ တချို့ ဂုဏ်ရောင်ပြောင်စွာ ကျဆုံးသွားခဲ့တယ်။ တချို့ ထောင်ကထွက်လာတယ်။ မိသားစု ဘ၀ကလေးတွေ အသိုက်ပျက်ခဲ့ကြတယ်။ ယုံကြည်ချက်အတိုင်း ထောင်မကြောက် စစ်ကြောရေးမကြောက် ဆက်လက် လှုပ်ရှားနေ ခဲ့ကြတယ်။ သူလို၊ ကိုယ်လို၊ ကျနော်တို့လို လူမျိုးတွေ မပြောနဲ့။ အမျိုးသားခေါင်းဆောင်ကြီး၊ လွတ်လပ်ရေးရဲ့ ဖခင်ကြီးလို့ သမိုင်းမော်ကွန်းရေးထိုးခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်းသမီးကိုယ်တိုင် နေအိမ်အကျယ်ချုပ်နဲ့ နှစ်ရှည်လ များ နေခဲ့ရတယ်မဟုတ်ပါလား။ အပြင်ပြန်ရောက်တော့လည်း လူအုပ်စုနဲ့ လုပ်ကြံသတ်ဖြတ်တာကို ခံလိုက်ရသေး တယ်။ မိသားစု ဘ၀ တစစီပြိုကွဲခဲ့၊ ပြိုကွဲနေတာကိုတော့ ထူးပြီး ပြောမနေတော့ပါဘူး။

စစ်အာဏာရှင် ဗိုလ်နေ၀င်းရဲ့ အငြိုးကြီးရက်စက်မှုဟာ ပြည်သူ့တိုးတက်ရေးပါတီ ဥက္ကဋ္ဌ ဦးခင်မောင်မြင့် (အဆိုတော် ကိုသန်းလှိုင်၏ အကို) ကိုကိုးကျွန်းပြန်ကြီး၊ နောက် ကိုကိုးကျွန်းပြန်တွေ ဖြစ်ကြတဲ့ ကိုတင်မောင်ဝင်း၊ ကိုညိုဝင်း တို့သည်လည်း ထောင်ထဲမှာ နှိပ်စက်ခံရမှုကြောင့် ဂုဏ်ရောင်ပြောင်စွာ ကျဆုံးသွားခဲ့ရတာ ဖြစ်တယ်။ ကိုတင်မောင်ဝင်း ဈာပနမှာ ကမ်းခဲ့တဲ့ ယပ်တောင်ကလေးမှာ ရေးထားတာက …

“လူကိုသတ်တာ ကင်ဆာလား၊ ကင်ဆာကျဆုံးပါစေ”

စစ်အုပ်စု အလိုကျ ထောင်ပိုင်တွေက ကိုတင်မောင်ဝင်း ကျဆုံးတာ ကင်ဆာကြောင့်လို့ ဗြောင်လိမ် သတင်းထုတ်ခဲ့တာကိုး။ ဒါပေမဲ့ အဲဒီ ကဗျာစကလေးက အဖြစ်အမှန် သမိုင်းကို မော်ကွန်းထိုးခဲ့လေတယ်။

စစ်အုပ်စုရဲ့ ထောင်ထဲမှာ နှိပ်စက်တယ်ဆိုတာက နည်းအမျိုးမျိုး ရှိတယ်။ စိတ်ပိုင်း၊ ခန္ဓာကိုယ်ပိုင်း မျိုးစုံ နှိပ်စက်လို့ရတဲ့အပြင် ဆေးဝါးကုသမှု စနစ်မကျတာ ( ဆေးကို ပုံမှန်သေချာ မထိုး၊ မတိုက်တာ)၊ အစားအသောက် စသည်ဖြင့် နှိပ်စက်လို့ရတယ်။ ၀မ်းကိုက်ရောဂါဟာ အကျဉ်းကျ နိုင်ငံရေးသမားတွေအတွက်တော့ လူတိုင်း ဖြစ်နေကျ ရောဂါ။ ဒါကို ဆေးပုံမှန်မကုသပေးရင် ၀မ်းကိုက်ပိုးက အသည်းထဲဝင်တော့တာ။ နီးစပ်သူတွေထဲက ဆိုရင် ဖထီးမန်းဒါဝိတ်၊ ဘိုကလေး လူ့ဘောင်သစ် (မျိုးချစ်ဒီမိုကရက်တစ် လူငယ် တပ်ပေါင်းစု) က ဂျပန်ကြီးခေါ် ကျော်မျိုးသန့်တို့ဟာ အသည်းထဲ ၀မ်းကိုက်ပိုးဝင် ကျဆုံးခဲ့ကြတာ ဖြစ်တယ်။

စာကို ဘယ်လက်နဲ့ရော၊ ညာလက်နဲ့ရော ရေးတတ်တဲ့ အင်ဂျင်နီယာ ကျောင်းသားဟောင်း ကိုအောင်ကျော်မိုး ကျတော့ စစ်အုပ်စုရဲ့ အကျဉ်းထောင်ထဲမှာ အစာငတ်ခံ တိုက်ပွဲဝင်ရင်း ဂုဏ်ရောင်ပြောင်စွာကျဆုံးခဲ့တာ ဖြစ်တယ်။ သူလို တိုက်ပွဲဝင်ကျဆုံးခဲ့သူများကား သမိုင်းမော်ကွန်း တင်ရစ်ခဲ့ပြီ။ ဗန်းမော်ဦးတင်အောင် စကားကို ကိုးကား ပြောရရင် သူတို့ ဖြတ်သန်းနေတဲ့ ခေတ်ကြီးက သူတို့ ပခုံးပေါ်ကို တင်ပေးလိုက်တဲ့ သမိုင်းပေးတာဝန်ကို ကျေပွန်စွာ ထမ်းဆောင်နိုင်ခဲ့ကြသူတွေ …။

အမေဒေါ်ကြည်ကြည် ( သခင်ဇင်၏ဇနီး ) ဆိုရင် ထောင်ထဲမှာသာ အနေများခဲ့ရတယ်။ သူမဆိုရင် နိုင်ငံရေးသမားများအတွက် ဂေါ်ကီရဲ့ “အမေ” လို ကျင့်ကြံနေထိုင်သွားခဲ့တာ။ အမေလူထုဒေါ်အမာကလည်း သူသေသည်အထိ လူထုအကျိုးစီးပွားဘက်က ရပ်ခံခဲ့တယ်။ သူ့ဖြတ်သန်းမှု သမိုင်းဟာ ဗမာတင်မက တကမ္ဘာလုံးက အမျိုးသမီးတွေအတွက် အားကျ အတုယူစရာ ဖြစ်တယ်။ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်က မန္တလေးရောက်ရင် အမေ့ကို သွားရောက် ဂါရ၀ ပြုနေကျ။ ဦးဝင်းတင်၊ ဦးတင်ဦး တို့ကလည်း ဒေါ်အောင်ဆန်းစုကြည်ကို အကောင်းဆုံး ၀န်းရံပေးနေခဲ့၊ ပေးနေဆဲဖြစ်တယ်။ သူတို့ဟာ သက်ကြားအိုတွေ ဖြစ်နေကြပေမဲ့ စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေးနဲ့ ဒီမိုကရေစီအကျိုးစီးပွား တည်ဆောက်ရေး ဆိုတဲ့ သမိုင်းပေးတာဝန်ကို ဦးလည်မသုန် ဆောင်ရွက်နေကြတာ။ သတ္တိရှိသလို ဇွဲလည်းရှိကြတယ်။ ဒုက္ခမျိုးစုံကိုလည်း ကြံ့ကြံ့ ခံနိုင်ကြတယ်။ ဘုံရန်သူ စစ်အာဏာရှင်စနစ်ကို မျက်ခြေမပြတ်ကြဘူး။ လူငယ်တွေအတွက် စံပြု အတုယူရမယ့် တန်ဖိုးမဖြတ်နိုင်တဲ့ အဖိုးကြီးတွေအဖြစ် ယနေ့အထိ ပိုင်းဖြတ် တိုက်ပွဲဝင်နေကြတယ်။

မီဒီယာ ဘက်ကကြည့်မယ်ဆိုရင် လူထုဦးစိန်ဝင်းဟာ လူထုတပ်ဦးကနေ ဦးဆောင်လမ်းပြတိုက်ပွဲဝင်နေတဲ့ ခေါင်းဆောင်ကြီးတယောက်ဖြစ်တယ်။ ဘယ်လိုပဲ အတွေးအခေါ်တွေ ရှုပ်ထွေးနေပါစေ။ သူပြောလိုက်ရင် ရှင်းသွားတာပဲ။ မျက်ခြေမပြတ်တော့ဘူး။ လက်ရှိမှာ အောက်ဆီဂျင်နဲ့ အသက်ရှုနေရတယ်။ စိတ်ဓါတ်ကတော့ ရန်သူ့အပေါ်မှာ ပြတ်သား မာကျော ခိုင်မာနေမြဲပဲ …။

လက်ရှိ ကျနော်တို့ရဲ့ လွတ်မြောက်နယ်မြေမှာရော …။

မိခင်ရုံးကို ရောက်သွားတော့ တိုက်ပွဲဝင် ကျဆုံးသွားခဲ့ ရတဲ့ ရဲဘော်တွေနဲ့ ပြန်တွေ့လိုက်ရတယ်။ သူတို့ကို သူတို့ရဲ့ ရှားပါး ဓါတ်ပုံကလေးတွေနဲ့ မှတ်တမ်းတင် ဂုဏ်ပြုထားတာ ဖြစ်တယ်။ ဓါတ်ပုံထဲက သူတို့ရဲ့ ရုပ်ပုံလွှာတွေဟာ ပီဘိ အပြစ်ကင်းစင် ရိုးသားကြတယ်။ မျက်နှာကလေးတွေက နုနုကလေးတွေ။ မိဘတွေရဲ့ မျက်စိအောက်မှာ အေးချမ်းစွာ ပညာသင်ကြားရမယ့် အရွယ်တွေဖြစ်တယ်ဆိုတာ ဘယ်သူမှ မငြင်းနိုင်အောင် ဖေါ်ပြနေကြတယ်။ သူတို့ကား ဒီမိုကရေစီရေးအတွက်၊ တိုင်းပြည်အတွက်၊ အဓမ္မ ဗုံးခွဲအဖျက်ဆီးခံ ကျောင်းသား သမဂ္ဂအဆောက်အဦကြီးအတွက်၊ အစဉ်အလာ ကြီးမားသော ဗမာပြည် ကျောင်းသား လှုပ်ရှားမှု သမိုင်းအတွက် တကယ့်ကို တန်ဖိုးရှိရှိ ဂုဏ်ယူဖွယ် ကျဆုံးခဲ့ကြတာ ဖြစ်တယ်။

ဓါတ်ပုံတွေထဲကနေ ကျဆုံးရဲဘော်တွေက ကျနော်တို့ကို ကြည့်နေသလိုပဲ။ တစုံတခုကို ပြောနေ၊ သတိပေးနေ သလို ခံစားရတယ်။ မင်းတို့ ဘယ်လမ်းလျှောက်နေကြပြီလဲ။ မင်းတို့ ဒီ လွတ်မြောက်နယ်မြေကို ဘာအတွက်၊ ဘာလုပ်ဖို့ လာခဲ့ကြတာလဲလို့ မေးခွန်းထုတ်နေသလိုလို ခံစားလာရတယ်။ ထွက်ပြေးမတတ် သိမ်ငယ်နေတဲ့ မိမိ လိပ်ပြာဟာ ကြေကွဲစွာ လွင့်စဉ်သွားမတတ် ခံစားခဲ့ရတယ်။ ကိုယ့်ကိုယ်ကိုယ် ဝေဖန်ရေးပေး။ ပြီးတော့ ကိုယ့် အတ္တကို ကိုယ်တိုက်ပွဲဝင်ဖို့ လုပ်ရတယ်။ ဒီလိုမှ မဟုတ်ရင် သမိုင်းက အညှာအတာ ကင်းတယ်ဆိုတာထက် ကိုယ့်ကိုယ်ကိုယ် ဘယ်တော့မှ ခွင့်လွှတ်နိုင်မယ် မဟုတ်တော့မှာ သေချာတယ်။ သြော် သူတို့ဟာ ကျဆုံးပြီးခဲ့တာတောင် ဆက်ပြီး တိုက်ပွဲဝင် တာဝန်ကျေနေကြမြဲ။ သူတို့ရဲ့ မိခင်တွေဟာ သမိုင်းရဲ့ အမျိုးသမီးကောင်း မိခင်တွေ ဖြစ်ခဲ့ပြီ …။

ပြောင်းလဲနေတဲ့ ကမ္ဘာ့ အခင်းအကျင်းသစ်ပေါ်ကနေ စစ်အုပ်စုဟာ အသက်ရှုပေါက် ချောင်သလို ဖြစ်သွား ခဲ့တယ်။ ဒေသန္တရ နိုင်ငံရေးကလည်း သူ့ကို လူမိုက် အခြေအနေကောင်း ဖြစ်စေပြန်နေရော။ အတုအယောင် အပစ်အခတ် ရပ်စဲရေးကနေ ငြိမ်းချမ်းရေးဆိုပြီး နတ်စကားတွေ လှိုင်လှိုင် ထုတ်ပြန်နေခဲ့တယ်။ နောက်ဆုတ်လိုက်ရတဲ့ လက်နက်ကိုင်တော်လှန်ရေး ဒီရေ အကျမှာ လွတ်မြောက်နယ်မြေက ဘ၀တွေ လိမ့်နေအောင် ခံလိုက်ရတယ်။ အခင်းအကျင်းတခုလုံးနဲ့ လက်တွေ့ သမိုင်းရဲ့ အခြေအနေကို မဆုပ်ကိုင်မိဘူးဆိုရင် လူဟာ ကိုယ့်ကိုယ်ကိုယ် ဆယ်ယူဖို့ အတော့်ကို ခက်သွားလိမ့်မယ်။ မျက်မှောက်ပြုနေရတဲ့ လေထုထဲမှာ တန်ဖိုးအတွက် စံသတ်မှတ်စရာ ပေတံ ရှားပါးနေခဲ့တယ်။ ကိုယ့်အတ္တကိုမှ ကိုယ်မနိုင်ရင် ကိုယ့်ကိုယ်ကိုယ် ဆုံးရှုံးဖို့က သေချာသလောက်ရှိနေပါတယ်။

အဆိုးဆုံးက ကိုယ် ဘာလဲဆိုတာ ကိုယ့်ကိုယ်ကိုယ် မသိတော့တဲ့ကိစ္စ။ ဘ၀ဟာ ကိုယ့်ကိုယ်ကိုယ် ပျောက်ဆုံးသွားဖို့ သိပ်လွယ်လွန်းနေတယ်။

ခုတော့ မင်းသားခေါင်းပြုတ်ကျပြီး ဘီလူးခေါင်းပြန်ပေါ်လာတဲ့ စစ်အုပ်စုဟာ အတုအယောင်အပစ်အခတ် ရပ်စဲရေး ဖြစ်ပါတယ်ဆိုတာကို တဖန်ပြန်လည်ဖြစ်ပေါ်လာတဲ့ လက်နက်ကိုင် တိုက်ပွဲတွေနဲ့အတူ ကမ္ဘာကိုရော သမိုင်းကိုပါ ၀န်ခံလိုက်ရပြီ။ ကျနော်တို့ ဒီမိုကရေစီရေးဘက်က မရှိမဖြစ်လိုအပ်နေသည်မှာ အဖိနှိပ်ခံလူထုကြီး၏ အနှစ်သာရပြည့်စုံတဲ့ “ညီညွတ်ရေး” … ။ ဘုံရန်သူ စစ်အာဏာရှင်၊ စစ်အုပ်စုနဲ့ သူတို့ရဲ့ လက်ရှိရုပ်သေးအစိုးရကို ဖျက်သိမ်းပစ်ဖို့အတွက် အနိမ့်ဆုံး ဘုံလုပ်ငန်စဉ် တခုကို ချမှတ်နိုင်ဖို့ အမြန်ဆုံး လိုအပ်နေပါတယ်။

မည်သူမဆို ကိုယ်ရောက်ရာအရပ်ကနေ ဒီမိုကရေစီရေးကို ရွက်ကျပင်ပေါက် ပမာ ဆောင်ရွက်နိုင်တယ်လို့ နာယူမှတ်သားခဲ့ဖူးတယ်။ ဟုတ်ပါတယ်။ မည်သူမဆိုပါ။ ဆန္ဒအတိုင်း မဖြစ်တတ်တဲ့ ဘ၀မှာ လူသားဟာ ကိုယ်ရောက်တဲ့အရပ်ကနေ ဘုံရန်သူကို မျက်ခြေမပြတ်ဖို့နဲ့ ကိုယ့်တိုင်းပြည်၊ ကိုယ့်လူထုရဲ့ အကျိုးစီးပွားကို နိုင်ငံရေး အသိ၊ သတိရှိရှိနဲ့ လုပ်သွားကြဖို့လိုတယ်လို့ ကိုယ့်ကိုယ်ကိုယ် ဝေဖန်ပိုင်းခြား ခံယူလာမိတယ်။ အဲဒီ ခံယူမှုကို ခိုင်မာသထက် ခိုင်မာအောင် လုပ်သွားမယ်လို့လည်း ပိုင်းဖြတ်ရပါမယ်။ ဒီအသိနဲ့ ဒီအားအင်တွေက သူ့အလိုလို ဖြစ်လာတာတော့ မဟုတ်ဘူး။ အထက်ဖေါ်ပြပါ ဂုဏ်ရောင်ပြောင်စွာ တိုက်ပွဲဝင်ကျဆုံးခဲ့ကြ သူတွေက သူတို့ရဲ့ ဘ၀တွေ၊ အသက်တွေ၊ သွေးတွေနဲ့ ရင်းနှီးပြီး သမိုင်းတာဝန် သင်ကြားချက်ကို တန်ဖိုးရှိရှိပေးခဲ့တာ …။

၈၈၈၈ အရေးတော်ပုံကြီး ၂၃ နှစ်တိုင်ခဲ့၊ ပြည့်မြောက်ခဲ့ပြီဖြစ်ပါတယ်။ တချို့ကား ကြယ်စင်တွေလို ဂုဏ်ရောင်ပြောင်စွာ တိုက်ပွဲဝင် ကျဆုံး ကြွေသက်ခဲ့ကြတယ်။ တချို့ကား …။

အရေးတော်ပုံကြီး၏ ခရီးရှည်ကား မဆုံးသေး … ။ ပန်းတိုင်သို့ … မရောက်ရှိသေး … ။ တနေ့မှာ … ဒီမိုကရေစီအကျိုးစီးပွား ပန်းတိုင်ဆီသို့ မလွဲမသွေ ရောက်ရှိမည်ကို အခိုင်အမာ ယုံကြည်တယ် … ။ ။

ကမာပုလဲ

၂၀၁၁။

Sent with Reeder

Regards

AN

Thursday, August 4, 2011

Kamar Pale - August Songs

မိုးမခ မီဒီယာ - MoeMaKa News & Media
သြဂတ်စ် … သီချင်း
ကမာပုလဲ
သြဂုတ် ၄၊ ၂၀၁၁


မိုးစက်များ
၂၃ နှစ် အလွမ်းနဲ့
အသစ်တဖန်
ပြန်လည်ရှင်သန်လာခဲ့ပေါ့ …။

ည … ည
ပြတင်းမှန်တံခါးတွေအပေါ်
လာ လာ ရိုက်ခတ်နေသံတွေဟာ
မိုးစက်ကလေးတွေလားတဲ့
ချစ်သမီးကလေးက မေးတယ် …။

သမီးကလေးရဲ့
သူ့ …အိပ်မက်တွေထဲ
ငိုသံလိုလို အောက်မေ့
တကယ်တော့ … ဒါဟာ
သံပြိုင်သီချင်းသံ စစ်စစ်ပါ သမီးကလေးရယ် …။

သေသေချာချာ နားထောင်လိုက်ပါသမီး
ဒါ …
ဗမာပြည် …
သြဂတ်စ်လရဲ့
မမေ့နိုင်တဲ့ သီချင်း …
ရှေ့ဆုံးကနေ သီဆိုလာသူ
ဝင်းမော်ဦး … တဲ့
သမီးလို ကျောင်းသူကလေးပေါ့ကွယ် ။ ။

Sent with Reeder

Sent from my iPad

Tuesday, April 26, 2011

၂၃- နှစ် … အတွေးများ၊ လူများနှင့် မင်းကိုနိုင်ကို ရှက်ပါ

New Generations
အတွေးများ၊ လူများ

၈၈ အရေးတော်ပုံကြီးတွင် ပြည်သူတယောက်အနေဖြင့် ဒီမိုကရေစီ လှုပ်ရှားမှုတွင် ပါဝင်ခဲ့သည်။ နိုင်ငံရေးပါတီများ ဖွဲ့စည်းပေါ်ပေါက်လာသည့်အခါ လူ့ဘောင်သစ် ဒီမိုရက်တစ် ပါတီတွင် ပါဝင်လှုပ်ရှားခဲ့သည်။ မြို့နယ် စည်းရုံးရေး ကော်မတီတွင် ကော်မတီဝင်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ၁၉၈၉ အောက်တိုဘာလထဲတွင် ဖမ်းဆီးခံရကာ ထောင်ကျခဲ့သည်။ မအူပင် အကျဉ်းထောင်၊ ရွှေသဌေး ရဲဘက်စခန်းမှ သည် အင်းစိန်ထောင်သို့ …။

ကိုထက်မိုး (နယ်စပ် ကျဆုံး)၊ ရွှေဘုန်းလူ (တာရာမင်းဝေ မဖြစ်သေး၊ ယခု ကွယ်လွန်) တို့ နှင့် ( ၃ ) ဆောင်တွင် အတူနေရသည်။ ၁၉၉၀-ခု မေဒေး ထောင်တွင်း လှုပ်ရှားမှု ဖြစ်သည်။ မြအေး (ယခု ထောင်တွင်းအကျဉ်းကျနေသူ) တို့က ကမကထပြု လှုပ်ရှားရန် လှုံ့ဆော်ခဲ့ခြင်းဖြစ်သည်။ ထောင်ပိုင် ဘိုကြည်က မာဖီ (အရပ် ၀တ်စုံ) ဖြင့် ကိုမြအေးကို အဆောင်ထဲ ၀င်ရောက်လာကာ လက်သီးနှင့် ထိုးသည်ဟု ကြားရသည်။ နောက်တနေ့တွင် (၅)တိုက်ထဲသို့ အမှုတွဲနှင့်အတူ ရောက်သွားသည်။

ဖထီးမန်းဒါဝိတ် (ထောင်တွင်း ကျဆုံး) က သူ့ဆေးရုံစာ ငါးကြော်ကလေး တတုံးကို ပေးရှာသည်။ အရိုင်း (အောင်သန်းဦး) ကလည်း ပေးသည်။ နယ်မှဆိုတော့ ထောင်ဝင်စာသည် ကိုယ်နှင့် ဘာမျှ မဆိုင်သလိုဖြစ်နေသည်။ ၁၉၉၀ ရွေးကောက်ပွဲ ပြီးသွားသည်။ ၀န်ထမ်း (ထောင်ဝါဒါ) အချို့က “ ခမောက်၊ ခမောက် အပြတ်အသတ် နိုင်တယ်” ဟု တိုးတိုး ပြောသွားသည်။ လူထုက မပြီးဆုံးသေးသည့် အရေးတော်ပုံကြီးကို ထပ်မံ တိုက်ပွဲဝင် အနိုင်ယူလိုက် ပြန်လေသည်။ ပီတိ မဆုံးသေးခင် ညနေစောင်းကြီး တိုက်ထဲမှ နိုင်ငံရေး အကျဉ်းသား အချို့ကို လာထုတ် ခေါ်ဆောင်သွားသည်။ ခြေကျင်းရိုက်သည်။ ညတွင် ထောင်အသီးသီး သို့ ပြောင်းရွေ့မည်ကို သိလိုက်ရသည်။ အောင်ဒင် (ဒတ္ထ) က BAD SIGN (မကောင်းတဲ့ လက္ခဏာ) လို့ ပြောလိုက်သည်။ တချို့က မြင်းခြံ၊ တချို့ မန္တလေး၊ တချို့ကား သာယာဝတီ …….။

“၈၈၈၈ တုန်းက ဦးနုရဲ့ အစိုးရ တိုက်ကွက်ကို ဒေါ်စုတို့ နဲ့ ကျောင်းသားတွေ အားလုံး ၀ိုင်းထောက်ခံလိုက်ရင် ပွဲပြီးသွားပြီဗျ။ ခုတော့ဗျာ”

ကျူရှင်ဆရာ ဂျိုးဖြူ ကိုသိန်းဟန်က သူ့အမြင်ကို ယတိပြတ်ပြောသည်။ သူ့အမှုတွဲ ဖြစ်သည့် (မြန်ညီဒီ) ကိုဇော်ဖေ၀င်း (သူလည်း ကျူရှင်ဆရာ) က ထောက်ခံသည်။ ဒေါက်တာ ခင်ဇော်ဝင်းကလည်း သဘောတူသည်။ ကျနော်က ကျနော့်အမြင်ကို ပြောခွင့်ပြုပါဟု တောင်းဆိုလိုက်သည်။

“ ဦးနု ၀န်ကြီးချုပ်ပြန်မဖြစ်တာ၊ သူ့ အစိုးရ အာဏာပြန်မရတာ ဒေါ်စုနဲ့ ကျောင်းသားတွေ မထောက်ခံလို့ မဟုတ်ဘူးဗျ။ ပြည်သူလူထုက ဦးနုကို မထောက်ခံလို့။ မြစ်တမြစ်မှာ နှစ်ခါ ရေချိုးလို့ မရဘူး ဆိုတဲ့စကား ရှိတယ်မလား”

စကားဝိုင်းက တိတ်သွားသည်။ ဖဆပလ ခေတ်က ၀န်ကြီးချုပ် ဦးနုသည် လူရှေ့၊ သူရှေ့တွင် ငြိမ်းချမ်းရေး၊ ငြိမ်းချမ်းရေးဟု အော်ဟစ်ကာ လွှတ်တော်တွင် အပြုတ်တိုက် ရေး မူကို မကျကျအောင် ချဖို့လုပ်နေခဲ့သည်။ ဗိုလ်နေ၀င်း၏ တပည့်များဖြစ်သော ဗိုလ်အောင်ကြီး တို့ အာဏာကို လာရောက်ခြိမ်းခြောက် တောင်းဆိုသည့်အခါ ၁၉၅၈ တွင် အသာတကြည် လွှဲပေးလိုက်သည်။ ဗိုလ်နေ၀င်းက သူတော်ယောင်ဆောင်ကာ ကတိစကားအတိုင်း လုပ်သလိုလို ရွေးကောက်ပွဲ ပြန်ကျင်းပပေးသည်။ တည်မြဲ ဖဆပလ ကို သန့်ရှင်း ဖဆပလ (ဦးနု) အနေနှင့် ယှဉ်ပြိုင် အနိုင်ယူဖို့ရာမှာ မလွယ်ကြောင်းကို သိသည်။ ပမညတ က သန့်ရှင်းနှင့် မဟာမိတ်ပြုလိုက်သည်။ သန့်ရှင်း အနိုင်ရကာ အစိုးရ ဖွဲ့နိုင်ခဲ့ပါသည်။ သို့သော် ဦးနုသည် ပြည်တွင်းငြိမ်းချမ်းရေးအတွက် နှာစေးနေခဲ့သည်။ ၁၉၆၂ - ရောက်တော့ ဗိုလ်နေ၀င်းက အစိုးရ အဖွဲ့ကို ဖျက်သိမ်းကာ စစ်တပ်ဖြင့် အာဏာသိမ်းလိုက်သည်။

ဦးနုသည် တောခိုကာ လက်နက်ကိုင် တော်လှန်ရေးလုပ်ခဲ့သည်။ ထိုင်း- ဗမာ နယ်စပ် တကြောတွင်အများဆုံး ဖြစ်သည်။ ဘယ်သူက ကူညီလို့၊ ဘယ်လောက် အောင်မြင်ကာ၊ ဘယ်သို့ လုပ်ခဲ့ကြသည်ကို သက်ရှိထင်ရှားရှိနေသူ ပြည်ချစ် ရဲဘော်ဟောင်းကြီးများ ပြောပြ၍ အတော်အတန် သိခဲ့ရသည်။ တရုပ်ပြည်သစ် ခေါင်းဆောင်ကြီးထံ အမေရိကန် သမတ နစ်ဆင်နှင့် လွန်းပျံ ခရီးသည်ကြီး ဒီပလိုမေစီ ကစ်ဆင်းဂျား (နိုင်ငံခြားရေး ၀န်ကြီး) တို့ ရောက်လာကြသည်။ သူတို့၏ တံခါးပိတ်ဆွေးနွေးပွဲများမှ “ထာဝရ ရန်သူမရှိ၊ ထာဝရ အကျိုးစီးပွားသာ ရှိ” ဖြစ်ခဲ့သည်။ သူတို့၏ ဘုံရန်သူကား ဆိုရှယ် နယ်ချဲ့ ဟူသတည်း။ ဦးနု အိန္ဒိယ ကိုသွားသည်။ ဟိုမှာ တရားအားထုတ်နေသည်။ ဗိုလ်နေ၀င်းက “စိတ်ကောက်ပြီး ထွက်သွားကြတဲ့ ညီအကိုတွေ ပြန်လာချိန်တန်ပါပြီ” ဟု လှိုက်လှဲစွာ ကြိုဆိုလိုက်သည်။ ကိုကြီးနု အိန္ဒိယမှ ရန်ကုန်ပြန်ကာ တရားအားထုတ်ခဲ့ပြန်သည်။ ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို နယ်စပ်တကြောမှ ဦးနုကို ယုံကြည်ပုံအပ် လက်နက်ကိုင် တော်လှန်ရေးလုပ်ခဲ့သည့် အညတရ ရဲဘော်များသည်ကား အမိမဲ့သား ရေနည်းငါးသဖွယ်…။ အသိုက်ပျက် ငှက်ကလေးများလို ဘ၀ပျက်ခဲ့ရသည်။ ကိုကြီးနုသည် ဆရာဒဂုန်တာရာ၏ စကားဖြင့် ပြောရမည်ဆိုလျင် “မုန်တိုင်းထဲမှ သစ်ရွက် တရွက်” ပင် ဖြစ်နေလေရော့သလား။ သို့သော် သူတရွက်တည်းကား မဟုတ်ပေ … ။

ကိုဘဆွေနှင့် ကိုကျော်ငြိမ်းကား ရှင်းပါသည်။ ဘာမှ ငြိမ်းချမ်းရေးတွေ လုပ်မနေနဲ့ လာ လက်နက်ချကြ ဖြစ်သည်။ မချလျင် အပြုတ်တိုက်မည်။ သူတို့ တပည့် ဗိုလ်နေ၀င်းက သူတို့ ခြေရာကို တထပ်တည်း နင်းသည်။ သူအာဏာရလာတော့ ဒီအဖိုးကြီးတွေကိုပါ နိုင်ငံရေးလောကမှ အပြတ်ရှင်းပြစ်သည်။ နေ တစင်းပဲရှိရမည်။ နှစ်စင်း၊ သုံးစင်း မရှိစေရ။

ဗိုလ်နေ၀င်း အာဏာသိမ်းပြီးနောက်ပိုင်း ခွေးကတက် ရောက်သွားသည့် ရဲရဲတောက် ခေါင်းဆောင်ကြီးတွေ ရှိခဲ့သည်။ သို့သော် မြေအောက်လှုပ်ရှားမှုမှ တဆင့် ဗမာပြည်လမ်းမထိုထိုတွင် ကျောင်းသားများ၊ အလုပ်သမားများ၏ စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှုများသည် နှစ်ကာလအလိုက် စဉ်ဆက်မပြတ် လှုပ်ရှားတိုက်ပွဲ ၀င်ခဲ့ကြသည်။ ၈၈၈၈ အရေးတော်ပုံကြီးသည် သူ့ အလိုလိုဖြစ်လာသည်မဟုတ်။ ထိုထိုသော တိုက်ပွဲဝင် လှုပ်ရှားမှုများ၏ ရင့်မှည့် အမြုတေ အရေးတော်ပုံကြီးပင် ဖြစ်သည်။ လူတန်းစားပေါင်းစုံ၊ လူ့အလွှာပေါင်းစုံ ပါဝင်သဖြင့် အရေးတော်ပုံကြီး ဟု တိုက်ပွဲတန်ဖိုး သတ်မှတ်ခံရခြင်း ဖြစ်သည်။ မိခင် နေမကောင်း၍ ဗမာပြည်ရောက်နေသော အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်အောင်ဆန်း၏ သမီးကို ကျောင်းသားများက တိုက်ပွဲကို ဦးဆောင် ပေးရန် အိမ်တိုင်ယာရောက် သွားရောက် တောင်းဆိုခဲ့သည်။ ဖအေ့သွေးပါသူ သမီးသည် တိုက်ပွဲအတွင်း ပါဝင်လာခဲ့သည်။ ဦးဆောင် တိုက်ပွဲဝင်ခဲ့သည်။ သူကား ……..

“ ဒေါ်အောင်ဆန်းစုကြည်”

ဗိုလ်နေ၀င်းမှ ဗိုလ်စောမောင်အား အာဏာသိမ်းစေခဲ့သည်။ ပါတီများ ဖွဲ့စည်း တည်ထောင်မှုပေးခဲ့သည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပေါ်လာသည်။ ဗိုလ်အောင်ကြီး၊ ဗိုလ်တင်ဦး၊ ဒေါ်အောင်ဆန်းစုကြည်တို့ ဦးဆောင်ကြသည်။ ဗိုလ်အောင်ကြီးကို ကြာကြာ မစောင့်လိုက်ရ။ မင်းသားခေါင်းပြုတ်ကျကာ သူ့မူရင်း ဘီလူးခေါင်းပေါ်လာသည်။ ဒီချုပ် အတွင်း ညီညွတ်ရေး ဖြိုခွဲမှုကို စတင်ခဲ့သည်။ ကိုင်သည့် ပြဿနာ အချက်အလက်ကား “ ဘုမသိ၊ ဘမသိ၊ သမိုင်းမသိသူများ အကြိုက် ကွန်မြူနစ် ဆန့်ကျင်ရေး” ဖြစ်သည်။ သို့သော် သူ ဗိုလ်အောင်ကြီးသာ လွင့်သွားသည်။ ပါတီခွဲထောင်သည်။ ဦးတင်ဦးနှင့် ဒေါ်စုတွင် ဘုံရန်သူကို မျက်ခြေမပြတ်သည့် ရပ်တည်ချက်ကို တွေ့ရသည်။ တိုင်းပြည်၏ ဘုံရန်သူကား စစ်အာဏာရှင်စနစ်သာ ဖြစ်သည်ကို သူတို့ရပ်တည်ချက်က ပြခဲ့သည်။

ဒီချုပ်အတွင်း တပ်မှုးဟောင်းများနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ အကြိတ်အနယ် ဆွေးနွေးခဲ့ရသည်။ ဒေါ်စုက ဘဘတို့ “ဗိုလ်အောင်ဆန်း လမ်းစဉ်လိုက်မှာလား၊ ဗိုလ်နေ၀င်း လမ်းစဉ်လိုက်မှာလား”ဟု တည်မြဲတပ်မှူးဟောင်းများကို မေးခွန်းထုတ်ခဲ့ သည်။ မကြာမီ ၁၉၈၉ ဇူလိုင် ၁၉ ချီတက်ပွဲပျက်သည်။ အာဇာနည်ကုန်းကို ချီတက်ရန် တိုက်ပွဲခေါ်ခဲ့ပြီးမှ ဒေါ်စုက လက်ရှိ စစ်အာဏာရှင်၊ စစ်အုပ်စုသည် ဖက်ဆစ်ဆန်သည်ဟု ဆိုကာ ချီတက်ပွဲကိုဖျက်လိုက်သည်။ ချီတက်သွားကြသော ကျောင်းသားအချို့ အရိုက်ခံရ၊ အဖမ်းခံလိုက်ရသည်။ နောက်တနေ့ ဖြစ်မည်ထင်သည်။ ဒေါ်အောင်ဆန်းစုကြည် နေအိမ် အကျယ်ချုပ် ချခံလိုက်ရသည်။

ဒီချုပ် ခေါင်းဆောင်ပိုင်းကို တည်မြဲတပ်မှူးဟောင်းများ ဦးစီးကာ ပြုပြင်လိုက်ကြ သည်။ သည့်အပြင် ရန်သူ့အလိုကျ ဗိုလ်အောင်ရွှေ ဦးစီးကာ ဒေါ်အောင်ဆန်းစုကြည်ကို ဒီချုပ်မှ မဲပေးထုတ်ပယ်လိုက်လေသည်။ ၁၉၉၅ ဂျွန် ၁၀ ရက်နေ့ ဖြစ်မည် ထင်သည်။ ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်မှ လွှတ်ပေးလိုက်သည်။ ဒေါ်စု လွတ်သည့် နေ့တွင်ပင် တိုက်ပွဲတောင်းဆိုချက်မှာ “ဒိုင်ယာလော့” ဖြစ်နေသည်။ ဒေါ်စုကလည်း လွတ် လွတ်ချင်း ဒိုင်ယာလော့ လုပ်ရန် စစ်အုပ်စုကို တောင်းဆိုသည်။ ပြီးတော့ သူမ လုပ်စရာ ရှိတာကို လုပ်သည်။ ဒီချုပ်အတွင်း ညီညွတ်ရေးအတွက် ပြန်လည်ရင်ကြားစေ့စေခဲ့သည်။ ဘဘဗိုလ်အောင်ရွှေ (တည်မြဲတပ်မှူး ဟောင်းကြီး)ကို ဥက္ကဌနေရာမှာပဲထားသည်။ ဦးတင်ဦးက သဘောထားကြီးစွာ ဒုဥက္ကဌနေရာမှာပဲနေသည်။ ဒေါ်စု လူထုထဲဆင်းသည်။ လူထုနှင့် တွေ့သည်။ အင်းယားလမ်းတွင် ဒေါ်စုတို့ကားတန်း အကြမ်းဖက်ခံရသည်။ ဦးတင်ဦး ဒဏ်ရာရသည်။ မကြာခင် “ဒီပဲယင်း လူ အစုအပြုံ သတ်ပွဲ” ဖြင့် ဒေါ်အောင်ဆန်းစုကြည်တို့ လုပ်ကြံခံရသည်။

ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦး တို့ စီးလာသည့်ကား လွတ်သွားသည်။ နေအိမ် အကျယ်ချုပ်ခံကြရသည်။
အများသိပြီး သမိုင်းအဖြစ်အပျက်တွေကို လူတတ်ကြီးလုပ် ရေးနေခြင်းမဟုတ်ပါ။ ဖေါ်ပြပါ အဖြစ်အပျက်တို့မှ အတွေးစများကို တင်ပြဆွေးနွေးလိုခြင်းသာ ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်သည် ဒေါ်အောင်ဆန်းစုကြည်သာ ဖြစ်သည်။ ဗိုလ်အောင်ဆန်း မဖြစ်နိုင်ပါ။ ဒေါ်အောင်ဆန်းစုကြည် ဗမာပြည်နိုင်ငံရေးလောကထဲ စ၀င်ကတည်းက ချောချောမွေ့မွေ့ လျှောက်ခဲ့ရသည်မဟုတ်ပါ။ တိုက်ပွဲကြမ်းများဖြင့်သာ အတိပြီးခဲ့သည်။ နိုင်ငံရေးဘ၀ နုနယ်သော ဒေါ်စုသည် လူထုဘက်က ရိုးရိုးသားသား၊ သတ္တိရှိရှိ ရပ်တည် ခဲ့သည်သာဖြစ်သည်။ သူ၏ နိုင်ငံရေး အတွေ့အကြုံ မပြည့်အိုးကို လက်တွေ့တိုက်ပွဲ အတွေ့အကြုံများဖြင့် ဖြည့်ဆည်းသည်။ သူသည် နိုင်ငံရေး ဖန်ဆင်းရှင်ကြီး (Master Creator) မဟုတ် လူထုက တင်မြောက်ထားသော လူထုခေါင်းဆောင်တယောက်ပင် ဖြစ်သည်။ ထာဝရ ခေါင်းဆောင်လား၊ တခဏ ခေါင်းဆောင်လား ဆိုသည်မှာ လူထုက ဆုံးဖြတ်လိမ့်မည်ဖြစ်သည်။

ယခု ဒေါ်အောင်ဆန်းစုကြည် နေအိမ် အကျယ်ချုပ်မှ လွတ်လာသည်။ သူမလွတ်ခင် ၂၀၀၈ အခြေခံဥပဒေ ကို စစ်အုပ်စုက အဓမ္မ အတည်ပြုခဲ့သည်။ သူက နေအိမ်အကျယ်ချုပ်၊ ကျနော်တို့က လွတ်လွတ်လပ်လပ် အပြင်မှာ။ ကျနော်တို့ ဘာများ လုပ်နိုင်ခဲ့ပါသနည်း။ စစ်အုပ်စုက ရွေးကောင်ပွဲအတွက် အသေအချာ ပြင်ဆင်သည်။ မတရားသည့် နည်းလမ်းပေါင်းစုံကို အာဏာဖြင့် အကောင်အထည်ဖေါ်သည်။ ဖဲစကားဖြင့် ပြောမည်ဆိုလျင် ရှိုးဝိုင်းတွင် စပိတ်(တစ်) လေးလုံးကို သေနတ်ထောက်ကာ လုယူထားသည်။ ပြီး ၀ိုင်းထဲမှလူအားလုံး ရှိသမျှပိုက်ဆံ အကုန်ထုတ်ရိုက်ရမည်ဟု သေနတ်နှင့်ချိန်ကာ ရိုက်ခိုင်းသည်။ ကျနော်တို့ ဘာများ လုပ်နိုင်ခဲ့၊ လုပ်ခဲ့ပါသနည်း။ ဒေါ်အောင်ဆန်းစုကြည်က မလွတ်ခင်ကပင် ရွေးကောက်ပွဲကို မ၀င်ဘူးဟု သပိတ်မှောက် ခဲ့သေးသည်။

သူလွတ်လာသောအခါ အခြေအနေ တစုံလုံးသည် တစ်ကပြန်စရမည့် အခြေအနေ ဖြစ်နေသည်။ လွတ်လွတ်လပ်လပ်မဟုတ်။ ရန်သူကို ရင်ဆိုင်နေရချိန်မှာ ပါတီတွင်းကို လည်း သန့်ရှင်းအောင် မည်သို့လုပ်ကြမည်နည်း။ သူမ၏ အတ္တဘာဝ အင်အားများကို ဘယ်လိုတည်ဆောက်ရမည်နည်း။

ဒီမှာ တခုတင်ပြချင်ပါသည်။ နိုင်ငံရေးနှင့် တော်လှန်ရေးတွင် နည်းပရိယာယ်အရ “ရန်သူ့လူ ကိုယ့်ဘက်ပါရေး” ဖြစ်သည်။ ကျနော်တို့တိုက်နေသည်မှာ စစ်အာဏာရှင် စနစ်ကိုသာဖြစ်သည်။ ဒါသည်ပင် မဟာဗျူဟာခေါ်ခေါ် သေနင်္ဂဗျူဟာ ဖြစ်သည်။ ကျနော် တို့ လွတ်လွတ်လပ်လပ် လှုပ်ရှားခွင့် ရနေသူတွေ ဘာတွေများ ဘယ်လောက် လုပ်နိုင်ခဲ့ ပါသနည်း။

လွတ်မြောက်လာသူ ဒေါ်အောင်ဆန်းစုကြည်၏ လက်တွေ့ နိုင်ငံရေး လှုပ်ရှားမှုများကို အားမလို၊ အားမရဖြစ်ကြသည်။ ဘယ်အခြေခံပေါ်မှာ ဖြစ်နေကြ ပါသနည်း။ ဒေါ်စု လွဲသွားပြီဟု မြင်ကြသည်။ ဘယ် အထိလွဲသွားနိုင်ပါသနည်း။ ကျနော်တို့ က တိုက်ပွဲအတွက် ဘာတွေများ ပြင်ဆင်ထားပြီးကြပါသနည်း။ ဗိုလ်အောင်ဆန်း ဂျပန်ခေါ်လာသည်။ ဖက်ဆစ်ဂျပန်ကို တိုက်ဖို့လိုအပ်လာမည်။ တိုက်ရန် ဗိုလ်အောင်ဆန်း ၏ ခေတ်ပြိုင် ခေါင်းဆောင်တွေက မြေအောက်တွင် စနစ်တကျ ပြင်ဆင်ထားနိုင်ခဲ့သည်။ ဗိုလ်အောင်ဆန်းကလည်း ဖက်ဆစ်ဂျပန်ကို တိုက်ရန် လက်ခံခဲ့သည်။ သူပင် ဦးဆောင်သူထဲ ပါလာခဲ့သည်။ ယခု ဒေါ်စုတွင် ဗိုလ်အောင်ဆန်းလို အတ္တဘာဝ အင်အား များ ရှိနေပါရဲ့လား။ ကျနော်တို့ ဘာတွေများ ပြင်ဆင်ဆောင်ရွက်နိုင် ခဲ့ပါသနည်း။ သမိုင်းက အညှာအတာ ကင်းသည်။ သမိုင်း၏ ကရုဏာသက်မှုကို မည်သူ တဦး တယောက်ကမျှ မခံစားရနိုင်ပါ။

မင်းကိုနိုင်ကို ရှက်ပါ


အနှစ် နှစ်ဆယ်နီးပါး ထောင်ကျခဲ့သော ၈၈ ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင် ပြန်လွတ်လာခဲ့သည်။ ၂၀၀၇ မတိုင်မီဖြစ်သည်။ တည်ငြိမ်သည်။ အမြော် အမြင်ရှိသည်။ “၈၈ မျိုးဆက်ကျောင်းသားများ” ကိုစည်းရုံးဖွဲ့စည်းနိုင်ခဲ့သည်။ ခု နှစ်ရှည် ထောင်ချခံထားရပြန်သည်။ သူသည် သူလုပ်စရာရှိသည်ကို ရိုးရိုးသားသားလုပ်သည်။ ရိုးရိုး တွေးသည်။ ဘုံရန်သူကို သိသည်။ လေလုံးမကြီး။ သူလုပ်နိုင်သည်ကို စည်းရုံးရေး ရှိရှိ နိုင်ငံရေး အသိ၊ သတိဖြင့် လုပ်ခဲ့သည်။ ရန်သူက သိသည်။ သွား ထောင်ထဲမှာနေ …..။ သူကား လက်ရှိ ၈၈၈၈ မျိုးဆက်တွေထဲတွင် နှိုင်းယှဉ်မှုအရ ကျောင်းသား ခေါင်းဆောင် စစ်စစ်တယောက်ပင် ဖြစ်သည်။

ကမာပုလဲ

၂၃၊ ၀၄၊ ၂၀၁၁။

Sent with Reeder

Regards

AN

Sunday, February 13, 2011

Wednesday, January 19, 2011

BURMA: VOICES FROM THE RESISTANCE

Few people are aware that there are 14 ethnic and other armed resistance groups in Burma of various sizes, with over 18,000 members operating along or close to the 2012-kilometer border with Thailand.

MAXMILIAN WECHSLER was recently able to gain access to ranking officers and leaders of six of these groups to find out their reactions and opinions on the general elections, the release of Aung San Suu Kyi, the armed struggle, their aims and future plans.

Ko Than Khe: Keep up the pressure

Ko Than Khe, Chairperson of the All Burma Student’s Democratic Front  (ABSDF) outlined the strategy of his group by saying: “To achieve the federal democratic union in Burma, we need to change the current military rule through [nonviolent] pressures including the people power movement, in combination with the armed struggle. This does not mean that the ABSDF is against the so-called national reconciliation. National reconciliation has been urged for two decades by the opposition and the international community, including the UN. But it has not worked and it is not likely to come to the surface in Burma as long as the SPDC [State Peace and Development Council] clings to the 7-Step Road Map.”

ABSDF

Touching on the subject of the general election, he said: “It is a part of the Road Map to glorify the military rule through this sham election and form a military dominated parliament based on the 2008 constitution. So, it is just to show legitimacy inside and outside the country. It defies the 1990 election result and the role of the political parties, including the National League for Democracy (NLD), led by Aung San Suu Kyi.

“Her release, in my personal and political point of view, is a cause for hope, and she has called for unity, and for all to work for the country. But she already confessed that the national reconciliation cannot come about by her efforts and those of the NLD alone. Everyone needs to participate and work to achieve the goal.

“Do I expect changes in Burma after her release? Obviously, it is a very significant and strident motivation for all, especially the Burmese people, to see her release. Meanwhile, nearly all political factions, including ethnic leaders and some political parties participating in the 2010 election, are ready to support her works.

“We don’t have any contact with her or the NLD. There is no need to have direct contact in the 21st century IT era. But we can expect that mutual understanding on our different positions already exist, as we have all been struggling for more than two decades for the common objectives of liberating the people of Burma from this tyrannical military dictatorship, restoring democracy and human rights, resuming internal peace in the country and establishing a federal system in the future.’’

When asked if the ABSDF will continue the armed struggle, Ko Than Khe replied: “Yes, we will. Dialogue is a means to solve the political problems on the table, but as long as the military leaders continue to hold to this 7-Step Road Map, we cannot expect to get a dialogue. Hence, we need pressure, pressure, including an armed resistance movement.

“In this regard, first, we need to be clear about the realities, what the country is facing. Everyone except the military leaders is suffering under this system. Beyond the politics, we have to talk about many issues, such as the economy, social programs, education, health, etc. Even though Aung San Suu Kyi has been released, her freedom is very limited, as everybody knows.

“We have not seen any positive sign from the military leaders that they are willing to talk about political issues such as the 1990 election result, the legality of the NLD, the more than 2000 political prisoners, on-going armed conflicts and tensions mounting among the ethnic ceasefire groups.’’

As for cooperation with other groups along the border and inside Burma, Ko Than Khe said: “If we look back on the ABSDF’s political history, we were born amidst the 8888 [Aug 8, 1988] democratic uprisings and have grown up in the ethnic areas. Hence, the ABSDF has already established mutual relationships and cooperation with major armed resistance groups.  For 20 years already in these liberated areas, we have sacrificed our lives — more than a thousand ABSDF members. One day, the ABSDF will contribute to national reconciliation and the establishment of federalism in the country.

“We all have different political backgrounds. We have all been struggling to achieve this liberation and we need to recognize everyone’s efforts. And we still believe that without political solutions, ceasefires alone cannot work out or handle the grievances of the armed resistance movements.”

Brig Gen Hsar Gay: Election didn’t change anything

imgimgimgimg

Saturday, January 1, 2011