Sunday, November 14, 2010

လူထုခေါင်းဆောင်အား အပြည့်အ၀ ၀န်းရံ ထောက်ခံ၊ အလုပ်လုပ်ဖို့ အချိန်ကျပြီဖြစ်ကြောင်း ထုတ်ပြန်ကြေညာချက်

နေအိမ်အကျယ်ချုပ်ဖြင့် မတရား ချုပ်နှောင်ခံထားခဲ့ရာမှ လွတ်မြောက်လာခဲ့သော မြန်မာလူထုကြီး၏ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အား မိမိတို့  မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ကျောင်းသားတပ်မတော်) ရဲဘော်များက အားလုံးနှင့်အတူ အထူးဝမ်းမြောက်စွာဖြင့် နှုတ်ခွန်း ဆက်သအပ်ပါသည်။

“ကျမတို့အားလုံး ပန်းတိုင်ကိုရောက်ဖို့ ညီညီညွတ်ညွတ်နဲ့ လက်တွဲအလုပ်လုပ်ကြရအောင်” ဆိုသည့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ပြောကြားချက်နောက်တွင် မြန်မာပြည်သူလူထုကြီး တရပ်လုံးအနေဖြင့် အပြည့်အ၀လိုက်ပါ ဆောင်ရွက်ရန် ဆုံးဖြတ်ထားပြီးဖြစ်ကြောင်းကို မိမိတို့အနေဖြင့် အပြည့်အ၀ ယုံကြည်မိသလို မကဒတ (ကျောင်းသားတပ်မတော်) အနေဖြင့်လည်း မျက်မှောက်နိုင်ငံရေး အခြေအနေ၏ တောင်းဆိုချက်နောက်တွင် အခြေအနေနှင့် လျော်ညီစွာ အဘက်ဘက်မှ ပူးပေါင်းဆောင်ရွက်သွားရန် အသင့်ရှိပါကြောင်း တင်ပြအပ်ပါသည်။

လူထုခေါင်းဆောင်  ဒေါ်အောင်ဆန်းစုကြည် ကိုယ်စိတ်နှလုံး ကျန်းမာပါစေ။

ဒီမိုကရေစီ အရေးတော်ပုံ အောင်ရမည်။

ဗဟိုကော်မီတီ
မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး -မကဒတ (ကျောင်းသားတပ်မတော်)
ရက်စွဲ။ ၂၀၁၀ ခုနှစ် နိုဝင်ဘာလ (၁၃) ရက်

No comments:

Post a Comment