၂၄ နှစ်မြောက်
ရှစ်လေးလုံး နှစ်ပတ်လည် အခမ်းအနားကို မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး
ABSDF  သြစကြေးလျားနိုင်ငံ၊ နယူးဆောက်ဝေးဌာနခွဲမှ
ကြီးမှူး၍ဆစ်ဒနီမြို့ Granville Youth Center တွင် 5/08/12 နေ့၌ ကျင်းပခဲ့ရာ ဆစ်ဒနီရောက်
မြန်မာ့ဒီမိုကရေစီအဖွဲ့ အစည်းများနှင့် တိုင်းရင်းသားလူမျိုးစု အဖွဲ့အစည်းအသီးသီးမှ
ခေါင်းဆောင်များ၊  မြန်မာ ကွန်မြူနီတီအဖွဲ့ဝင်များ၊
ဆစ်ဒနီဒေသခံများ စုစုပေါင်း အင်အား၂၅၀ ကျော်ခန့် တက်ရောက် ခဲ့ကြပါသည်။  ထိုအခမ်းအနားတွင်  အခမ်းအနားမှူးအဖြစ် ABSDF နယူးဆောက်ဝေး ဌာနခွဲ အတွင်းရေးမှူးများအဖွဲ့ဝင်
တဦးဖြစ်သူ ကိုဝင်းဇော်ဦးက ဆောင်ရွက်ခဲ့ပြီး အခမ်းအနားကို  ညနေ ၃နာရီမှ 
၇ နာရီအထိ ကျင်းပခဲ့ပါသည်။ 
 အခမ်းအနား
အစီစဉ်များတွင် ပထမဦးစွာ အခမ်းအနားမှူးက အခမ်းအနား ဖွင့်လှစ်ကြောင်း စတင် ကြေညာပြီးသည်နှင့်
အလေးပြုခြင်းသုံးရပ်ဖြစ်သော တိုက်ပွဲဝင်ခွပ်ဒေါင်းအလံတော်အားအလေးပြုခြင်း၊ ဗိုလ်ချူပ်အောင်ဆန်းနှင့်
တကွ ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်ကြီးများအားအလေးပြုခြင်း၊ ဒီမိုကရေစီတိုက်ပွဲတွင်းကျဆုံးသွားသော
ရဟန်း ရှင်လူ ကျောင်းသားပြည်သူအပေါင်းအား ဂုဏ်ပြုသောအားဖြင့်တမိနစ်ငြိမ်သက်ခြင်းဖြင့်
အခမ်းအနားအား စတင်ခဲ့ပါသည်။ ပြီးနောက် ရှစ်လေးလုံးကာလ ကျောင်းသားလှုပ်ရှားမှု မှတ်တမ်းတင်
ဗွီဒီယိုနှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦးဥက္ကဌ ရဲဘော်သံခဲမှ
ပေးပို့ သော အဖွင့်အမှာစကားအား ဗွီဒီယိုဖြင့် ပြသခြင်း၊ ABSDF ဗဟိုမှ ပေးပို့သော သ၀ဏ်လွှာကို
ဖတ်ကြားခြင်း၊ အဖွဲ့အစည်းအသီးသီးမှ ဖိတ်ကြားထားသော ဧည့်သည်များဖြစ်ကြသည့်မှ ဆစ်ဒနီမြန်မာ
ကွန်မြူနီတီမှ ဒေါက်တာကျော်မြင့်၊ ၉၀ ခုနှစ်မှ ရွေးကောက်ခံခဲ့ရသည့် NLD အမတ်တဦးဖြစ်သူ
ဦးမောင်မောင်အေး၊ Burma office မှ ဒေါက်တာမြင့်ချိုနှင့် နယူးဆောက်ဝေး ပါလီမန်မှ လွှတ်တော်အမတ်များဖြစ်ကြသော  Jamie Parker နှင့် John Kaye တို့မှ အသီးသီး မိန့်ခွန်းပြောကြားခြင်း၊
ဒီမိုကရေစီ တိုက်ပွဲဝင်သီချင်း ဒေါင်းတမန်အပါအ၀င် တေးဂီတများဖြင့် သီဆိုဖြေဖျော်ခြင်း၊
ရန်ပုံငွေအတွက် ကံစမ်းမဲဖေါက်ခြင်း စသည့်အစီစဉ်များကို ပြုလုပ်၍ ညနေ ၇ နာရီတွင် အခမ်းအနားအောင်မြင်စွာ
ပြီးဆုံးကြောင်း ကြေညာခဲ့ပါသည်။

 ABSDF မှ
ပေးပို့သော သ၀ဏ်လွှာကို ကိုနိုင်အောင်က ဖတ်ကြားပြီးနောက် တဆက်တည်းမှာ  အခမ်းအနားအတွက် ကဏ္ဍအသီးသီးမှာ ၀ိုင်းဝန်းကူညီပေးကြသူများအား
ကျေးဇူးတင်စကား ပြောကြားသွားပါသည်။  ဖိတ်ကြားထားသော
ဧည့်သည်များမှ မိန့်ခွန်းများ ပြောကြားခဲ့ပါသည်။

 ပထမဦးစွာ ဒေါက်တာကျော်မြင့်က မြန်မာဒီမိုကရေစီအရေးအတွက်
ရှစ်လေးလုံးကာလအတွင်းတွင် အသက်ပေးဘ၀ပေးတိုက်ပွဲဝင်ခဲ့သော သူရဲကောင်းအပေါင်းအား အလေးပြုကြောင်းနှင့်
မပြီးပြတ်သေးသည့် တိုက်ပွဲအတွက် ကျန်သောသူများမှ အောင်မြင်သည်အထိ ဆက်လက်တိုက်ပွဲဝင်ဖို့
လိုအပ်ကြောင်း တိုက်ပွဲဝင်နေသူအားလုံးကိုလည်း အလေးပြုကြောင်း ပြောကြားခဲ့ပါသည်။

 ဦးမောင်မောင်အေးက
ပြောကြားရာတွင် ရှစ်လေးလုံး အရေးတော်ပုံ ပေါ်ပေါက်လာပုံနှင့်  မြန်မာ့နိုင်ငံရေးတွင် အရေးပါသည့်အခန်းကဏ္ဍများ၊ လက်ရှိနိုင်ငံရေးအပြောင်းအလဲအပေါ်
၎င်း၏သဘောထားနှင့် ဆက်လက်လုပ်ဆောက်သင့်သည့် အကြံပြုချက်များဟူ၍  ကဏ္ဍသုံးခုခွဲ၍ ပြေကြားသွားခဲ့ပါသည်။

 ဒေါက်တာမြင့်ချိုမှ  ရှစ်လေးလုံး ကာလနှင့် ရှစ်လေးလုံးနောက်ပိုင်း  မြန်မာ့နိုင်ငံရေးလှုပ်ရှားမှု၏ အရေးပါသော အခန်းကဏ္ဍကို
၎င်းဖြတ်သန်းခဲ့သော အတွေ့အကြုံများဖြင့် ယှဉ်တွဲ၍ ပြောကြားသွားခဲ့ပါသည်။ ထိုသို့ပြောကြားရာတွင်
ရှစ်လေးလုံးနောက်ပိုင်း ပေါ်ပေါက်လာသည့် ABSDF ၏ ဗမာနှင့်တခြား တိုင်းရင်းသားများအကြား
ရေရှည်ဖြစ်ပေါ်နေသည့် ပြဿနာများကို ပြေလည်စေရန် ၀င်ရောက်ပါဝင်ဆောင်ရွက်ခဲ့ပုံနှင့် ယနေ
့ အခမ်းအနားသည် မျိုးဆက်သစ် လူငယ်များလည်း တက်ရောက်သဖြင့် ၈ လေးလုံး စိတ်ဓာတ် အမြဲတမ်းရှင်သန်နေရန်
လိုအပ်ကြောင်းနှင့် နောင်အနာဂတ်တွင် သမိုင်းဆိုး အမွေအနှစ်များ မပေါ်ပေါက်စေရန်ပညာပေး
မြှင့်တင် သွားရန်လိုအပ်ကြောင်း ထောက်ပြပြောဆိုသွားပါသည်။

  New South Wales ပြည်နယ်အစိုးရ၏ လွှတ်တော်ကိုယ်စားလှယ်ဖြစ်ကြသော
Green Party မှ John Kaye က မြန်မာ့နိုင်ငံရေးကို သုံးသပ်ရာတွင် မြန်မာပြည်၏ လက်ရှိပြောင်းလဲမှုများသည်မလုံလောက်သေးကြောင်း
တိုးတက်သော ဒီမိုကရက်တစ်နိုင်ငံတော် တရပ်ဖြစ်ရန် ပြုပြင်ပြောင်းလဲမှုများစွာ လိုအပ်နေသေးကြောင်းင့်
မိမိအနေနှင့် မြန်မာ့နိုင်ငံရေးအကြောင်းကို ပြောကြားသည့်အခါတိုင်း ၁၉၈၈ ပြည်သူ့ အရေးတော်ပုံကာလ
အတွင်း မြန်မာနိုင်ငံရှိ လမ်းမများပေါ်တွင် ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များ၊ ၁၉၉၀ ခုနှစ်
ရွေးကောက်ပွဲလုပ်ခဲ့ပြီး အာဏာလွှဲအပ်ခြင်းမခံရသည့် အဖြစ်အပျက်များကို အမြဲတမ်း ထည့်ပြောလေ့ရှိကြောင်း၊
မြန်မာနိုင်ငံတွင် နိုင်ငံရေး အခြေအနေ မည်သို့ပင် ပြောင်းလဲနေသည်ဟု ပြောနေစေကာမူ မိမိအနေနှင့်
မည်သူမဆို  မိမိ၏ နိုင်ငံရေးခံယူချက်ကို လွတ်လပ်စွာ
စိုးရိမ်ကြောက်ရွံမှုကင်းစွာနှင့် ရဲရဲဝံ့ဝံ့ မပြောနိုင်သေးသ၍ ဒီမိုကရေစီ အရေးအောင်မြင်မှု
ရှိနေပြီဟု မယူဆကြောင်း၊ သို့သော်လည်း တနေ့တွင် အောင်ကိုအောင်မြင်ရမည်ဟု လုံးဝယုံကြည်ကြောင်း
ပြောကြားခဲ့ပါသည်။

 Jamie Parker မှလည်း  ၎င်းသည်
လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက မြန်မာ့နိုင်ငံရေးကို လေ့လာသိရှိခဲ့သူဖြစ်ကြောင်း
ယခင်ကတည်းကပင် ABSDF  နှင့်ထိစပ်မှုရှိခဲ့ကြောင်း၊
လွန်ခဲ့သည့် နှစ်ပတ်ခန့် က မြန်မာနိုင်ငံသို့ အလည်ရောက်ရှိခဲ့ပြီး ဦးဝင်းတင်၊ ကိုမင်းကိုနိုင်
ကိုကိုကြီးတို့နှင့်လည်း တွေ့ဆုံစကားပြောခဲ့ကြောင်း၊ မြန်မာ့လွှတ်တော်မှာ ဒီမိုကရေစီကို
ကိုယ်စားပြုသည့် ထိုင်ခုံ (seat) က အလွန်ပင်နည်းပါးနေသေးကြောင်းနှင့် မြန်မာ့ နိုင်ငံရေးသည်
အပေါ်ရံအားဖြင့် ပြောင်းလဲသည်ဟု ထင်ရသော်လည်း အနှစ်သာရအားဖြင့် လွန်ခဲသည့် အနှစ်နှစ်ဆယ်ခန်
့မှ အခြေအနေများနှင့် မကွာခြားသေးကြောင်း ပြောကြားပြီး မြန်မာ့နိုင်ငံရေးအခြေအနေကို
သုံးသပ်ပြသွားခဲ့ပါသည်။

 အခမ်းအနားတွင်
ရန်ပုံငွေအတွက် ကံစမ်းမဲဖေါက်ခြင်းအပြင် မြန်မာအစားအစာများ ချက်ပြုတ်ရောင်းခြခြင်းလည်း
ပါဝင်ပြီး ရရှိသည့် ရန်ပုံငွေကို ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံမှ မွေးဖွားပေါ်ပေါက်ပြီးနယ်စပ်ဒေသများတွင်
မြန်မာ့ဒီမိုကရေစီအရေးအတွက်
ဆက်လက်တိုက်ပွဲဝင်နေသည့်
ABSDF ဗဟိုသို့
ပို့ပေးမည်ဖြစ်ကြောင်း သိရပါသည်။

သန်းထွဋ်ဆွေ  (Co-ordinator)  614 21 148 141
ဝင်းဇော်ဦး     (News and Information Dept.)  614 49 880 400
 
No comments:
Post a Comment