Monday, September 7, 2009

ထိုင်းနယ်စပ်ဒုက္ခသည် များထံသို့အလှူငွေပေးပို့ခြင်း

ဒုက္ခသည်စခန်း တာဝန်ခံ ဦးပီတာ ၏ ပြောပြချက်အရ စခန်းတွင် မိသားစု ၆၇၈ စု ရှိပြီး လူဦးရေ စုစုပေါင်း ၄၂၃၆ ဦးရှိပါတယ်။ အများစုက ဖာပွန်ခရိုင် မြောက်ဘက်ကျေးရွာတွေက လာကြတာ ဖြစ်ပြီး လက်ရှိလိုအပ်ချက်က ဆောင်းဝင်လာပြီဖြစ်တဲ့အတွက် ကြောင့် စောင်များလိုအပ်နေတယ် လို့ပြောပါတယ်။ ကလေးသူငယ်အများစု က ဖျားနေကြပြီး ဆပ်ပြာ။သွားတိုက်ဆေး စသဖြင့် လိုအပ်နေပါတယ်။

ကျွန်တော်တို့ ပို့လိုက်တဲ့ငွေစုစုပေါင်း က ထိုင်းဘတ်ငွေ ၆၇၅၀၀ ရတယ်လို့ပြောပါတယ်။ ကိုဝေလင်းဇင် က စက်တင်ဘာ ၁၃-၁၄ လောက်မှာ ဆင်း လိုအပ်သည်များကို အဆင်ပြေအောင်စီစဉ်ပေးမယ်လို့ ပြောပါတယ်။

No comments:

Post a Comment