Tuesday, October 20, 2009

“မင်းကိုနိုင် (သို့မဟုတ်) ပေါ်ဦးထွန်း ပုံရိပ်”

သူ့အနေနဲ့ နိုင်ငံရေးကို တသက်လုံး လုပ်ဖို့ မရှိဘူး။ ကျွန်တော်တို့ တိုင်းပြည် မှန်ကန်တဲ့ လမ်းကြောင်းမှာ ရောက်နေပြီဆိုရင် အနားယူပြီး အနုပညာအလုပ်တွေနဲ့ ဘ၀ကို အချိန်ကုန်ချင်တယ်ဆိုတဲ့ အကြောင်းကို ပြောပါတယ်။ ကျွန်တော်လည်း သူပြောတာကို သဘောတူလက်ခံပါတယ်ဆိုတဲ့ အကြောင်းပြောပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်း လုပ်သင့်လုပ်ထိုက်လို့ ကာလတခုကို ၀င်ပြီး နိုင်သလောက် ထမ်းကြည့်တာ။ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ အေးအေးဆေးဆေး ဖြစ်ရင်တော့ ဘ၀မှာ ဒိပြင် ကိုယ်ဝါသနာပါရာ၊ ပျော်မွေ့ရာနဲ့ ဖြတ်သန်းနေထိုင်မှာပါပဲလို့ ကျွန်တော်ကဆိုတော့၊ သူက “ဟုတ်ပြီးဗျာ၊ ခင်ဗျားက ကျွန်တော့်ရဲ့ သက်သေနော်။ ကျွန်တော်တချိန်ရောက်လို့ နားချင်ပြီလို့ ကျွန်တော်ပြောတဲ့အခါ၊ ကန့်ကွက်သူတွေ ရှိရင်၊ ခင်ဗျားက သက်သေလိုက်ပေးနော်” လို့ သူက ၀မ်းသာအားရ ပြောခဲ့တယ်။
Min Ko Naing

No comments:

Post a Comment