နိုဝင်ဘာ လ ၂၁ ရက်နေ့ က ကျောင်းသားတပ်မတော် ရဲ့ (၂၁) နှစ်မြောက်အခမ်းအနား မှာ ၀ိုင်းဝန်းကူညီခဲ့ကြ
သူအားလုံးကို ကျေးဇူးအထူးတင်ရှိပါကြောင်း အားလုံးရဲ့ ကိုယ်စား ဒီနေရာကပြောကြားလိုပါတယ်။
အခမ်းအနားသတင်းကို တော့ မငယ်နိုင်ရဲ့ ဘလော့ဂ်မှာတင်ထားပါတယ်။
Monday, November 23, 2009
Sunday, November 22, 2009
စိမ်း နေ ရင်သတိထား
ရူးကုန်ကြပြီလားမသိပါဘူး
ရန်ကုန်မြို့ ဗိုလ်တထောင် ဘုရားရှိ မြနန်းနွယ်ရုပ်တုကို ညအချိန်တွင် စစ်အာဏာပိုင်များက လာရောက်ပြီး လက်ထိပ် ခတ်လေ့ရှိကြောင်း ကြားသိရသည်။
ဗိုလ်တထောင် ဘုရားရှိ နတ်ရုပ်များထဲမှ အစိမ်းရောင်ဝတ်စုံ ဆင်မြန်းထားသော မြနန်းနွယ်ရုပ်တုကို ည ၁၁ နာရီခန့်တွင် လက်ထိပ် လာခတ်ခြင်း ဖြစ်သည်ဟု အဆိုပါဘုရားအနီး နေထိုင်သူတဦးက ပြောသည်။
“ဘုရားက ည ၁၀ နာရီ ပိတ်တယ်၊ ဘုရားပိတ်ပြီးမှ လာပြီးတော့ လက်ထိပ် လာခတ်တာ၊ မနက် ၆ နာရီ တောင် မထိုးသေးဘူး၊ လာဖြုတ်ပေးတယ်၊ ဘယ်သူမှ မမြင်အောင် လာဖြုတ်တယ်လို့ ထင်တာပဲ၊ အဲဒီလို ညညဆို အစ်မတော် မြနန်းနွယ်နတ်ရုပ်ကို လက်ထိပ် လာခတ်တာ ၄ ရက်ရှိပြီ”ဟု ၎င်းက ဆိုသည်။
ဗိုလ်တထောင်ဘုရားရှိ မြနန်းနွယ်ရုပ်တုအပြင်၊ မင်္ဂလာဒုံ လှော်ကားကန်ထိပ်ရှိ ဘုရားစေတီဝင်းအတွင်းမှ မြနန်းနွယ်ရုပ်တုကိုလည်း ဘုရားရှင်ဘက်သို့လှည့်၍ လက်အုပ်ချီထားသော လက်နှစ်ဘက်ကို ပူးပြီးလက်ထိပ် လာခတ်ကြောင်း လှော်ကားကန်ဝင်းအတွင်းမှ ၀န်ထမ်းမိသားစုများက ပြောသည်။
“တနေ့က မနက်အစောကြီး ဘုရားဝင်းထဲ ဆွမ်းလာကပ်တော့ မြနန်းနွယ်အရုပ်မှာ အရောင်လဲ့လဲ့နဲ့ ဘာလဲ ဆိုပြီး ကြည့်လိုက်တော့မှ လက်ထိပ်ဆိုတာသိလိုက်တယ်၊ ပထမတော့ ကလေးတွေ နောက်တယ်လို့ ထင် လိုက်သေးတာ၊ လက်ထိပ်ကိုကိုင်ကြည့်တော့ လက်ထိပ်က အကောင်းကြီးဆိုတော့လေ တခုခုပဲလို့ သိလိုက်တာ”ဟု အထက်ပါ ၀န်ထမ်း မိသားစုဝင်တဦးက ဆိုသည်။
အဆိုပါ ဘုရားဝင်းအတွင်းရှိ မြနန်းနွယ်ရုပ်တုကို ညတွင်လက်ထိပ်ခတ်ထားပြီး နေ့ခင်းပိုင်းတွင် လက်ထိပ် လာဖြုတ်ပေးလေ့ရှိသည်ကိုတွေ့မြင်ရကြောင်းလည်း ဘုရားဝင်းအနီးတွင် နေထိုင်သူများက ပြောဆိုသည်။
ယခုကဲ့သို့ မြနန်းနွယ်နတ်ရုပ်တုများကို လက်ထိပ်ခတ်ခြင်းမှာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေအား အိပ်မက်ဆိုးပေး သောကြောင့် အပြစ်ပေးသည့်အနေနှင့် ဖြစ်သည်ဟု အစရှိသဖြင့် ရန်ကုန်မြို့ခံများကြားတွင် အမျိုးမျိုးပြောဆို လျက်ရှိကြောင်း သိရသည်။
“ရယ်စရာတော့ကောင်းတယ်၊ ကြားရတာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေကို အစ်မတော်မြနန်းနွယ်က အိပ်မက် ဆိုးပေးလို့ ဆိုပြီး မြနန်းနွယ်ရုပ်တုတွေကို လိုက်ပြီးလက်ထိပ်ခတ်တာလို့လည်း ပြောကြတယ်၊ နောက်တမျိုး ကြားရတာကအိမ်မက်ထဲမှာတဲ့ အစိမ်းရောင်ဝတ်ထားတဲ့ ချောမောလှပတဲ့ အမျိုးသမီးတဦးက ဒေါသ တ ကြီးနဲ့ ခပ်စိမ်းစိမ်းကြည့်လို့တဲ့ ပြောတယ်၊ ပါးစပ်ကလည်းပြောတယ်တဲ့ အဲဒါနဲ့ မြနန်းနွယ်ရုပ်တုကို လာပြီး လက်ထိပ်ခတ်လိုက်တာလို့လည်း ပြောကြတယ်”ဟု ရန်ကုန်မြို့ခံတဦးက ပြောသည်။
ရန်ကုန်မြို့မှ ကုန်သည်ကြီးတဦးကလည်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေမိသားစုကို အစိမ်းရောင်ဝတ်ထားသော အမျိုးသမီးကဒုက္ခပေးလိမ့်မည်ဟု ဗေဒင်ဟောသောကြောင့် ယတြာချေသည့်အနေဖြင့် အစိမ်းရောင် မြနန်း နွယ်ရုပ်တုများအားလိုက်လံပြီး လက်ထိပ်ခတ်ဖမ်းဆီးနေခြင်းဖြစ်သည်ဟုကြားသိရကြောင်း ပြောဆိုသည်။
“ဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့ မိသားစုဝင်တွေကို အစိမ်းရောင်ဝတ်ထားတဲ့အမျိုးသမီးတဦးက ဒုက္ခပေးလိမ့် မယ်၊ အဲဒီအမျိုးသမီးကြောင့် အရှက်ကွဲမယ်၊အာဏာစွန့်ရမယ်လို့ ဗေဒင်ကဟောလို့ အစိမ်းရောင် အမြဲဝတ် တဲ့ မြနန်းနွယ်ကို ဦးအောင်လက်ထိပ်ခတ်ပြီး ဖမ်းလိုက်တာလို့လည်း ပြောကြတယ်၊ အမျိုးမျိုး ပြောနေကြ တာပဲ၊ ဘယ်ဟာ အမှန်လဲတော့မသိဘူး”ဟု ယင်း ကုန်သည်ကြီးက ဆိုသည်။
ထို သိုက်နန်းရှင် မြနန်းနွယ်မှာ သာသနာပြုလုပ်ငန်းများကို လုပ်ကိုင်နေခြင်းဖြစ်ပြီး လူယောင်ဖန်ဆင်း၍ သွားလာတတ်ကာ ဘုရားတည်၊ ကျောင်းဆောက် စသည့် သာသနာပြုလုပ်ငန်းများကို လုပ်ကိုင်သောကြောင့်ကိုးကွယ်သူများပြားကြောင်း သိရှိရသည်။
“မြနန်းနွယ်က ဒီအစိုးရခေတ်မှာ ထင်ရှားလာတဲ့ သိုက်နန်းရှင်ပဲ၊ ၁၉၈၉ နောက်ပိုင်းလောက်မှာ မြနန်းနွယ် ဆိုပြီး အစိမ်းရောင်ဝတ်ထားတဲ့ အမျိုးသမီးတယောက် မြန်မာပြည်အနှံ့သွားပြီး ဘုရားတည်နေတယ် ဆိုတဲ့ သတင်းတွေ ပြန့်လာတယ်၊ သိပ်မကြာခင် သူတည်တဲ့ ဘုရားတွေမှာသူ့ ရုပ်တုတွေ ပေါ်လာတာပဲ၊ အစိုးရ ကလည်း ဒါကို သိတယ်၊ မြနန်းနွယ်အိပ်မက်ပေးလို့ဆိုပြီး ဘုရားတွေမှာ သူ့ရုပ်တုတွေ ထည့်တာကို ခွင့်ပြု ပေးခဲ့တယ်၊ ခုတော့ အိပ်မက်ဆိုးပေးလို့ဆိုပြီး ရုပ်တုတွေကို လက်ထိပ်ခတ်တာ”ဟု အစိုးရ အရာရှိကြီး တဦး ကလည်း ပြောဆိုသည်။

Thursday, November 5, 2009
Wednesday, November 4, 2009
ကျောင်းသားတပ်မတော် (၂၁) နှစ်မြောက် အထိမ်းအမှတ် အခမ်းအနား Sydney တွင်ကျင်းပမည်၊
မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF) ကို ၁၉၈၈ နိုဝင်ဘာလ (၁) ရက်နေ့ တွင် ထိုင်း-မြန်မာ နယ်စပ်မှာ ဖွဲ့ စည်းတည်ထောင်ပြီး စစ်အာဏာရှင်စနစ် ကို ဆန့် ကျင်တော်လှန်ခဲ့ကြတာ အခုဆိုရင် (၂၁)နှစ်ပြည့်ခဲ့ပြီဖြစ်တယ်။
ကျောင်းသားတပ်မတော် (၂၁) နှစ်မြောက်အထိမ်းအမှတ် နဲ့  ရံပုံငွေရှာဖွေပွဲ အခမ်းအနားတစ်ခုကို ဆစ်ဒနီ မှာ ကျင်းပပြုလုပ်ဘို့  ကျွန်တော်တို့  စီစဉ်နေပါတယ်။ အခမ်းအနားမှာ မ၊က၊ဒ၊တ ဥက္ကဌ ရဲဘော်သံခဲ ရဲ့  အမှာစကား၊ ကျောင်းသားတပ်မတော်မှတ်တမ်းတင် ဗီဒီယို၊ဓါတ်ပုံများ၊ တိုက်ပွဲဝင်တေးသီချင်းများနဲ့  ဖျော်ဖြေမှု အစီအစဉ်များပါဝင်မှာဖြစ်ပါတယ်။ မြန်မာအစားအစာမျိုးစုံကိုလည်ရောင်းချသွားမှာဖြစ်တယ်။ Netbook အသစ်တစ်လုံးကိုလည်း Raffel မဲဖောက်ပေးဘို့ ရှိပါတယ်။
နေ့ ရက်။ နိုဝင်ဘာလ (၂၁) ရက် စနေနေ့ 
အချိန်။ ညနေ ၆ နာရီ မှ ည ၁၁ နာရီအထိ
နေရာ။ Ukarainian Hall, 59 Joseph Street, Lidcombe NSW
လက်မှတ်များကို တစ်စောင်လျင် $၁၀ နှုံး နဲ့  ရောင်းချနေပြီဖြစ်ပါတယ်။

Monday, November 2, 2009
Sunday, November 1, 2009
Subscribe to:
Posts (Atom)