Wednesday, November 4, 2009

ကျောင်းသားတပ်မတော် (၂၁) နှစ်မြောက် အထိမ်းအမှတ် အခမ်းအနား Sydney တွင်ကျင်းပမည်၊

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF) ကို ၁၉၈၈ နိုဝင်ဘာလ (၁) ရက်နေ့ တွင် ထိုင်း-မြန်မာ နယ်စပ်မှာ ဖွဲ့ စည်းတည်ထောင်ပြီး စစ်အာဏာရှင်စနစ် ကို ဆန့် ကျင်တော်လှန်ခဲ့ကြတာ အခုဆိုရင် (၂၁)နှစ်ပြည့်ခဲ့ပြီဖြစ်တယ်။

ကျောင်းသားတပ်မတော် (၂၁) နှစ်မြောက်အထိမ်းအမှတ် နဲ့  ရံပုံငွေရှာဖွေပွဲ အခမ်းအနားတစ်ခုကို ဆစ်ဒနီ မှာ ကျင်းပပြုလုပ်ဘို့  ကျွန်တော်တို့  စီစဉ်နေပါတယ်။ အခမ်းအနားမှာ မ၊က၊ဒ၊တ ဥက္ကဌ ရဲဘော်သံခဲ ရဲ့  အမှာစကား၊ ကျောင်းသားတပ်မတော်မှတ်တမ်းတင် ဗီဒီယို၊ဓါတ်ပုံများ၊ တိုက်ပွဲဝင်တေးသီချင်းများနဲ့  ဖျော်ဖြေမှု အစီအစဉ်များပါဝင်မှာဖြစ်ပါတယ်။  မြန်မာအစားအစာမျိုးစုံကိုလည်ရောင်းချသွားမှာဖြစ်တယ်။ Netbook အသစ်တစ်လုံးကိုလည်း Raffel မဲဖောက်ပေးဘို့ ရှိပါတယ်။

နေ့ ရက်။ နိုဝင်ဘာလ (၂၁) ရက် စနေနေ့ 
အချိန်။ ညနေ ၆ နာရီ မှ ည ၁၁ နာရီအထိ
နေရာ။ Ukarainian Hall, 59 Joseph Street, Lidcombe NSW

လက်မှတ်များကို တစ်စောင်လျင် $၁၀ နှုံး နဲ့  ရောင်းချနေပြီဖြစ်ပါတယ်။

No comments:

Post a Comment