Wednesday, March 17, 2010

“ပါတီမရှိလည်း နိုင်ငံရေးရှိနေဖို့က အရေးကြီးတယ်။

“ပါတီမရှိလည်း နိုင်ငံရေးရှိနေဖို့က အရေးကြီးတယ်။ ပါတီကို သံခြေကျဉ်းခတ်တဲ့ လုပ်ငန်းမျိုးကို ကျနော် လက်မခံနိုင်ဘူး”

ဒီကနေ့ ရန်ကုန်မြို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှာ ကျင်းပခဲ့တဲ့ ဗဟိုအလုပ်အမှုဆောင်ကော်မတီ CEC အစည်းအဝေးကနေပြီးတော့ ရွေးကောက်ပွဲကျင်းပရေးကော်မရှင်မှာ NLD ပါတီ မှတ်ပုံတင်ရေး မတင်ရေး အဆုံးအဖြတ်ကို မချမှတ်သေးဘဲ လာမယ့်မတ်လ ၂၉ ရက်နေ့မှာမှ CEC အဖွဲ့တင်မက တနိုင်ငံလုံးမှာရှိတဲ့ ဗဟိုဦးစီး အဖွဲ့ဝင်CC တွေကိုပါ အစည်းအဝေးဖိတ်ခေါ်ပြီး သဘောထားတွေကို ဆွေးနွေးခြင်း၊ ချပြခြင်းတွေ လုပ်ပြီးမှ အားလုံးလျှို့ဝှက်မဲပေးပြီး ဆုံးဖြတ်မှာဖြစ်တယ်လို့ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဦးဝင်း တင် က ဗွီအိုအေကို ပြောကြားခဲ့ပါတယ်။

မတ်လ ၂၉ ရက်နေ့ အစည်းအဝေးမှာ ပါတီရပ်တည်ရေးအတွက် ဦးစားပေးပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ အနေအထားကိုပါ ထည့် သွင်းဆွေးနွေးကြရင် ဦးဝင်းတင်က သူ့ရဲ့သဘောထားကတော့ ပါတီမရှိလည်း နိုင်ငံရေးရှိနေဖို့က အရေးကြီးတယ်လို့ ပြောကြားပါ တယ်။ ဦးဝင်းတင်နဲ့ ဗွီအိုအေ ဝိုင်းတော်သား ကိုရော်နီညိမ်းတို့ရဲ့ ဆက်သွယ်မေးမြန်းချက်ကို တင်ဆက်ပေးလိုက်ပါတယ်။

ဗွီအိုအေ။ ။ လာမယ့်မတ်လ ၂၉ ရက်နေ့ အစည်းအဝေးဟာ အကယ်၍များ ဆရာ၊ ပါတီရပ်တည်ရေးကို ဦးစားပေးပြီးတော့ အများက ရွေးချယ်လိုက်တယ်ဆိုရင် ဆရာ့အနေနဲ့ ဘယ်လိုသဘောထားရှိပါသလဲ ဆရာ။

ဦးဝင်းတင်။ ။ ကျနော်ကတော့ ဒီလိုရှိပါတယ်။ ကျနော်တို့ ဒီအဖွဲ့အစည်းကို တည်ထောင်တဲ့သူထဲမှာ ကျနော်လည်း တယောက် အပါအဝင် ဖြစ်ပါတယ်။ ကျနော်ပါတီအပေါ်မှာ သံယောဇဉ်ရှိပါတယ်။ ဒီပါတီရဲ့ အရှည်တည်တံ့ရေး၊ ခိုင်မြဲရေးကို လိုလားပါတယ်။

သို့သော် ကျနော်ကတော့ ဘယ်လိုတွက်လဲဆိုတော့ ဘာပဲပြောပြော ဒီစစ်အစိုးရက အခုလုပ်နေတာက ကျနော်တို့ရဲ့ ပါတီတွင်းကိစ္စ ကို ဒေါ်အောင်ဆန်းစုကြည်လိုပုဂ္ဂိုလ်မျိုးကို မောင်းထုတ်ဖို့ လုပ်တယ်။ ဘာပြလဲဆိုလို့ရှိရင် ကျနော်တို့မှာ ဘာမှကို နိုင်ငံရေးမရှိ လောက်အောင်လုပ်တာ။ ကျနော့်သဘောက ဘာလဲဆိုတော့ ပါတီတရပ်ဟာ နိုင်ငံရေးရှိရမယ်။ နိုင်ငံရေးမရှိရင် ဒီပါတီဟာ ဘာမှအ သုံးမကျဘူးလို့ ယူဆတယ်။ ကျနော့် ပုဂ္ဂိုလ်သဘော ခံယူချက်။

အဲတော့ နိုင်ငံရေးရှိပြီးတော့ ပါတီမရှိရင်တောင်မှ လှုပ်ရှားလို့ရတယ်လို့ ကျနော် ယုံတယ်။ နိုင်ငံရေးမရှိဘဲနဲ့ ပါတီရှိနေလို့ အလကားပဲ။ ပါတီသာရှိပြီးတော့ နိုင်ငံရေးမရှိရင်လည်း ခေါင်းမရှိတဲ့လူလိုပဲဖြစ်မှာပဲလို့ ကျနော် ပြောခဲ့တယ်။ အဲဒါကြောင့် ပါတီကို သံခြေကျဉ်းခတ် တဲ့ လုပ်ငန်းမျိုးကို ကျနော် လက်မခံနိုင်ပါဘူး။ ကျနော့်သဘောထားက ဒါပါပဲ။



ဗွီအိုအေ။ ။ ဆရာ ဒီကနေ့အစည်းအဝေးအခြေအနေ ကျနော်တို့ကို နည်းနည်းပြောပြပေးပါလား ခင်ဗျ။

ဦးဝင်းတင်။ ။ CEC ကနေ ဆုံးဖြတ်တာမဟုတ်ဘဲနဲ့ တပြည်လုံးမှာရှိတဲ့ မကြာခင်တုန်းကဖွဲ့လိုက်တဲ့ CC တွေနဲ့ အကုန်လုံးပေါင်းပြီး တော့ CC ရယ်၊ CEC ရယ် အားလုံးစုစုပေါင်း ၁၂၈ ယောက်ရှိမှာပေါ့၊ အဲဒီပုဂ္ဂိုလ်တွေ အကုန်လုံး စုပေါင်းဆွေးနွေးပြီးတော့ ကျနော်တို့ မှတ်ပုံတင်မယ် သို့မဟုတ်ရင်လည်း မတင်ဘူးပေါ့ဗျာ၊ အဲဒါကို ဆုံးဖြတ်မယ်ဆိုပြီးတော့ ကျနော်တို့ စီမံတယ်၊ အဲ ... ရက်က မတ်လ ၂၉ ရက်နေ့ပေါ့။ ၂၉ ရက်နေ့ ၃၀ ပေါ့။

ဗွီအိုအေ။ ။ အဲတော့ ဆရာ၊ မတ်လ ၂၉ ရက်နေ့ကို ခုနဆရာပြောသလို တပြည်လုံးမှာရှိတဲ့ NLD၊ ကျန်တဲ့ CC အဖွဲ့ဝင်တွေကော အစုံအညီ လာရောက်နိုင်မယ့် အနေအထားရှိပါသလား ဆရာ။

ဦးဝင်းတင်။ ။ စစ်အစိုးရကလည်း သူတွက်မှာပေါ့ဗျာ၊ ဒီဟာက ကျနော်တို့ကနေပြီးတော့ မှတ်ပုံမတင်ဘူးဆိုပြီးတော့ ဆုံးဖြတ်မယ့်ပွဲမျိုး ဖြစ်မယ်လို့ထင်ရင် သူတို့ မပေးဘဲ နေကောင်းနေမယ်ပေါ့ဗျာ။ အဲ သို့မဟုတ်ရင်လည်း မှတ်ပုံတင်မယ့် အနေအထားရှိမယ်ဆိုရင် မှတ် ပုံမတင်ချင်တဲ့သူက နည်းနည်းပဲရှိမယ်ထင်ရင်လည်း လွတ်ပေးရင် ပေးမှာပေါ့၊

ဒါကတော့ စစ်အစိုးရရဲ့ လုပ်ထုံးလုပ်နည်းပုံသဏ္ဍာန်ပဲ ဖြစ်မှာပဲ။ သို့သော် ကျနော်တို့ကတော့ စစ်အစိုးရရဲ့ စရိုက်လက္ခဏာတွေ၊ အ ကျင့်တွေကိုတော့ ထည့်မတွက်တော့ဘူး။ ကျနော်တို့တွက်နေတာက ဘာလည်းဆိုရင် ဒီဟာက ဘာပဲပြောပြော ဒီမိုကရေစီနည်းကျ လုပ်ရမယ်။ ကျနော်တို့အဖွဲ့က ဒီမိုကရေစီအဖွဲ့အစည်း။

အဲတော့ ဒီကိစ္စကလည်း အခုဟာ ဒီမှတ်ပုံတင် ဥပဒေတို့ ဘာတို့ဆိုတာကြီးက ဒီမိုကရေစီနည်းကို လုံးဝ မကျဘဲနဲ့ ဘယ်လိုမှ လက်ခံ နိုင်ခြင်း မရှိဘူး၊ ဒါကြောင့် ကျနော်တို့က ဒီဟာကို ဒီမိုကရေစီနည်းကျ ပါတီအောက်ခြေက အခုဖွဲ့လိုက်တဲ့ CC တွေနဲ့ ဆုံးဖြတ်မယ်ဆို ပြီးတော့ ကျနော်တို့က ခေါ်ခြင်းပဲဗျ။ ဒါပဲ။ အဓိကက ဒါပဲ။

ဗွီအိုအေ။ ။ ဟုတ်ကဲ့ပါဆရာ၊ အဲ့တော့ ပြန်ပြီးတော့ မတ်လ ၂၉ ရက်နေ့ကိစ္စကို ပြန်ပြီးကောက်မယ်ဆိုလို့ရှိရင် အဲဒီမတိုင်ခင်ကော ဆရာတို့ CEC အနေနဲ့ကျတော့ရော ဘယ်လိုများပြင်ဆင်ထားမယ်လို့ CEC မှာ စိတ်ကူးထားပါသလဲ ဆရာ။

ဦးဝင်းတင်။ ။ ဒီလိုရှိတယ်ဗျ၊ ကျနော်တို့ ဆွေးနွေးမှာကတော့ ဒီအတောအတွင်းမှာ ကျနော်တို့ CEC တွေကြားထဲမှာ အထပ်ထပ် ဆွေးနွေးရမယ့် အကြောင်းကိစ္စကတော့ ဒီဥပဒေတွေဟာ လက်ခံနိုင်တဲ့ဥပဒေတွေလား၊ လက်မခံနိုင်တဲ့ ဥပဒေတွေလား၊ အဲ လက်မခံ နိုင်ရင် ဘာကြောင့်လဲ။ လက်ခံနိုင်ရင် ဘာလဲဆိုတာ ဒါ ကျနော်တို့လုပ်မှာပဲ။

သို့သော် ကျနော်တို့ CEC တွေကနေပြီးတော့ ဟာ … မှတ်ပုံတင်မယ်၊ မတင်ဘူးဆိုတာကို ဆုံးဖြတ်ပြီးတော့ အောက်ခြေထုကို ချပြမှာ မဟုတ်ဘူး။ အောက်ခြေထုကလည်း သူတို့သဘောထားတွေ သူတို့ တက်လာခဲ့၊ ကိုင်စွဲပြီးတက်လာခဲ့။ ကျနော်တို့ CEC တွေကလည်း ကျနော်တို့ရဲ့ သဘောထားတွေကို ကျနော်တို့ ညှိနှိုင်းပြီးသား လုပ်ထားမယ်၊ အဲဒါတွေ အကုန်လုံးနဲ့ ပေါင်းစည်းပြီးတော့ ဒီ ၁၂၀ သော ပုဂ္ဂိုလ်များ ဒါ မဲခွဲဆုံးဖြတ်မှာပဲဗျ။ လျှို့ဝှက်မဲနဲ့ ဆုံးဖြတ်မှာပဲ။

ဒီကနေ့ ရန်ကုန်မြို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရုံးချုပ်မှာ ကျင်းပခဲ့တဲ့ အစည်းအဝေးတက်ရောက်ခဲ့တဲ့ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ဦးဝင်းတင်ကို ဗွီအိုကေက ဆက်သွယ်မေးမြန်းခဲ့တာဖြစ်ပါတယ် ခင်ဗျာ။

ဦးဝင်းတင်နှင့် ဗွီအိုအေ အင်တာဗျူး (မတ်လ ၁၅ ရက် ၂၀၁၀ ပြည့်နှစ်)


- Posted using BlogPress

1 comment:

  1. ကျနော့် (သို့ မဟုတ်)ကျနော်တို့ ရဲ့  NLD အပေါ်နဲ့  နိုင်ငံရေးအရ သုံးသပ်ချက်တွေဟာဒီနေ့ ကာလမှာ NLD ပါတီအနေနဲ့  လက်တွေ့  လက်ငင်းကြုံတွေ့ နေရသည့်အခက်အခဲပါပဲ။ ဒိထက်ပိုဆိုးတာက အမှတ်သည်းခြေမရှိသည့် NLD ဥက္ကဌဆိုသည့် ပုဂ္ဂိုလ်က ဘယ်လောက်တောင် ရဲဘော်ရဲဘက်စိတ်မရှိသလဲဆို- အသက်နဲ့ ရင်းပြီး၁၉၉၀ခုနှစ် ရွေးကောက်ပွဲ ရလဒ်ကို ကိုင်ဆွဲရမှာကို- ကိုယ်အဖွဲ့ အစည်းမှာရှိတဲ့ လက်တွဲဖော်(သို့ မဟုတ်)လူထုယုံကြည်အားကိုးရသည့် ခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ကို ဒီလိုတိုက်ပွဲရေထဲမိုးထဲမှာတောင် ကယ်ထုတ်ဘို့ ၊ ကာကွယ်ဘို့ မပြုသည့်အပြင် ဒေါ်အောင်ဆန်းစုကြည်ကို လှံစွပ်နဲ့ ထိုးသတ်သည့် သေဆုံးစေမှုကို အရင်လုပ်ပြီး စစ်အုပ်က ဒူးထောက်အညံ့ ခံခိုင်းသည့် ၂၀၀၈ကိုလည်းဒူးထောက်မယ်၊ ၁၉၉၀ခုနှစ်ရွေးကောက်ပွဲအနိုင်ရခဲ့တာကိုလည်းစွန့် လွှတ်မယ်၊ လောလောလတ်လတ်ထုတ်ပြန်ထားတဲ့ ရွှေဂုံတိုင်ကြေငြာချက်ကိုလည်းစွန့် လွတ်ပြီး-၂၀၀၈အတုအယောင်ဖွဲ့ စည်းပုံကိုကာကွယ်စောင့်ရှောက်ဘို့  ဖောက်ပြန်တဲ့ ဒူးထောက်အညံ့ ခံမှုကိုရွေးချယ်လိုက်တာဟာ-မြန်မာပြည်သူလူထုကိုစော်ကားလိုက်တာပဲ ဖြစ်တယ်။ ဒီလို နိုင်ငံရေးအာဏာကို လောဘတက်ပြီး အတုအယောင်ရွေးကောက်ပွဲကို ၀င်မယ့် လူလိမ်လူကောက် တွေကို ဘယ်ပြည်သူလူထုကမှ မထောက်ခံပါဘူး။ အဲဒီလိုလူမျိုးဟာ ဘယ်တော့မှ သဘောထားမမှန်ပါဘူး။ NLD ပါတီအတွက် လူရှုပ်တွေလို့ ပဲဆိုရပါလိမ့်မယ်။ ဒီလူတွေ အရွေးချယ်ခံစေဦးတော့ ပြည်သူလူထုကို အမှန်တကယ်ဦးဆောင်ဦးရွက်ပြုနိုင်မယ့် လူတွေမဟုတ်ဘူးဆိုတာပဲ လူထုကြီးက ဆုံးဖြတ်ပါလိမ့်မယ်။ ဦးဝင်တင်ရဲ့ ရပ်တည်ချက်ကို ဂုဏ်ယူလေးစားရမည်ဖြစ်သည်။ ယခုစစ်အုပ်စုထုတ်ပြန်လိုက်သည့် ရွေးကောက်ပွဲဆိုင်ရာဥပဒေအချက်အလက်တွေဟာ မြန်မာပြည်အတွက် အဖြေမဟုတ်ပါဘူး။ NLDထဲမှာရှိနေသည့် တချို့ လူတွေဟာ စစ်အုပ်စုဘာတွေထုတ်ပြန်ထုတ်ပြန်အဲဒီထုတ်ပြန်ချက်တွေကို ဗဟိုပြုပြီးစဉ်းစားနေကြသ၍ အရှုံးနဲ့ ပဲ ရင်ဆိုင်ရလိမ့်မယ်လို့ မှတ်ပါ။ နောက်ဆုံးမှာတော့ ကျုပ်တို့ ပြတ်ပြတ်သားသားပဲပြောလိုက်ပါရစေ-ဦးအောင်ရွှေလို၊ ဦးခင်မောင်ဆွေလို လူမျိုးတွေဒီလိုအချိန်ကျမှ ရန်သူအပေါ်ဒူးထောက်လာခြင်းအပေါ်မှာကျုပ်တို့ အားလုံ ပြင်းပြင်ထန်ထန်ကန့် ကွက်တယ်၊ ရှုံ့ချတယ်။ NLD အထဲမှာရှိသည့် NLD လူငယ်များခင်ဗျား-ခင်ဗျားတို့ ဟာလူငယ်တွေပါ။ လူငယ်တွေပီပီ ယနေ့ မတရား တဘက်သတ်အကြတ်ကိုင်ထားတဲ့အခက်အခဲကို ခင်ဗျားတို့ ရဲရဲရင့်ရင့်၊ ပြတ်ပြတ်သားသားရင်ဆိုင်ရတော့မယ်အချိန်ဖြစ်တယ်။ ခင်ဗျားတို့ မပြတ်သားရင် မြန်မာပြည်နိုင်ငံရေးသမိုင်းမှာ ခင်ဗျားတို့ ဟာ သမိုင်တရားခံတွေဖြစ်သွားမယ်။ ကိုယ်စီးတဲ့မြင်းဟာ အထီးလား၊ အမလားသေချာခွဲခြားနိုင်ဘို့ လိုတယ်။ မှတ်ပုံတင်ရရုံလေးနဲ့  တိုင်းပြည်အတွက် အဓိပါယ်ရှိတဲ့ ခေါင်းဆောင်တွေကို နိုင်ငံရေးလှံစွပ်နဲ့ ထိုးပြီးနိုင်ငံရေးမှတ်ပုံတင်ဘို့ အဖြစ်လဲယူဘို့ ကို မကြိုးစားလိုက်ပါနဲ့။၁၉၉၀ခုနှစ်ရွေးကောက်ပွဲရလဒ်ကို အသက်နဲ့လဲဘို့ ကာကွယ်စောက်ရှောက်ကြ။ အမှန်တရားဟာ သမိုင်းမှာဘယ်တော့မှ အရှုံးမရှိစေရဘူး။ ခင်ဗျားတို့ အနီးပါတ်ဝန်းကျင်မှာနိုင်ငံတကာရှိတယ်။
    ရဲဘော်ဂျာကြီး
    မှတ်ချက်။ ဖြစ်နိုင်လျှင်ကျနော်သဘောထားကို မည်သည့်ဘလော့တွင်မဆို တင်ပြခွင်ပြုသည်။ တိုင်းပြည်အတွက်အဓိပါယ်ရှိသည့်သဘောထားဖြစ်မည်ဆို။

    ReplyDelete