Friday, March 19, 2010

"စစ်အစိုးရ၏ မတရားဥပဒေများအပေါ်သဘောထားထုတ်ပြန်ချက်"

Joint Action Committee for A Democratic Burma
(Sydney – Australia}

"စစ်အစိုးရ၏ မတရားဥပဒေများအပေါ်သဘောထားထုတ်ပြန်ချက်"

၂၀၁၀ခုနှစ်၊မတ်လ(၈)ရက်နေ့မှစ၍ စစ်အစိုးရကထုတ်ပြန်ခဲ့သော (၁)ပြည်ထောင်စု
ရွေးကောက်ပွဲကော်မရှင်ဥပဒေ (၂)နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ (၃)ပြည် သူ့လွှတ်တော်ရွေးကောက်ပွဲဥပဒေ (၄)အမျိုးသားလွှတ်တော်ရွေးကောက်ပွဲဥပဒေ (၅)တိုင်းနှင့်ပြည်နယ်ရွေးကောက်ပွဲဥပဒေတို့သည် ပြည်သူလူထုတရပ်လုံး၏ ဆန္ဒသ ဘောထားကို လုံးဝဆန့်ကျင် မျက်ကွယ်ပြုလိုက်ခြင်းဖြစ်သည်။

၂၀၀၈ခုနှစ်၊ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို ပြန်လည်သုံးသပ်ပြင်ဆင်ပေးရန် တောင်းဆိုလျက်ရှိသော ဒီမိုကရေစီအင်အားစုများ၊ တိုင်းရင်းသားအင်အားစုများနှင့် လုံးဝတိုင်ပင်ခြင်းမရှိဘဲ ဖော်ပြပါဥပဒေ(၅)ခုကို တဖက်သတ်ထုတ်ပြန်ခဲ့ခြင်းသည် နအဖစစ်ခေါင်းဆောင်များ အာဏာတည်မြဲရေး၊ စစ်အာဏာရှင်စနစ် သက်ဆိုးရှည် ရေးအတွက် လက်နက်အားကိုးပြီး တိုင်းပြည်အပေါ် အနိုင်အထက် ပြုလုပ်လိုက်ခြင်း သာဖြစ်သည်။



၎င်းဥပဒေများသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ရွှေဂုံတိုင်ကြေငြာချက်တွင် ဖော်ပြတောင်းဆိုထားသော တောင်းဆိုချက်များကို လုံးဝပစ်ပယ်လိုက်သည့်အပြင် အဖွဲ့ချုပ်ရပ်တည်ရေးကိုပင် စိမ်ခေါ်လိုက်ခြင်းဖြစ်ပေသည်။
ထို့အပြင် ကမ္ဘာ့ကုလသမဂ္ဂနှင့်တကွ နိုင်ငံတကာမိသားစုက တောင်းဆိုထားသော ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် နိုင်ငံရေးအကျဉ်းသားများအားလုံး လွှတ်ပေးရေး၊ ရွေးကောက်ပွဲတွင် သက်ဆိုင်သူများအားလုံးပါဝင်နိုင်ရေးတို့ကို အတိအလင်းဥပက္ခာ ပြု လိုက်ခြင်းဖြစ်ပေသည်။

အထူးသဖြင့် ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲဥပဒေ၊ ဥပဒေအမှတ်၃/၂၀၁၀၊ အခန်း (၁၆)၊ပုဒ်မ၉၁(ခ)တွင် ၁၉၉၀ခုနှစ်၊ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲသည် ၂၀၀၈ဖွဲ့စည်းစည်းပုံအခြေခံဥပဒေနှင့် ကိုက်ညီမူ့မရှိဟုဆိုကာ ၁၉၉၀ရွေးကောက်ပွဲရလာဒ်အား တဖက်သတ် ဖျက်သိမ်းလိုက်ခြင်းသည် လုံးဝလက်ခံနိုင်ဖွယ်မရှိသော ယုတ်ညံ့သည့် လုပ်ရပ်ဖြစ်သည်။

ဖော်ပြပါအချက်များအရ စစ်အစိုးရကကျင်းပမည်ဆိုသည့် ရွေးကောက်ပွဲသည်မည် သို့မျှ လွတ်လပ်၍တရားမျှတသော ရွေးကောက်ပွဲ မဖြစ်နိုင်သည်မှာ ရှင်းလင်းနေပြီ ဖြစ်သည်။

ယနေ့ကြုံတွေ့နေရသော မလူးသာမလွန့်သာအချေအနေမှ ဖောက်ထွက်နိုင်ရန်မှာ ရဟန်း၊ရှင်လူပြည်သူတရပ်လုံးနှင့်တကွ အတိုက်အခံအင်အားစုများအနေဖြင့်စုစည်း ညီညွတ်စွာလက်တွဲလျက် လူထုတိုက်ပွဲအပါအ၀င် နည်းလမ်းစုံဖြင့် နအဖစစ်အစိုးရ အား ပြတ်ပြတ်သားသား ၇င်ဆိုင်တိုက်ပွဲဝင်ကြရန်သာ ရှိသည်ဟုသုံးသပ်သည်။

သို့ဖြစ်၍ ကျွန်ုပ်တို့အနေဖြင့်-
• စစ်အစိုးရကထုတ်ပြန်ခဲ့သော နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေနှင့် ပြည် သူ့လွှတ်တော်ရွေးကောက်ပွဲဥပဒေအပါအ၀င်လာမည့်ရွေးကောက်ပွဲအတွက် ထုတ်ပြန်ခဲ့သော ဥပဒေများကို မတရားဥပဒေများအဖြစ် သတ်မှတ်ဆန့်ကျင် သွားမည်။
• ၄င်းမတရားဥပဒေများအရ ကျင်းပမည့်ရွေးကောက်ပွဲကို နည်းလမ်းမျိုးစုံနှင့် ဆန့်ကျင်တိုက်ဖျက်သွားမည်။
• စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေးအတွက်တိုက်ပွဲဝင်လျက်ရှိကြသော ပြည်တွင်း ပြည်ပအင်အားစုအားလုံးနှင့်လက်တွဲလျက် စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းသည် အထိ ခိုင်မာစွာ တိုက်ပွဲဝင်သွားမည်။

”အများပြည်သူသဘောမတူတဲ့အမိန့်အာဏာဟူသမျှတာဝန်အရဖီဆန်ကြ״

အလုပ်အမူ့ဆောင်ကော်မတီ
ဒီမိုကရေစီရရှိရေးပူးပေါင်းဆောင်ရွက်မူ့ကော်မတီ
ဆစ္ဒနီ၊ ၾသစေၾတးလ်
ရက္စြဲ။ ။ ၂၀၁၀ခုနှစ်၊မတ်လ(၁၄)ရက်၊

ဆက်သွယ်ရန်။ ။ (၀၄၃၁ ၄၈၂ ၃၂၆) (၀၄၁၃ ၃၃၅ ၆၂၉)

2 comments:

  1. အကယ်၍ နောက်ဆုံး NLDမှာ မှတ်ပုံတင်ရေး/မတင်ရေးကိစ္စနဲ့ပါတ်သက်လို့ NLDပါတီကြီးကွဲမည့်အနေအထားသို့ ဦးတည်လာလျှင် NLD ပါတီကိုတော့နိုင်ငံရေးအရ အကွဲခံလို့ မရပါဘူး။
    (၁)ပါတီမှတ်ပုံတင်သင့်သည်ဟု အဆိုပြုသော ပုဂ္ဂိုလ်များကို NLD ပါတီအဖြစ်မှ နှုတ်ထွက်စေပြီး သီးခြားပါတီထောင်ခွင့်ပြုစေပြီး မှတ်ပုံတင်လျှင်တင်ပါစေ။
    (၂)NLD ပါတီကြီးအနေဖြင့်၁၉၉၀ခုနှစ်ရလဒ်၊ ရွှေဂုံတိုင်ကြေခြာချက်နှင့် မတရားသည့်ဥပဒေကို ဥပဒေအရ တိုက်ပွဲဝင်သွားဘို့ ဆက်လက်ရှိသင့်သည်။
    (၃)ထိုမတရားသည့်ဥပဒေကို တရားနည်းလမ်းကျသည့် ဥပဒေဖြစ်လာပါမှ NLD မှတ်ပုံတင်ရေး၊ မတင်ရေးနှင့် ရွေးကောက်ပွဲဝင်ရေးမ၀င်ရေးကို ဆုံးဖြတ်နိုင်မည်ဖြစ်သည်။
    ရဲဘော်ဂျာကြီး

    ReplyDelete
  2. ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်ပြီး NLD ကပြည်သူတွေကို ဆော်သြလှုပ်ရှားခဲ့တဲ့ မတရားတဲ့ အမိန့် အာဏာဟူသမျှ တာဝန်အရဖီဆန်ကြ ဆိုတဲ့အတိုင်း အခု NLD ကိုယ်တိုင် လှုပ်ရှားဖို့အချိန်ရောက်လာပါပြီ။

    တရားဥပဒေဘောင်အတွင်းက ဆက်လုပ်ဘို့ လိုအပ်တယ်လို့ဆိုသူတွေအတွက် နအဖ ကထုတ်ပြန်ထားတဲ့ ဥပဒေတွေအားလုံးဟာ မတရားတဲ့ ဥပဒေ တွေချည်းသာဖြစ်တယ်၊ သူတို့ ထုတ်ပြန်တဲ့ဥပဒေတွေကို သူတို့ ကိုယ်တိုင်တောင်လိုက်နာ ခြင်းမရှိဘူးဆိုတာ သတိပြုဘို့ လိုပါတယ်။

    ReplyDelete