Friday, April 9, 2010

“နောက်ဆုံးတိုက်ပွဲနောင်ရိုးစိတ်ဓါတ်”

န.အ.ဖကတော့ ရွေးကောက်ပွဲဥပဒေကိုထုတ်ပြန်ပြီးမြန်မာပြည်သူများနဲ့ ကုလသမဂ္ဂအပါအ၀င်နိုင်ငံတကာ အသိုင်း အ၀ိုင်း ကိုအဆုံးအစွန်ထိစိန်ခေါ်လိုက်ပြန်ပါပြီ။အာလုံးက၀ိုင်းဝန်းတောင်းဆိုနေကြ၊တားမြစ်နေကြသည်ကြားကပင်ယခုလိုကိုယ်သဘောကိုယ်
ဆောင်ရ်ျပြုမှုလိုက်ခြင်းသည်က်ျတစ်ကြိမ်သည်လည်းပထမဆုံးအကြိမ်မဟုတ်တော့ပါ။န.အ.ဖစစ်အုပ်စုကသူလမ်းစဉ်ကိုမဆုပ်မနစ်အကောင်ကထည်ဖော်သွားနိုင်ခဲ့သည်။၎င်းတို့ ဘက်ကကြည့်လျင်တော့ ၎င်းတို့ လိုချင်သည့် ပန်းတိုင်ရောက်လုပြီ။ဒါဆိုကျွန်တော်တို့ ဒီမိုကရေစီဘက်တော်သားများဘက်ကရောပန်းတိုင်ရောက်လုပါပြီလား…..?တာဝန်ကျေပြီလား…..?

န.အ.ဖ၏လမ်းပြမြေပုံခုနုစ်ချက်ကိုအဆင့် တိုင်းကိုကျွန်တော်တို့ (ဒီမိုကရေစီဘက်တော်သားများ)ကပါးစပ်ဖြင့် တိုက်ဖျက်လာကြသည်မှာလဲယခုအချိန်တွင်ဆုံးခန်းတိုင်လုပြီ။က်ျတစ်ကြီမ်တွင်လည်းအလုပ်မပါပါးစပ်ချည်းသက်သက်သာတိုက်ဖျက်
နေကြပါကကျွန်တော်တို့ တိုင်းပြည်နှင့် ကျွန်တော်တို့ လူမျိုးလောက်ညံ့ သောသူက်ျကမ္ဘာပေါ်တွင်ရှိနိုင်တော့မည်မထင်ပေ။ပါးစပ်နဲ့ မတိုက်ဖျက်ချင်လိုရောတွေများရှိလိုလဲဟုမေးစရာရှိပါသည်။ကျွန်တော်တို့်သည်စည်းလုံးချင်းအင်အားလောက်ကောင်းသောလက်နက်မရှိမှန်းသိလျက်နှင့်ပင်ထိုလက်နက်ကိုဆွဲကိုရန်တွန့်ဆုတ်နေခဲ့ကြသည်။မယုံမရဲရှိနေခဲ့ကြသည်။ ဘုရင်နောင်၏ နောင်ရိုးတိုက်ပွဲ၊ နောင်ရိုးစိတ်ဓါတ်ကို မေ့ လျော့ နေခဲ့ကြသည်။ လမ်း(way)မရှိလိုပါပဲ လူထုကို ဦးဆောင်ချင်နေကြသည်။
တကယ်ဆိုကျွန်တော်တို့လုပ်သင့်သည်မှာလက်တွေ့ ကျသောအမြင်များ၊ လမ်းစဉ်များကို ပြည်သူလူထုအားချပြပြီး ဦးဆောင်သင့် သည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ရွေးကောက်ပွဲမ၀င်၇န်ဆုံးဖြတ်သည့် ဆုံးဖြတ်ချက်သည် ဒေါ်အောင်ဆန်းစုကြည်၏ သဘောထား ဖြစ်ခြင်းကြောင့် မဟုတ်ပဲမြန်မာတစ်နိုင်ငံလုံးအားဒုက္ခပင်လယ်တွင်းမှ ကယ်တင်ရန်အတွက် ပထမခြေလှမ်း ပင်ဖြစ်ကြောင်း ရှင်းပြ စည်းရုံးရမည်။ မြန်မာ့လူဘောင်အတွင်းတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေးနှင့်မြန်မာပြည်လွတ်မြောက်ရေး၏ဆက်စပ်မှုကိုရှင်းလင်းစွာသိနားလည်ကြခြင်းမရှိသေးပေ။၎င်းအခြင်းအ၇ာကို ကျွန်တော်တို့  ပတ်ဝန်းကျင်၇ှိမည်သည့် အင်အားစုက မှမဟုတ်သောသာမာန် ပြည်သူတယောက်နှင့် စကားအနည်းငယ် ပြောကြည့် ရုံဖြင့်သိနိုင်ပါသည်။

နှစ်ကာလအတန်ကြာအဖက်ဖက်ကပြင်ဆင်ပြီးသောစနစ်တကျ ဖွဲ့ စည်းထားသော န.အ.ဖ၏အုပ်ချုပ်ရေးယန္တရား ရပ်တန့်သွားရန်လုပ်ဆောင်မည်ဆိုလျင်ပြည်သူအတွက်အတွေ့အကြုံရှိသောအရည်အချင်းရှိသောခေါင်းဆောင်ကောင်းတစ်ဦးတော့အနည်းဆုံးလိုအပ်သည်။ဒေါ်အောင်ဆန်စုကြည်သည်အထက်ပါအရည်အချင်းများနှင့်ပြည်စုံသည့်အပြင်လွန်ခဲ့သည့်ဆယ့်သုံးနှစ်တာကာလကိုနေအိမ်အကျယ်ချုပ်ဘ၀ဖြင့်ဖြတ်သန်းခဲ့ရသည့်လူထုခေါင်းဆောင်တစ်ဦးပင်ဖြစ်သည်။ထိုသို့ဆယ်သုံးနှစ်ကာလကိုအကျယ်ချုပ် ဘ၀ဖြင့်ဖြတ်သန်းခဲ့ရခြင်းသည်သူ့ အတွက်မဟုတ်၊အမျိုးသားဒီမိုကရေစီအဖွဲ့ အတွက်မဟုတ်မြန်မာပြည်သူများ နှင့်မြန်မာနိုင်ငံ အတွက် သာ ဖြစ်သည်။ ယင်းအချက်ကိုသိတာထင်ရှားသွားစေသည့်အချက်မှာအမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်၏ရွေးကောက်ပွဲ မ၀င်ရေး ဆုံးဖြတ် ချက်ပင်ဖြစ်သည်။မြန်မာပြည်သူလူထုကိုတရားဝင်ဆက်လက်ဖိနှိပ်ချုပ်ချယ်ခွင့်ပေးထားပြီး စစ်အာဏာရှင် စနစ်ကို သက်ဆိုး ရှည်စေမည့်  2008ဖွဲစည်းပုံအခြေခံဥပဒေကိုဆန့်ကျင်ပြီးရွေးကောက်ပွဲမ၀င်ရေးလမ်းကြောင်းကို ရွေးချယ်ခဲ့ခြင်း သည် ပါတီ ဆက်လက် ရှင်သန် ရပ်တည်ရေးထက်စာလျှင်ပြည်သူဘ၀လွတ်လပ်ရေးကိုဒေါ်အောင်ဆန်းစုကြည် အပါအ၀င်အဖွဲ့ ချုပ်ခေါင်းဆောင်းများနှင့် NLDပါတီကအလေးထားကြောင်သိသာထင်ရှားစေသည်သာဓကပင်ဖြစ်ပေသည်။

ထို့ကြောင့်ကျွန်တော်တို့ပြည်သူများအနေဖြင့်အမျိုးရေးဒီမိုကရေစီအဖွဲ့ချုပ်နှင့်ဒေါ်အောင်ဆန်းစုကြည်၏ပြည်သူ့အပေါ်ထားသောစေတ နာကိုနားလည်သောအားဖြင့်NLDပါတီနှင့်ဒေါ်အောင်ဆန်းစုကြည်တို့၏ရှေ့လုပ်ငန်းစဉ်များကိုဝန်းရံထောက်ခံကြရန်ပင်ဖြစ်သည်။ သို့မှသာမြန်မာပြည်သူလူထုအများစုလိုလားသောပြည်သူ့ဘ၀များအမှန်တကယ်ဖွံ့ဖြိုးတိုးတက်လာမည့်ဒီမိုကရေစီနိုင်ငံတော်သစ်သို့ ရောက်ရှိပေမည်။



မကြာသေးမီကထုတ်လုပ်ပြန်ခဲ့သောန.အ.ဖ၏ရွေးကောက်ပွဲဥပဒေများနှင့် ပက်သက်ပြီ်း ကျောင်းသားအများအပြားနှင့် ကျွန်တော် ဆွေးနွေးဖြစ်ပါသည်။ စစ်အစိုးရလက်အောက်တွင်တက္ကသိုလ်ပညာသင်ကြားနေရသောကျွန်တော်တို့ခေတ် ကျောင်းသားအများစုမှာ စစ်အစိုးရ၏ဖိနှိပ်မှုများ၊မကောင်းသည့်ဘက်ကိုသာ အလွယ်တကူရောက်ရှိသွားစေနိုင်သော ခေတ်စနစ် အခြေအနေတို့်ကြောင့်ကိုယ်နိုင်ငံ၏အရေးကိစ္စများကိုစိတ်ဝင်စားဖို့နေနေသာသာနိုင်ငံရေးဆိုသည်မှာ အန္တရာယ်အရှိဆုံးအလုပ်ဟု သက်မှတ်နားလည်ထားကြ သည် ခေတ်ကြီးတွင် နိုင်ငံရေးကိုစိတ်ရောကိုယ်ပါ ပြောဆိုလုပ်ဆောင်နေကြသော ၄င်း ကျောင်းသားများ သည်တိုးတက်သောအမြင်ရှိသည့် ကျောင်းသားများဟုယူဆလျှင်ရနိုင်ပါသ ည်။

လက်ရှိမြန်မာ့နိုင်ငံရေးဖြစ်စဉ်များကို၎င်းကျောင်းသားများနှင့် ကျွန်တော်ပြောဆို ဆွေးနွေးမှုများ ပြုလုပ် သည့်အခါ ၄င်းတို့အယူအဆအမျိုးမျိုးကိုသိခွင့်ရခဲ့ပါသည်။၎င်းတို့က မြန်မာ နိုင်ငံအလည့်အပြောင်းများတွင် ရဟန်းသံဃာများနှင့် ကျောင်းသားလူငယ်တို့သည်မည်သည့်အခါမှဦးလေးခြင်းမရှိဘဲရှေ့ဆုံးမှပါဝင် မြဲဖြစ်ကြောင်း၊ သို့သော်အကြောက်တရားများကြောင့် ပြည်သူလူထုထိုက်သင့်သလောက်ပါဝင်ခြင်းမရှိသည့်အခါများတွင်တော်လှန်ရေးဖြစ်စဉ်အချို့မှာ လိုအပ်သည့်ပန်းတိုင်မရောက်ခင် ကျရှူံးရပ်တန့်ခဲ့ကြရကြောင်း၊ ထို့ကြောင့်နောက်ဆုံးတိုက်ပွဲတွင် ယင်းအချက်ကိုမိမိတို့ကြိုတင်နည်းလမ်းရှာကြိုးစားသင့်ကြောင်း၊ နောက်တစ်ချက်မှာ လူထုအုံကြွမှုများ ဖြစ်ပေါ်လာသောအခါ အစိုးရက အကြမ်းဖက်တုံ့ပြန်မှုများဖြစ်ပေါ်မလာစေရန် အစိုးရ၏လက်ကိုင်တုတ်သဖွယ် အသုံးချ ခံနေကြ ရရှာ သော တပ်မတော်သားများနှင့် ပြည်သူ့ရဲများအား မီဒီယာများမှဖြစ်စေအခြားနည်းလမ်းနှင့်ဖြစ်စေ ၄င်းတို့၏ မိဘ သဖွယ်ဖြစ်သော ပြည်သူများအား အကြမ်းမဖက်ရန်နှင့် လူထုနှင့်ပူးပေါင်းရန်ကြိုတင်မေတ္တာရပ်ခံထားသင့်ကြောင်း၊နိုင်ငံတကာမှ မြန်မာများအနေဖြင့်လည်း ပြည်တွင်း တွင်
လူထုအုံကြွမှုဖြစ်နေစဉ်ကာလနှင့် အချိန်ကိုက်နိုင်ငံတကာရှိမြန်မာသံရုံးများနှင့် တရုတ်သံရုံးများတွင် ငြိမ်းချမ်းသော နည်းလမ်းများဖြင့် မြန်မာပြည်သူများနှင့်တသွေးတည်း တစ်သားထဲရှိကြောင်းပြသသင့်ကြကြောင်း ၊လက်နက်ကိုင် ငြိမ်းချမ်းရေးအဖွဲ့များသည်လည်းန.အ.ဖ၏ နယ်ခြားစောင့်တပ်ပြောင်းလဲရေးကိုလက်မခံပဲ ဆက်လက်တောင့်ခံထား ကြစေလိုကြောင်း၊အခြားတစ်ဖက်မှလဲနိုင်ငံတကာဖိအားများယခုထက်ပိုရ်ျပြင်းထန်လာစေရန်ယခုအချိန်မှစရ်ျလုပ်ဆောင်သင့် ကြောင်းစသည်ဖြင့်ပြောဆိုဆွေးနွေးကြပါသည်။

ချုပ်ရ်ျဆိုရသော်ယခုတစ်ကြိမ်နောက်ဆုံးတိုက်ပွဲတွင်ဒီမိုကရေစီအင်အားစုများနှင့်မြန်မာပြည်သူတို့ကဘုရင့်နောင်၏နောင်ရိုးတိုက်ပွဲ၊နောင်ရိုးစိတ်ဓါတ်ထုံးနှလုံးမူရ်ျနောက်လှည့်မကြည့်စတမ်းရည်မှန်းချက်ရောက်သည်အထိတိုက်ကြရန်နှင့်အဖက်ဖက်ကအစိုးရအားဖိအားပေးသောမည်သည့်လှုပ်ရှားမှုမျိုးကိုမဆိုပူးပေါင်းပါဝင်ကြမည်ဆိုပါက သံဃာတော်များနှင့် ကျောင်းသားလူငယ်တို့ ဦးဆောင်သော မြန်မာ့ ဒီမို ကရေစီရရှိရေး တိုက်ပွဲကြီးကိုမကြာမီအချိန်ကာလ အတွင်းမြန်မာပြည်သူတို့မျက်ဝါးထင်ထင်
မြင်တြွေ့ကရလိမ့်မည်ဖြစ်ကြောင်း ဤ ဆောင်းပါးဖြင့်  ကြိုတင် အသိပေးအပ်ပါသည်။


မင်းသွေးသစ်(၂၀၀၇)
၂၀၀၇ မျိုးဆက်ကျောင်းသားသမဂ္ဂ
- Posted using BlogPress

No comments:

Post a Comment