Sunday, December 27, 2009
Tuesday, December 22, 2009
Wednesday, December 16, 2009
Wednesday, December 9, 2009
Sunday, December 6, 2009
ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော် နှင့် လူ့ အခွင့်အရေးအတွက် Manly မှာ လမ်းလျှောက်ပွဲ
ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော်ကို ဒီဇင်ဘာလ (၁၂) ရက်နေ့ မှာ Sydney မြို့ Granvill Town Hall မှာ မနက် ၁၁ နာရီကနေ ညနေ ၆ နာရီအထိကျင်းပပြုလုပ်သွားမယ်ဖြစ်ပါတယ်။
ကမ္ဘာ့ ကုလသမဂ္ဂ ရဲ့ လူ့ အခွင့် အရေးကြေငြာစာတမ်း ကိုစတင်တဲ့နေ့ ကို ကမ္ဘာ့ လူ့ အခွင့်အရေးနေ့  အဖြစ်သတ်မှတ်ထားတဲ့ ဒီဇင်ဘာ လ (၁၀) ရက်နေ့ အထိမ်းအမှတ် အနေနဲ့  လူ့ အခွင့်အရေးအတွက် Manly မှာ လမ်းလျှောက်ပွဲတစ်ခုကိုကျင်းပပြုလုပ်မယ်လို့ သိရပါတယ်။
လမ်းလျှောက်ပွဲကို Manly Wharf ကအစပြုပြီး Manly Surf Club ဘက်အထိလျှောက်ပြီး လူထုစုဝေးပွဲတစ်ခု ပြုလုပ် မယ်ဖြစ်ပါတယ်။ ဒီပွဲကို Tibetans, Falun Gong, Nepalese နဲ့  Uyghurs အုပ်စုတွေပါဝင်ကြပြီး သူတို့ ရဲ့ ရိုးရာယဉ်ကျေးမှုအကများနဲ့ လည်းဖျော်ဖြေမှာဖြစ်ပါတယ်။
Date: Sunday December 13
Time: 1 - 3pm (assemble at Manly Wharf at 12pm)
Location: Manly Wharf and Corso (John Speight) Stage

Monday, November 23, 2009
အားလုံးကို ကျေးဇူးတင်ပါသည်။
နိုဝင်ဘာ လ ၂၁ ရက်နေ့ က ကျောင်းသားတပ်မတော် ရဲ့ (၂၁) နှစ်မြောက်အခမ်းအနား မှာ ၀ိုင်းဝန်းကူညီခဲ့ကြ
သူအားလုံးကို ကျေးဇူးအထူးတင်ရှိပါကြောင်း အားလုံးရဲ့ ကိုယ်စား ဒီနေရာကပြောကြားလိုပါတယ်။
အခမ်းအနားသတင်းကို တော့ မငယ်နိုင်ရဲ့ ဘလော့ဂ်မှာတင်ထားပါတယ်။

Sunday, November 22, 2009
စိမ်း နေ ရင်သတိထား
ရူးကုန်ကြပြီလားမသိပါဘူး
ရန်ကုန်မြို့ ဗိုလ်တထောင် ဘုရားရှိ မြနန်းနွယ်ရုပ်တုကို ညအချိန်တွင် စစ်အာဏာပိုင်များက လာရောက်ပြီး လက်ထိပ် ခတ်လေ့ရှိကြောင်း ကြားသိရသည်။
ဗိုလ်တထောင် ဘုရားရှိ နတ်ရုပ်များထဲမှ အစိမ်းရောင်ဝတ်စုံ ဆင်မြန်းထားသော မြနန်းနွယ်ရုပ်တုကို ည ၁၁ နာရီခန့်တွင် လက်ထိပ် လာခတ်ခြင်း ဖြစ်သည်ဟု အဆိုပါဘုရားအနီး နေထိုင်သူတဦးက ပြောသည်။
“ဘုရားက ည ၁၀ နာရီ ပိတ်တယ်၊ ဘုရားပိတ်ပြီးမှ လာပြီးတော့ လက်ထိပ် လာခတ်တာ၊ မနက် ၆ နာရီ တောင် မထိုးသေးဘူး၊ လာဖြုတ်ပေးတယ်၊ ဘယ်သူမှ မမြင်အောင် လာဖြုတ်တယ်လို့ ထင်တာပဲ၊ အဲဒီလို ညညဆို အစ်မတော် မြနန်းနွယ်နတ်ရုပ်ကို လက်ထိပ် လာခတ်တာ ၄ ရက်ရှိပြီ”ဟု ၎င်းက ဆိုသည်။
ဗိုလ်တထောင်ဘုရားရှိ မြနန်းနွယ်ရုပ်တုအပြင်၊ မင်္ဂလာဒုံ လှော်ကားကန်ထိပ်ရှိ ဘုရားစေတီဝင်းအတွင်းမှ မြနန်းနွယ်ရုပ်တုကိုလည်း ဘုရားရှင်ဘက်သို့လှည့်၍ လက်အုပ်ချီထားသော လက်နှစ်ဘက်ကို ပူးပြီးလက်ထိပ် လာခတ်ကြောင်း လှော်ကားကန်ဝင်းအတွင်းမှ ၀န်ထမ်းမိသားစုများက ပြောသည်။
“တနေ့က မနက်အစောကြီး ဘုရားဝင်းထဲ ဆွမ်းလာကပ်တော့ မြနန်းနွယ်အရုပ်မှာ အရောင်လဲ့လဲ့နဲ့ ဘာလဲ ဆိုပြီး ကြည့်လိုက်တော့မှ လက်ထိပ်ဆိုတာသိလိုက်တယ်၊ ပထမတော့ ကလေးတွေ နောက်တယ်လို့ ထင် လိုက်သေးတာ၊ လက်ထိပ်ကိုကိုင်ကြည့်တော့ လက်ထိပ်က အကောင်းကြီးဆိုတော့လေ တခုခုပဲလို့ သိလိုက်တာ”ဟု အထက်ပါ ၀န်ထမ်း မိသားစုဝင်တဦးက ဆိုသည်။
အဆိုပါ ဘုရားဝင်းအတွင်းရှိ မြနန်းနွယ်ရုပ်တုကို ညတွင်လက်ထိပ်ခတ်ထားပြီး နေ့ခင်းပိုင်းတွင် လက်ထိပ် လာဖြုတ်ပေးလေ့ရှိသည်ကိုတွေ့မြင်ရကြောင်းလည်း ဘုရားဝင်းအနီးတွင် နေထိုင်သူများက ပြောဆိုသည်။
ယခုကဲ့သို့ မြနန်းနွယ်နတ်ရုပ်တုများကို လက်ထိပ်ခတ်ခြင်းမှာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေအား အိပ်မက်ဆိုးပေး သောကြောင့် အပြစ်ပေးသည့်အနေနှင့် ဖြစ်သည်ဟု အစရှိသဖြင့် ရန်ကုန်မြို့ခံများကြားတွင် အမျိုးမျိုးပြောဆို လျက်ရှိကြောင်း သိရသည်။
“ရယ်စရာတော့ကောင်းတယ်၊ ကြားရတာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေကို အစ်မတော်မြနန်းနွယ်က အိပ်မက် ဆိုးပေးလို့ ဆိုပြီး မြနန်းနွယ်ရုပ်တုတွေကို လိုက်ပြီးလက်ထိပ်ခတ်တာလို့လည်း ပြောကြတယ်၊ နောက်တမျိုး ကြားရတာကအိမ်မက်ထဲမှာတဲ့ အစိမ်းရောင်ဝတ်ထားတဲ့ ချောမောလှပတဲ့ အမျိုးသမီးတဦးက ဒေါသ တ ကြီးနဲ့ ခပ်စိမ်းစိမ်းကြည့်လို့တဲ့ ပြောတယ်၊ ပါးစပ်ကလည်းပြောတယ်တဲ့ အဲဒါနဲ့ မြနန်းနွယ်ရုပ်တုကို လာပြီး လက်ထိပ်ခတ်လိုက်တာလို့လည်း ပြောကြတယ်”ဟု ရန်ကုန်မြို့ခံတဦးက ပြောသည်။
ရန်ကုန်မြို့မှ ကုန်သည်ကြီးတဦးကလည်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေမိသားစုကို အစိမ်းရောင်ဝတ်ထားသော အမျိုးသမီးကဒုက္ခပေးလိမ့်မည်ဟု ဗေဒင်ဟောသောကြောင့် ယတြာချေသည့်အနေဖြင့် အစိမ်းရောင် မြနန်း နွယ်ရုပ်တုများအားလိုက်လံပြီး လက်ထိပ်ခတ်ဖမ်းဆီးနေခြင်းဖြစ်သည်ဟုကြားသိရကြောင်း ပြောဆိုသည်။
“ဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့ မိသားစုဝင်တွေကို အစိမ်းရောင်ဝတ်ထားတဲ့အမျိုးသမီးတဦးက ဒုက္ခပေးလိမ့် မယ်၊ အဲဒီအမျိုးသမီးကြောင့် အရှက်ကွဲမယ်၊အာဏာစွန့်ရမယ်လို့ ဗေဒင်ကဟောလို့ အစိမ်းရောင် အမြဲဝတ် တဲ့ မြနန်းနွယ်ကို ဦးအောင်လက်ထိပ်ခတ်ပြီး ဖမ်းလိုက်တာလို့လည်း ပြောကြတယ်၊ အမျိုးမျိုး ပြောနေကြ တာပဲ၊ ဘယ်ဟာ အမှန်လဲတော့မသိဘူး”ဟု ယင်း ကုန်သည်ကြီးက ဆိုသည်။
ထို သိုက်နန်းရှင် မြနန်းနွယ်မှာ သာသနာပြုလုပ်ငန်းများကို လုပ်ကိုင်နေခြင်းဖြစ်ပြီး လူယောင်ဖန်ဆင်း၍ သွားလာတတ်ကာ ဘုရားတည်၊ ကျောင်းဆောက် စသည့် သာသနာပြုလုပ်ငန်းများကို လုပ်ကိုင်သောကြောင့်ကိုးကွယ်သူများပြားကြောင်း သိရှိရသည်။
“မြနန်းနွယ်က ဒီအစိုးရခေတ်မှာ ထင်ရှားလာတဲ့ သိုက်နန်းရှင်ပဲ၊ ၁၉၈၉ နောက်ပိုင်းလောက်မှာ မြနန်းနွယ် ဆိုပြီး အစိမ်းရောင်ဝတ်ထားတဲ့ အမျိုးသမီးတယောက် မြန်မာပြည်အနှံ့သွားပြီး ဘုရားတည်နေတယ် ဆိုတဲ့ သတင်းတွေ ပြန့်လာတယ်၊ သိပ်မကြာခင် သူတည်တဲ့ ဘုရားတွေမှာသူ့ ရုပ်တုတွေ ပေါ်လာတာပဲ၊ အစိုးရ ကလည်း ဒါကို သိတယ်၊ မြနန်းနွယ်အိပ်မက်ပေးလို့ဆိုပြီး ဘုရားတွေမှာ သူ့ရုပ်တုတွေ ထည့်တာကို ခွင့်ပြု ပေးခဲ့တယ်၊ ခုတော့ အိပ်မက်ဆိုးပေးလို့ဆိုပြီး ရုပ်တုတွေကို လက်ထိပ်ခတ်တာ”ဟု အစိုးရ အရာရှိကြီး တဦး ကလည်း ပြောဆိုသည်။

Thursday, November 5, 2009
Wednesday, November 4, 2009
ကျောင်းသားတပ်မတော် (၂၁) နှစ်မြောက် အထိမ်းအမှတ် အခမ်းအနား Sydney တွင်ကျင်းပမည်၊
မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF) ကို ၁၉၈၈ နိုဝင်ဘာလ (၁) ရက်နေ့ တွင် ထိုင်း-မြန်မာ နယ်စပ်မှာ ဖွဲ့ စည်းတည်ထောင်ပြီး စစ်အာဏာရှင်စနစ် ကို ဆန့် ကျင်တော်လှန်ခဲ့ကြတာ အခုဆိုရင် (၂၁)နှစ်ပြည့်ခဲ့ပြီဖြစ်တယ်။
ကျောင်းသားတပ်မတော် (၂၁) နှစ်မြောက်အထိမ်းအမှတ် နဲ့  ရံပုံငွေရှာဖွေပွဲ အခမ်းအနားတစ်ခုကို ဆစ်ဒနီ မှာ ကျင်းပပြုလုပ်ဘို့  ကျွန်တော်တို့  စီစဉ်နေပါတယ်။ အခမ်းအနားမှာ မ၊က၊ဒ၊တ ဥက္ကဌ ရဲဘော်သံခဲ ရဲ့  အမှာစကား၊ ကျောင်းသားတပ်မတော်မှတ်တမ်းတင် ဗီဒီယို၊ဓါတ်ပုံများ၊ တိုက်ပွဲဝင်တေးသီချင်းများနဲ့  ဖျော်ဖြေမှု အစီအစဉ်များပါဝင်မှာဖြစ်ပါတယ်။ မြန်မာအစားအစာမျိုးစုံကိုလည်ရောင်းချသွားမှာဖြစ်တယ်။ Netbook အသစ်တစ်လုံးကိုလည်း Raffel မဲဖောက်ပေးဘို့ ရှိပါတယ်။
နေ့ ရက်။ နိုဝင်ဘာလ (၂၁) ရက် စနေနေ့ 
အချိန်။ ညနေ ၆ နာရီ မှ ည ၁၁ နာရီအထိ
နေရာ။ Ukarainian Hall, 59 Joseph Street, Lidcombe NSW
လက်မှတ်များကို တစ်စောင်လျင် $၁၀ နှုံး နဲ့  ရောင်းချနေပြီဖြစ်ပါတယ်။

Monday, November 2, 2009
Sunday, November 1, 2009
Wednesday, October 28, 2009
Monday, October 26, 2009
Saturday, October 24, 2009
Friday, October 23, 2009
ABSDF အဖြစ် ထောင်ဒဏ် ၃၈နှစ်ခဵခံရသူ ၇ ဦးကို နောက်တိုး ၃မှုနဲႛ တရားထပ်စွဲ
ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF ရဲ့ ဗဟိုကော်မတီဝင်တွေဆိုကာ
ဖောက်ခွဲရေးပုဒ်မတွေနဲ့ ပြည်မြို့တရားရုံးကနေ ၂၀၀၈ ခုနှစ်တုန်းက ထောင်ဒဏ် ၃၈ နှစ်ချခံထားရသူ
၇ ဦးကို နောက်ထပ် အမှုသုံးခုနဲႛ ထပ်ပြီး တရားစွဲဖို့ဆိုပြီး အခု အင်းစိန်ထောင်ကို ပြောင်းရွေႚထားတယ်လိုႛ သိရပၝတယ်။
ကိုအေးမင်းနိုင်၊ ကိုဇော်လင်း၊ ကိုကေဵာ်ဇင်ဦး၊ ကိုကေဵာ်စွာလင်း၊ ကိုထက်ကိုလွင်၊ မစန်းစန်းမော် နဲႛ ေဒၞခင္ရီတိုႛ ဖြစ်ပြီး သူတိုႛကို ပြည်မြိုႚမှာ စီရင္ခဵက္ခဵကာ သာယာဝတီေထာင္မွာ အကဵဥ္းခဵထားရာကေန ခုလို ရန္ကုန္ေထာင္ကို ေ႟ၿႛလိုက္ရတာ ဖြစ်ပၝတယ်။
အပြည့်အစုံကို .. . ..

Thursday, October 22, 2009
Tuesday, October 20, 2009
“မင်းကိုနိုင် (သို့မဟုတ်) ပေါ်ဦးထွန်း ပုံရိပ်”
သူ့အနေနဲ့ နိုင်ငံရေးကို တသက်လုံး လုပ်ဖို့ မရှိဘူး။ ကျွန်တော်တို့ တိုင်းပြည် မှန်ကန်တဲ့ လမ်းကြောင်းမှာ ရောက်နေပြီဆိုရင် အနားယူပြီး အနုပညာအလုပ်တွေနဲ့ ဘ၀ကို အချိန်ကုန်ချင်တယ်ဆိုတဲ့ အကြောင်းကို ပြောပါတယ်။ ကျွန်တော်လည်း သူပြောတာကို သဘောတူလက်ခံပါတယ်ဆိုတဲ့ အကြောင်းပြောပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်း လုပ်သင့်လုပ်ထိုက်လို့ ကာလတခုကို ၀င်ပြီး နိုင်သလောက် ထမ်းကြည့်တာ။ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ အေးအေးဆေးဆေး ဖြစ်ရင်တော့ ဘ၀မှာ ဒိပြင် ကိုယ်ဝါသနာပါရာ၊ ပျော်မွေ့ရာနဲ့ ဖြတ်သန်းနေထိုင်မှာပါပဲလို့ ကျွန်တော်ကဆိုတော့၊ သူက “ဟုတ်ပြီးဗျာ၊ ခင်ဗျားက ကျွန်တော့်ရဲ့ သက်သေနော်။ ကျွန်တော်တချိန်ရောက်လို့ နားချင်ပြီလို့ ကျွန်တော်ပြောတဲ့အခါ၊ ကန့်ကွက်သူတွေ ရှိရင်၊ ခင်ဗျားက သက်သေလိုက်ပေးနော်” လို့ သူက ၀မ်းသာအားရ ပြောခဲ့တယ်။
Min Ko Naing
Min Ko Naing
Sunday, October 18, 2009
Friday, October 16, 2009
Thursday, October 15, 2009
Wednesday, October 14, 2009
ဖိတ်ကြားအပ်ပါသည်
ဆစ်ဒနီရောက် မျိုးချစ် မြန်မာအမျိုးသမီးများ သို.
Janelle Saffin (federal Member of Parliament for Page) invites all Women of Australia to
Gather for democracy in support of Aung San Suu Kyi and the people of Burma.
Date: Tuesday 27th October 2009
Time: 12:15 arrival, 12:30-12:45pm event
Where: the forecourt, Sydney Opera House
Join Janelle Saffin, Therese Rein (wife to the Prime Minister) and Lucy Turnbull (wife to the Leader of the Opposition) and other women at the Opera House to show your support for Daw Aung San Suu Kyi and the people of Burma.
This event is supported by the Prime Minister- Kevin Rudd
Please share this invitation with women from Burma and other woman in Australia.
RSVP at http://www.janellesaffin.com.au/register
Event hotlines: 0427 511 224 and 0410 686 000
For more information go to http://www.janellesaffin.com.au/stand-for-freedom

Tuesday, October 13, 2009
သားအတွက် သတင်းမေးသွားသူ ဖခင်ကို ရဲက ရိုက်နှက်လို့ သေဆုံး
မဇ္ဈိမ(ချင်းမိုင်) ။ ။ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး လက်မှတ်ထိုး ကန်ပိန်းလှုပ်ရှားသော သားငယ် ဖမ်းဆီးခံထားရ၍ သတင်းသွားမေးသူ ဖခင်ကို ရဲက ရိုက်နှက်၍ သေဆုံးမှုတခု မြောက်ဥက္ကလာပ မြို့နယ်တွင် ဖြစ်ပွားခဲ့ကြောင်း သေသူ၏ မိသားစုဝင်များက ပြောသည်။
ရန်ကုန်တိုင်း မြောက်ဥက္ကလာပမြို့နယ်ရဲစခန်းတွင် ဖမ်းခံထားရသူ မောင်သက်ဦးမောင်အတွက် သွားရောက်စုံစမ်းသူ အမှတ် ၂ ရပ်ကွက်နေ ဦးကျော့မောင် (အသက် ၅၆ နှစ်)ကို ရဲတပ်သား ပန်းသီးနှင့် ရယက ရာအိမ်မှူးဟောင်း ကိုဝင်းချိုတို့က သုမာလာလမ်းဆုံအနီးတွင် အောက်တိုဘာလ ၈ ရက်နေ့ မွန်းလွဲတွင် ဝိုင်းရိုက်ခဲ့ရာမှ သေဆုံး သွားခဲ့ခြင်း ဖြစ်သည်ဟု မိသားစုဝင်က ပြောသည်။
မြို့နယ်အတွင်း ဟိုလေးတကြော် ဖြစ်နေသည့် အခင်းဖြစ်ပွားမှုနှင့် ပတ်သက်၍ သေသူ၏မိသားစုနှင့် ရင်းနှီးသူ တရပ်ကွက်ထဲနေ မျက်မြင်တဦးက “သုမာလာ လမ်းဆုံနား ရောက်တော့ ကိုဝင်းချိုနဲ့ ရဲက လက်ထိပ်ခတ်လိုက်တယ်။သူက (ဦးကျော့မောင်က) ဘာလို့ လက်ထိပ်ခတ်တာလဲလို့ ပြောတော့။ ရဲက အမှတ်တမဲ့ ပါးစပ်ကို ထိုးချလိုက်တော့ ပစ်လဲသွားတယ်။ နောက် လည်ပင်းကို တက်နင်း တယ်။ ဗိုက်ကိုကန်လိုက်တော့ သတိလစ်သွားတယ်။ ဆံပင်ကို ကောက်ဆွဲပြီးတော့ လွှဲချလိုက် တယ်။ ခေါင်း ကို ကတ္တရာလမ်းနဲ့ စောင့်ရိုက်သလို ဖြစ်သွားတယ်” ဟုပြောသည်။
အပြည့်အစုံကို . . .

Monday, October 12, 2009
Sunday, October 11, 2009
ဒေါ်အောင်ဆန်းစုကြည် အနောက်တိုင်းသံတမန်တွေနဲ့ တွေ့ဆုံ
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ၉။၁၀။၂၀၀၉ က အမေရိကန် ပြည်ထောင်စု၊ ဗြိတိန်နဲ့ သြစတြေးလျ နိုင်ငံ သံအရာရှိတွေကို ရန်ကုန်မြို့က မြန်မာအစိုးရ ဧည့်ဂေဟာမှာ တွေ့ဆုံခဲ့ပါတယ်။ မြန်မာနိုင်ငံအပေါ် အနောက်နိုင်ငံ တွေရဲ့ အရေးယူ ပိတ်ဆို့ ဒဏ်ခတ်မှုတွေနဲ့ ပတ်သက်ပြီး ပူးပေါင်း ဆောင်ရွက်နိုင်ရေးအတွက် သတင်း အချက်အလက်တွေ ရယူဖို့ ဒေါ်အောင်ဆန်းစုကြည် ဘက်က တောင်းဆိုချက်အတိုင်း စစ်အစိုးရ က ဒီလိုတွေ့ဆုံနိုင်အောင် စီစဉ်ပေးခဲ့တာ ဖြစ်ပါတယ်။
သောုကာနေ့ ၁၀ နာရီက အမေရိကန်သံရုံး ယာယီတာဝန်ခံ သောမတ်စ် ဗက်တာ (Thomas Vajta)၊ ဥရောပ နိုင်ငံတွေ ကိုယ်စား မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ်ကြီး အင်န်ဒရူးဟိန်း (Andrew Heyn)၊ သြစတြေးလျနိုင်ငံ ယာယီ သံရုံး တာဝန်ခံ ဒု သံအမတ်ကြီး ဆိုင်မွန် ခရစ်တိုဘာ စတား (Simon Christopher Starr) တို့ စိမ်းလဲ့ကန်သာ ဧည့်ဂေဟာမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တနာရီကျော်ကြာ တွေ့ဆုံခဲ့ကြပါတယ်။ ဒီလိုတွေ့ဆုံတဲ့အချိန်မှာ မြန်မာစစ်အစိုးရ အရာရှိတွေ လည်း တွေ့ဆုံချိန်မှာ ရှိနေခဲ့ပါတယ်။
မြန်မာနိုင်ငံအပေါ် အနောက်နိုင်ငံတွေရဲ့ ပိတ်ဆို့အရေးယူမှုတွေ ပြဋ္ဌာန်းထားတဲ့ ကိစ္စတွေနဲ့ပတ်သက်လို့ အဓိက ဆွေးနွေး ကြတာ ဖြစ်တယ်လို့ ဗြိတိန်နဲ့ အမေရိကန် သံရုံး ပြောရေးဆိုခွင့် ရှိသူတွေက ဗွီအိုအေကို ပြောပါတယ်။ နေ့ခင်းပိုင်းမှာ သံရုံးအရာရှိတွေ အဲန်အယ်လ်ဒီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို သွားပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံ ဆွေးနွေးခဲ့တာ တွေကို ရှင်းပြခဲ့ပါတယ်။ အဲန်အယ်လ်ဒီ ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်း က ဒီကိစ္စကို အခုလို ပြောပါတယ်။
"မနက် ၁၀ နာရီကနေ ၁၁ နာရီအထိကို သံအမတ်ကြီးတွေနဲ့တွေ့တယ်။ ယူအက်စ် ရယ်၊ သြစတြေးလျရယ်၊ ယူကေ ရယ်။ အဲဒါကို ညနေပိုင်းမှာ ကျနော်တို့ဆီကို လာရောက်ရှင်းပြပါတယ်။ အဲဒီသံမှူးကြီးတွေက။ အဓိက ကတော့ သူတို့ ရှင်းပြတဲ့ အသေးစိတ်တော့ ကျနော်တို့ ပြောလို့မရသေးပါဘူး။ ပြောနိုင်တာကတော့ ကျနော်တို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့စာမှာ ပါတဲ့ အချက် ၃ ချက်ပေါ့နော်။ ဘယ်လို sanction တွေလဲ၊ ဘယ်လောက် ထိတာလဲ၊ consequences (နောက်ဆက်တွဲ အကျိုးသက်ရောက်မှု) တွေက ဘာတွေလဲ။ အဲဒီအချက်အလက်တွေနဲ့ ပတ်သက်ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်က မေတ္တာ ရပ်ခံတယ်။ သူတို့ကလည်း အဲဒီအချက်အလက်တွေ ရဖို့ အစွမ်းကုန် ဆောင်ရွက်ပေးပါ့မယ်လို့ သူတို့ ကတိ ပေးခဲ့ကြ တယ်။ အဓိက က အဲဒါပါပဲ။"
ဒီလို မြန်မာနိုင်ငံအပေါ် အနောက်နိုင်ငံတွေရဲ့ အရေးယူ ပိတ်ဆို့မှုတွေနဲ့ ပတ်သက်ပြီး တွေ့ဆုံဆွေးနွေးပွဲကို နောက်တကြိမ် ထပ်ပြီး ကျင်းပနိုင်မယ်လို့ သံရုံးအရာရှိတွေဘက်က မျှော်လင့်တဲ့အကြောင်း ဦးဉာဏ်ဝင်းက ပြောပါတယ်။ ဒီလို ထိတွေ့ ဆက်ဆံမှု တွေ့ဆုံမှုတွေက တိုင်းပြည်အတွက် ပြည်သူတွေအတွက် အကျိုးရှိမယ်လို့ အဲန်အယ်လ်ဒီ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က သတ်မှတ်ထားပါတယ်။

Tuesday, October 6, 2009
အန်ဂျီအို ဆိုတဲ့ အစိုးမရ
ဆောင်းရာသီရောက်ရင် မဲဆောက်မြို့ကို နိုင်ငံခြားသားပညာရှင်တွေ၊ အလွတ်သတင်းထောက်တွေ၊ သာသနာပြုတွေ၊ ရန်ပုံငွေရှာသူတွေ ဖုံးလွှမ်းသွားတတ်ပါတယ်။ တည်းခိုခန်းတွေ၊ ဟိုတယ်ခန်းတွေ မအားတော့သလို အနောက်တိုင်း စားသောက်ဆိုင်တွေ၊ အနောက်တိုင်း ကော်ဖီဆိုင်တွေ ဘားဆိုင်တွေလည်း ပြည့်ကုန်ပါတယ်။ ဒုက္ခသည်စခန်း၊ မယ်တော်ဆေးခန်း၊ (အကျဉ်းသားကူညီရေးအဖွဲ့တို့လို) တက်ကြွလှုပ်ရှားသူတွေဆီ မဖြစ်မနေသွားကြလို့ ချောင်းပေါက်မတတ် ဖြစ်ရပါတယ်။ တိုင်းတပါးသား ကူညီကယ်ဆယ်ရေးအဖွဲ့သားတွေ၊ မြန်မာ့အရေး သို့မဟုတ် လူသားချင်းစာနာရေး တက်ကြွလှုပ်ရှားသူတွေ၊ စေတနာ့ဝန်ထမ်းသမားတွေ၊ စွန့်စွန့်စားစား ကြမ်းကြမ်းတမ်းတမ်း ဝါသနာပါသူတွေဟာ အနောက်တိုင်းအကြိုက် ကော်ဖီဆိုင် ဘားဆိုင်တွေထိုင်ရင်း ခေါင်းဖြတ်လူသတ်မှုတွေအကြောင်း၊ ဒုက္ခသည်စခန်းရန်ပုံငွေတွေ ဘုံးခံရတဲ့အကြောင်း၊ နအဖ-ထိုင်း-စီအိုင်အေ ထောက်လှမ်းရေးတွေအကြောင်း၊ မိုက်ကြေးခွဲငွေညှစ်မှု၊ လောင်းကစားမှု၊ လက်နက်ခဲယမ်း မူးယစ်ဆေးဝါး ပြည့်တန်ဆာနဲ့ လိင်မှုကိစ္စ အကြံအဖန်ရိုက် ခြစားမှုတွေအကြောင်း တယောက်ထက် တယောက်သာအောင် ကြောက်စရာအကောင်းဆုံး အဆိုးဆုံးဖြစ်ရပ်တွေကို ဖောက်သည်ချကြပါတယ်။
အပြည့်အစုံကို . . .
အပြည့်အစုံကို . . .
ဗိုလ်ချုပ်မှူးကြီးသန်းရွှေအား ဗုဒ္ဓဘာသာဝင်အဖြစ်မှ ထုတ်ပယ်ကာ မိစ္ဆာဒိဋ္ဌိအဖြစ် သံဃာ့တပ်ပေါင်းစု သတ်မှတ်
မြန်မာနိုင်ငံတွင် တာဝန်အရှိဆုံး ဦးသန်းရွှေအား ဗုဒ္ဓဘာသာအဖြစ်မှ ထုတ်ပယ်ကာ သာသနာဖျက် မိစ္ဆာဒိဋ္ဌိအဖြစ် သတ်မှတ်လိုက်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစုအဖွဲ့ကြီးက အောက်တိုဘာ (၅) ရက် ယနေ့ နေ့စွဲဖြင့် ကြေညာချက်တစောင် ထုတ်ပြန်လိုက်သည်။
ကြေညာချက်တွင် ယခုလ (၃) ရက်၊ သီတင်းကျွတ်လပြည့် ပ၀ါရဏာနေ့တွင် ပြည်တွင်းပြည်ပ သိမ်အသီးသီး၌ တတိယအကြိမ် ပတ္တနိက္ကုဇ္ဇနကမ္မ၀ါစာ ရွတ်ဆိုကာ အောင်မြင်စွာ သပိတ်မှောက်နိုင်ခဲ့ကြောင်းလည်း မြန်မာနိုင်ငံလုံးဆိုင်ရာ ရဟန်းပျိုသမဂ္ဂနှင့် သံဃာသာမဂ္ဂီအဖွဲ့တို့က တင်ပြထားသည်။
ယင်းသို့ တတိယအကြိမ် သပိတ်မှောက်ကံဆောင်နိုင်ခဲ့သော်လည်း သံဃာတော်များ တောင်းဆိုထားသည့်အချက်ကို နအဖစစ်အုပ်စုတွင် တာဝန်အရှိဆုံးဖြစ်သည့် ဦးသန်းရွှေက မလိုက်နာသည့်အပြင် သံဃာတော်များအား ဆက်လက်ဖမ်းဆီး၊ ထောင်ချ၊ နှိပ်စက်၊ ညှဉ်းပန်းသတ်ဖြတ်နေသည့်အတွက် ဦးသန်းရွှေ၊ ဒေါ်ကြိုင်ကြိုင်နှင့် ၎င်း၏မိသားစုတစုလုံးအား ဗုဒ္ဓဘာသာအဖြစ်မှ ထုတ်ပယ်လိုက်ကြောင်း၊ ဦးသန်းရွှေအား သာသနာကို ဖျက်ဆီးနေသည့် မိစ္ဆာဒိဋ္ဌိအဖြစ် သတ်မှတ်လိုက်ကြောင်း၊ ဦးသန်းရွှေသည် ဗုဒ္ဓဘာသာဝင်မှန်ပါက သံဃာတော်များ တောင်းဆိုချက်ကို လိုက်နာရမည်ဖြစ်ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။

Monday, October 5, 2009
Friday, October 2, 2009
အရှင်ဆန္ဒာဓိက
အရှင်ဆန္ဒာဓိက (ခ) ကိုညီညီစံကို စစ်ကြောရေးစခန်းတွင် ရိုက်နှက်ထားသည့် ဒဏ်ကြောင့် အူကျသည့် ဝေဒနာကို ခံစားနေရသည်။ စစ်ကြောရေးစခန်းမှ ရဲအုပ် ကျော်စိန်နှင့် ဒုရဲအုပ် ပြည်ခိုင်ဇော်တို့က ရိုက်နှက်ခဲ့ခြင်းဖြစ်ကြောင်း (၂၇) ရက်နေ့ တိုင်းတရားရုံတွင် ရုံးထုတ်သည့်နေ့က မိသားစုဝင်များကို အရှင်ဆန္ဒာဓိက က ပြောသည်။ “ဝါးစိမ်းတုတ်နဲ့ ရိုက်တာ အရိုးတွေ ကျိုးသွားတဲ့အထိ ရိုက်တာလို့ပြောတယ်၊ အဲဒီဒဏ်တွေကြောင့် အူကျတာတွေ ဖြစ်နေတယ်၊ လောလောဆယ် ထောင်ဆေးရုံမှာ ပြနေရတယ်” ဟု မိသားစုဝင်တဦးက ပြောသည်။ အာဏာပိုင်များက စစ်ကြောရေးစခန်းတွင် ရိုက်နှက်ကာ ဓါတ်ဆီလောင်း မီးရှို့ဆန္ဒပြရန် ကြံစည်ကြောင်း အတင်းကြပ် ထွက်ဆိုခိုင်းကြောင်း ၎င်းက ဆက်ပြောသည်။ အရှင်ဆန္ဒာဓိကကို အာဏာပိုင်များက ဒေါ်အောင်ဆန်းစုကြည် အမိန့်ချမှတ်ခံရသည့် ယခုလ (၁၁) ရက်နေ့က အင်းစိန်ထောင်ရှေ့ သွားရောက်ကြားနာပြီး အပြန်တွင် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ အရှင်ဆန္ဒာဓိက အဖမ်းခံရခြင်းနှင့်ပတ်သက်၍ “ဒေါ်အောင်ဆန်းစုကြည်ကို အင်းစိန်ရုံးထုတ်မှာ ဘယ်လိုအမိန့်ချမလဲဆိုတာ သွားနားထောင်ခဲ့တယ်၊ နောက်တော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးဘက်ကို လာပြီး သူ့ဒကာ၊ ဒကာမတွေကို နှုတ်ဆက်ပြီးတော့ ပြန်တဲ့အချိန်မှာ ကားအဖြူလေးနဲ့ လူသုံးယောက်က ဦးဇင်းကို အအေးကပ်ချင်လို့ဆိုတော့ ဦးဇင်းကလည်း ငါဘုန်းပေးတာ ပြည့်စုံပြီတဲ့၊ မလိုတော့ပါဘူးဆိုပြီး ပြောတာကို ဦးဇင်းကို ပြောစရာရှိလို့ပါတဲ့၊ မေးစရာလေးရှိလို့ပါဆိုပြီး ခေါ်သွားတာ” ဟု မိသားစုဝင်က ပြောသည်။ ယခုလက်ရှိ အရှင်ဆန္ဒာဓိကကို အင်းစိန်ထောင် အဆောင် (၃) အခန်း (၁) တွင် လူဝတ်လဲထားကာ သာသနာတော် ညှိုးနွမ်းစေသည့် ပုဒ်မဖြင့် ဒုရဲအုပ် ဇော်ဖုန်းဝင်းက တရားလိုပြုလုပ်ကာ တရားစွဲထားပြီး နောက်လ (၃) ရက်နေ့တွင် ရုံးချိန်း ထပ်မံချိန်းဆိုထားသည်။
http://www.yoma3.org/မှကူးယူဖေါ်ပြသည်
သာသနာတော်ကို လေးစားမြတ်နိုးသူတိုင်း အမြန်ဖြန်.ဝေပါ ......
အရှင်ဆန္ဒာဓိက (ခ) ကိုညီညီစံ(တစ်ခြားသူမဟုတ်ပါကျွန်တော်တို့လေးစားရသောဆရာတော်တစ်ပါးဖြစ်ပါတယ်)

Thursday, October 1, 2009
Wednesday, September 30, 2009
ဖိနပ်စာ မိသူများကို အစိုးရအဖွဲ့ တွင်းမထားတော့ ဟုသတင်းထွက်ပေါ်
၂၉ စက်တင်ဘာ နေပြည်တော် ၊ ၊ညွန့် သက်ထားဦး
Updated ..09 .30 .2009
UN General Assemblyဖိနပ်စာမိ၍ နာမ်နှိမ်သွားသည့် ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန် နှင့် နိုင်ငံခြားရေးဝန်ကြီး ဦးဥာဏ်ဝင်း တို့ အား အစိုးရ အဖွဲ့ တွင်းမှ ထုတ် ပစ် မည် ဟု နေပြည်တော် အစိုးရ ၀န်ကြီးများ သတင်းရပ်
ကွက် တွင် သတင်းထွက် ပေါ်နေသည်။
ယမန်နေ့ က နယူးယောက်ရှိ ကုလ အထွေထွေ ညီလာခံ သို့ တက်ရောက်ရန် တည်းခိုရာ ဟိုတယ်
မှ အထွက် မြန်မာ့ ဒီမိုကရေစီ လှုပ်ရှားသူများ၏ ဆန့် ကျင်ကန့် ကွက် ခြင်းအပြင် ဖိနပ်ဖြစ်ပစ်ပေါက်
၍ ရှုံချခံရသည့် နအဖ စစ်အစိုးရ အဖွဲ့ မှ ၀န်ကြီးချုပ် နှင့် နိုင်ငံခြားရေးဝန်ကြီးကို နေပြည်တော် သို့ 
ပြန်ရောက်ပါ က ရာထူးမှ ဖယ်ရှားပစ် မည် ဟု သတင်းရရှိသည်။
စနေနံ ဖိနပ် ထိခြင်းသည် မြန်မာ မှု ဓလေ့ ထုံးစံအရ ကံ နှင့် နာမ် အလွန်ပင် နိမ့်ကျကြောင်း နေပြည်
တော် မှ ညွှန်ကြားရေးမှုး တစ်ဦးက Freedom News Group သို့ ပြောသည်။
ယခုကဲ့သို့ အင်္ဂ၀ိဇ္ဇာနည်းအရ နာမ်နှိမ် သွားသည့် သူများကို အစိုးရ အဖွဲ့ အတွင်းထားပါ က အစိုးရ
အဖွဲ့ အတွင်းအကွဲ အပြဲများဖြစ်ပြီး ပြုတ်ကျနိုင်သည် ဟု အင်္ဂ၀ဇ္ဇာ နှင့် ဗေဒင် တတ်ကြွမ်းသူများ ၏
သုံးသပ် ချက်များ လည်း ယနေ့ နေပြည်တော် တွင် ပေါ်ထွက် နေသည်။
အတည်မပြုနိုင်သေးသည့် စုံစမ်းရရှိသော သတင်းတစ်ရပ် အရ ၀န်ကြီးချုပ် ဦးသိန်းစိန် နှင့် နိုင်ငံခြား
ရေးဝန်ကြီး ဦးဥာဏ်ဝင်းတို့ အား အပြန်တွင် နေပြည်တော် သို့ တိုက်ရိုက်ဝင်ခွင့် မပြုပဲ ရန်ကုန် တွင်
တစ်ထောက်နားပြီး ဟူးရာ ဗေဒင် ဆရာများ ဖြင့် ကံပွင့် အောင် စီမံ ဆောင် ရွက်ပြီးမှ နေပြည်တော်
သို့ ဝင်ရောက် ခွင့် ပြုမည် ဟု သတင်းရရှိသည်။
ကမ္ဘာ့ သမိုင်းတွင် လည်း ဆူဟာတို ၊ ကျန်ဇီမင်း ၊ပီနိုရှေး စသည့် အာဏာရှင်များမှာ ဖိနပ်ဖြင့် ပစ်
ပေါက်ခံရပြီးနောက် အာဏာလက်လွှတ်ခဲ့ရသည်။
အမေရိကန် သမ္မတ ဟောင်း ဂျော့ရှ်ဘုရှ်သည် ဒုတိယ သမ္မတ သက်တမ်း ကုန်ဆုံးရန် လပိုင်း အလို
တွင် အီရတ် နိုင်ငံ၌ ဖိနပ် ဖြင့် အပေါက်ခံခဲ့ရသည်။ ၎င်း အားဖိနပ် ထိမှန်ပြီး ရက်ပိုင်း အတွင်းမှာပင်
အမေရိကန် စီးပွားရေးပျက်ကပ် စသည်။

Tuesday, September 29, 2009
Monday, September 28, 2009
Sunday, September 27, 2009
Saturday, September 26, 2009
ရွှေဝါရောင် တော်လှန်ရေးထဲမှာ …
၂၀၀၇၊ စက်တင်ဘာ ၂၆
နေ့လယ် ၁၂ နာရီ ၀န်းကျင် အချိန်
ရန်ကုန်မြို့၊ ရွှေတိဂုံဘုရား။
ရွှေတိဂုံဘုရားအရှေ့ ဘက်မုခ်သို့ ရောက်ရှိသွားချိန်တွင် ယူနီဖောင်း အပြည့်အစုံဝတ်ပြီး လက်နက်များ၊ ဒိုင်းများ ကိုင်ဆောင်ထားသော လုံထိန်းများနှင့် စစ်သားများက သံဃာတော် များအား တားမြစ်နေသည်ကို မြင်တွေ့ရသည်။
အရှေ့ဘက်မုခ်မှဆိုင်ခန်းများရှေ့တွင်ရပ်ကြည့်နေကြသော လူအုပ်ကြီးကလည်း အခြေအနေကို စောင့် ကြည့် နေဆဲ၊ သံယာတော်များက သံဆူးကြိုး ဘယ်ရီများဖြင့် ပိတ်ထားသော နေရာထိပ်နားမှာပင် ရွှေတိဂုံ စေတီ ဘက်သို့ မျက်နှာမူထိုင်ကာ စတင်ဘုရားရှိခိုးတော့သည်။
ထိုဘုရားရှိခိုးသံများ မဆုံးမီပင် ရွှီးခနဲအသံတသံကြားလိုက်ရပြီးရှေ့ထိပ်မှ သံဃာများကို လုံထိန်းများက လက်ကိုင်တုတ်များဖြင့် တခွပ်ခွပ်နှင့် စတင်ရိုက်နှက်သံကို ကြားလိုက်ရသည်။
ထို့နောက် ရွီးခနဲနောက်တသံကို ကြားလိုက်ရစဉ် ကိုယ့်မျက်နှာသည် ဖြန်းခနဲ မီးနှင့်ပက်ခံလိုက်ရသလို ပူ လောင်သွားသည်။ ထိုစဉ် လက်တဘက်က လက်ကောက်ဝတ်ကို လာဆွဲခေါ်သည်ကို သိလိုက်ပြီးအားတင်း ကာ မျက်လုံးဖွင့်လိုက်သော်လည်း အပြာရောင် လွင်ပြင်ကြီးမှ အပ ဘာကိုမှ မမြင်ရတော့။

အကျဉ်းထောင်တံခါးများ ပွင့်သော်လည်း
ပြုံးပျော်နေကြတဲ့ အကျဉ်းသားတွေထဲမှာ အမျိုးသမီးကြီးတဦးက တည်ကြည်တဲ့ မျက်နှာထားနဲ့ ပတ်ဝန်းကျင် ကိုလည်း ဂရုမပြုဘဲ ပါးစပ်က တစုံတခုကို တတွတ်တွတ် ရွတ်ဆိုနေတယ်။ သေသေချာချာ နားထောင် ကြည့်လိုက်တော့ သူ့ရဲ့နှုတ်က ရွတ်ဆိုနေတာက မေတ္တာပို့ ဆုတောင်းသံပါ။
သူ့ရဲ့မျက်ဝန်းတွေက ဖျော့တော့နေပြီး အင်အားချိနဲ့နေပုံရပါတယ်။ အစိမ်းရောင် ကွက်ကျား နွမ်းဖတ်ဖတ် ချည်ထည်အင်္ကျီ လက်ရှည်ကို ၀တ်ဆင်ထားပြီး မျက်နှာက ဇရာရဲ့ ထုထောင်းမှုတွေကြောင့် အရေး အကြောင်းတွေ ထနေတယ်။ လွတ်ငြိမ်းချမ်းသာခွင့်ရမယ့် အကျဉ်းသားတွေထဲမှာ သူက အသက် အကြီးဆုံးလို့ ဆိုရင်လည်း မမှားနိုင်ပါဘူး။
သူ့ရဲ့ အသက်က ၇၃ နှစ်ရှိနေပါပြီ။ ဒီလောက် အသက်အရွယ် ကြီးရင့်နေပြီဖြစ်တဲ့ အမယ်အိုကြီး တယောက် ဘာပြစ်မှုကြောင့် ထောင်ဒဏ် ကျခံနေရတာလဲဆိုတဲ့ မေးခွန်းရဲ့ အဖြေကို အားလုံးက သိချင်နေကြတယ်။
တကယ်တော့ သူက သူလို၊ ငါလို သာမန် လူသားတဦးမဟုတ်ပါဘူး။ သီလရှင် ကြီးတပါးဖြစ်ပြီး စစ်အာဏာရှင် တွေကို ရဟန်းရှင်လူ ပြည်သူလူထု ပူးပေါင်းအာခံခဲ့ကြတဲ့ ၂၀၀၇ ရွှေဝါရောင် တော်လှန်ရေး အတွင်းမှာ မတရား ဖမ်းဆီးခံရလို့ ထောင်ဒဏ် ချမှတ်ခံခဲ့ရသူပါ။ သူ့ရဲ့ လူနာမည်က ဒေါ်ဆန်း ဖြစ်ပါတယ်။

ကြယ်တွေ ကြွေနေတဲ့ တိုင်းပြည်
၁၉၈၈ ခု စက်တင်ဘာ ၁၈ ရက် နေ့က အဖြစ်အပျက်တွေကို ပြောလိုက်တာနဲ့ လူတိုင်းမြင်ဖူးပြီးသား ဖြစ်တဲ့ ဓာတ်ပုံ တပုံ အကြောင်း ပြောပြချင်ပါတယ်။
အဲဒီ ဓာတ်ပုံက သေနတ်မှန်ပြီး ဒဏ်ရာရနေတဲ့ အင်္ကျီအဖြူ လုံချည်အစိမ်းနဲ့ ကျောင်းသူလေးကို ဂျူတီကုတ်အဖြူဝတ် ထားတဲ့ ဆရာဝန်နှစ်ဦးက ဆွဲပြေးနေတဲ့ပုံပါ။ ဒီဓာတ်ပုံကိုမမြင်ဘူးတဲ့လူမရှိပါဘူး။ မြင်တဲ့လူတိုင်း ခံပြင်းဒေါသ ဖြစ်ကြ ပါတယ်။ အဲဒီဓာတ်ပုံထဲက ဆရာဝန်နှစ်ဦး ဘယ်ကိုရောက်သွားတယ်ဆိုတာ သိတဲ့လူနည်းမယ်လို့လည်း ကျမထင်ပါ တယ်။
Thursday, September 24, 2009
Subscribe to:
Posts (Atom)